မြန်မာနိုင်ငံ လူတော်တော်များများက ?Switzerland မှာ နေချင်တယ် အခြေချချင်ကြတယ်လို့ ပြောကြတယ်။ ?✈️

?စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာတော့
* ဆွစ်ဇာလန်ရဲ့ အဓိက ပျော်ရွှင်ခြင်းဟာ
တိတ်ဆိတ်ခြင်းပဲတဲ့။?
တိတ်ဆိတ်ခြင်းဟာ ပျော်ရွှင်ခြင်း
တိတ်ဆိတ်စွာ ကျေနပ်နေခြင်းဟာ အပျော်ရွှင်ဆုံး * လို့
သူတို့တွေဟာ မှတ်ယူကြတယ်။
? တကယ်တော့ တောတောင်ရေမြေ ရှုခင်းလှရုံနဲ့ နိုင်ငံတစ်နိုင်ငံဟာ အပျော်ရွှင်ဆုံးနိုင်ငံ မဖြစ်လာနိုင်ပါဘူး ။
? ဘယ်လောက်ပဲ လှတဲ့နိုင်ငံ ဖြစ်နေပါစေဦး အဲ့နိုင်ငံမှာ နေထိုင်တဲ့ လူတွေကြောင့်ပဲ အဲ့နိုင်ငံဟာ ပျော်ရွှင်စရာကောင်းတဲ့ နိုင်ငံလား ၊ ပျော်ရွှင်မှု့တွေ ရှားပါးတဲ့ နိုင်ငံလားဆိုတာ အလွယ်တကူ ခွဲခြားနိုင်ဖို့ သိသာစေတာပါ။
?ဆွစ်ဇာလန်ရဲ့ ပျော်ရွှင်ခြင်း သော့ချက်တွေကတော့-
( 1 ) သန့်ရှင်းစွာ နေထိုင်ခြင်း ၊
( 2 ) မိမိကိုယ်ကို လိုတာထက်ပို၍ မကြွားဝါတတ်ခြင်း ၊
( 3 ) ပိုင်ဆိုင်မှုကို ထုတ်မပြတတ်ခြင်း ( အိမ်မှာ သိန်း၄၀တန် ကော်ဖီစက် ရှိနေတာက ပြဿနာမဟုတ်
ဘူး ထုတ်ကြွားနေတာက ပြဿနာပါတဲ့) ၊
( 4 ) အနိုင်ရရှိမှုကို လိုတာထက်ပို မထုတ်ပြခြင်း ၊
( 5 ) စည်းကမ်းကြီးခြင်း
( 6 ) မနာလိုစိတ်မရှိခြင်း ၊
( 7 ) ဘဏ်လုပ်ငန်းဖြင့် ရပ်တည်သော နိုင်ငံဖြစ်သော်လည်း ပိုက်ဆံစကား တော်ရုံတန်ရုံ မပြောတတ်
ကြခြင်း
( 8 ) ဟာသညဏ်မရှိခြင်း ( ဒါကတော့ ထူးဆန်းပါတယ် ထည့်မရေးဖို့ တွေးမိပေမဲ့ ဗဟုသုတအဖြစ် သိထားစေချင်လို့ပါ )
( 9 ) မိမိပျော်ရွှင်နေခြင်းကို မထုတ်ဖော်ပြခြင်း
( 10 ) ရောင့်ရဲကျေနပ်တတ်ကြခြင်း
( 11 ) သဘာဝပတ်ဝန်းကျင်ကို အထူး ချစ်ခင်မြတ်နိုးခြင်း
( 12 ) စကားကိုအတည်ပဲ ပြောတတ်ခြင်း ( နောက်ခြင်း ၊ ပြောင်ခြင်း မရှိပါဘူးတဲ့ )
( 13 ) ဆွစ်ဇာလန် လူမျိုးတွေက မွေးရပ်မြေကို အရမ်းတန်ဖိုးထားပါတယ် ၊
မိမိက ဘယ်ဇာတိကပါလို့ ထုတ်ပြောပြီး အမြဲဂုဏ်တတ်ကြတယ်။
( 14 ) ကိုယ့်အသက်ကိုယ် အဆုံးစီရင်ခြင်းကို တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံဖြစ်ခြင်း။
?Switzerland က အပျော်ရွှင်ဆုံး နိုင်ငံတွေထဲမှာ ထိပ်တန်းကနေ ရပ်တည်နိုင်တာဟာလည်း အဲ့ကလူတွေကြောင့် ၇၀% လောက်ဖြစ်မှာပါ။ ဒါပေမယ့် တစ်ကယ်က သူတို့က ပျော်နေကြတယ် ဆိုတာထက် တိတ်ဆိတ်စွာ ကျေနပ်နေကြတာပါ။ တည်ငြိမ်နေတဲ့ စိတ်ကလေးမှာပဲ ပျော်ရွှင်မှုဟာ ဖြစ်တည်နိုင်ပါတယ် ။ စိတ်ပျော်နေတဲ့လူက အလုပ်ပိုလုပ်နိုင်တာမို့ အလုပ်လည်း ပိုကောင်းကောင်း လုပ်နိုင်ကြပါတယ်။
မိတ်ဆွေတို့က ?Switzerland သွားနေဖို့ စိတ်ကူးလေးတွေရှိတယ် အိပ်မက်တွေက စျေးကြီးတယ် တွေးမိနေတယ်ဆိုရင်တော့
✨မြန်မာနိုင်ငံရဲ့ ?switzerlandလို့ တင်စားရတဲ့ ကလောမြို့လေးမှာ ခြံလေးဝယ်ပြီး လှပတဲ့ အိမ်လေးတစ်လုံးဆောက်ကာ အိပ်မက်တွေကို အကောင်ထည် ဖော်လိုက်ပါ။
#yuzanarland #yuzanarlandrealestate #propertymarket #kalaw #invest
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...