Rainforests of the sea“

“Rainforests of the sea“
-ပင်လယ်မိုးသစ်တောလို့ တင်စားခေါ်ဝေါ်ကြတဲ့ သန္တာကျောက်တန်းများသည် ကမ္ဘာ့သမုဒ္ဒရာရေပြင်၏ 1% ခန့်သာ ရှိသော်လည်း ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေသတ္တဝါများ၏ 25% ခန့်သည် သန္တာကျောက်တန်း များအပေါ်တွင် မှီခိုနေကြပါသည်။
-သန္တာကျောက်တန်းများတွင် ပင်လယ်ရှိ အပင်နှင့် ရေနေသတ္တဝါများ မှီခိုနေထိုင်နိုင်စေရန်အတွက် ထူးခြားလှပသည့် အသွင်သဏ္ဌာန် များ ဖြစ်တည်လျက်ရှိပါသည်။
-သန္တာကျောက်တန်းများကို ပင်လယ်တွင် ကျက်စားနေသော ငါး ၊ ပုစွန် များ၏ ပင်လယ် ရေနက်ပိုင်းဂေဟာများ ဟုလည်းခေါ်ကြပါသည်။
-သန္တာကျောက်တန်းရှိ အပေါက်ငယ်များ ၊ အခေါင်းငယ်များ ၊ ကျောက်ခက် ကျောက်လက်များ စသည်တို့က ငါးသားပေါက်ငယ်ကလေးများကို သဘာဝအလျောက် ကာကွယ်ထားပေးပြီးသား ပင်ဖြစ်ပါသည်။
-ကျောက်တန်းလေးများကြားတွင် ငါး ၊ ပုစွန်များ ခိုအောင်းနိုင်ပြီး ငါး ပုစွန်များအတွက် အစားအစာကို ပေါများစွာ ထောက်ပံပေးနေသည့် စားကျက်နေရာ တစ်ခုဖြစ်ပါသည်။
-သန္တာကျောက်တန်းလေးများသည် ကမ္ဘာကြီးအတွက် အရေးပါလှသော အရာတစ်ခုဖြစ်ပါသည်။
ပင်လယ်တွင်း၌ ဖြစ်ပေါ်လာသည့် မုန်တိုင်းနှင့် လေလှိုင်းတို့၏ အရှိန်ကို များစွာ လျော့ချပေးနိုင်သည့် ရေအောက်တံတိုင်းကြီးပင် ဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ငွေဆောင်ကမ်းခြေတွင် Coral ( သန္တာကျောက်တန်း ) များကို ခွာယူ ရောင်းချ နေကြသည့် မသမာသူများ ရှိနေသည့်အတွက် သန္တာကျောက်တန်းများ ပြုန်းတီးမှု့ အန္တရာယ်နဲ့ ကြုံတွေ့နေရပါသည်။
ထို့ကြောင့် ရေနေသတ္တဝါနှင့် သဘာဝကြီးကို အထောက်အကူပြုသည့် သန္တာကျောက်တန်းများ ပြုန်းမသွားစေရန် ငွေဆောင်ကမ်းခြေရှိ သန္တာကျောက်ပွင့် ၊ ကျောင်းပန်းခက်လေးများ ကို မဝယ်ခြင်း ၊ မသယ်ဆောင်ခြင်းဖြင့် ကာကွယ်ကြရပါမည်။
✨Rainforests of the sea လို့တင်စားကြတဲ့ သန္တာကျောက်တန်းကလေးများ မပျက်စီးအောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရမည်ပဲ ဖြစ်ပါသည်။✨
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...