⚠️ ဟောလိဝုဒ်မင်းသမီး Raquel Welch ကွယ်လွန် ?

?အမေရိကန်နာမည်ကျော် မော်ဒယ် နဲ့ ရုပ်ရှင်မင်းသမီးကြီး Raquel Welch ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း သူ့ရဲ့ကိုယ်စားလှယ်က သတင်း ထုတ်ပြန်လိုက်ပါတယ်။ ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ပြီးနောက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
? ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ Raquel Welch ဟာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဟောလီးဝုဒ်ရဲ့ ညှို့ငင်အားကောင်းသူအဖြစ် နိုင်ငံတကာမှာ ထင်ရှားကျော်ကြားခဲ့သူပါ။
? ၁၉၆၆ ခုနှစ်က One Million Years BC. ရုပ်ရှင်မှာ ဘီကီနီ ရေကူးဝတ်စုံဝတ်ပြီး ဂူအောင်း အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့တာကို လူအများက မှတ်မိနေကြပြီး ၁၉၇၄ ခုနှစ်မှာ သူရဲကောင်း ၃ ယောက် (The Three Musketeers) ရုပ်ရှင်ကားနဲ့လည်း ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ပါတယ်။
သူဟာ သရုပ်ဆောင်အပြင် အဆို နဲ့ အက ပိုင်းမှာလည်း ကျွမ်းကျင်ခဲ့ပြီး အနုပညာအကဲဖြတ်တွေကို အံ့အားသင့်စေခဲ့သူလည်း ဖြစ်ပါတယ်။
? ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ပြီး သူ့ရဲ့ပုံရိပ်ကို မီဒီယာမျိုးစုံက ဖော်ပြခဲ့သလို နာမည်ကျော် အော်စကာဆုရ The Shawshank Redemption ရုပ်ရှင်ရဲ့ အထွဋ်အထိပ် ဇာတ်ဝင်ခန်းတခုမှာလည်း သူ့ပိုစတာပုံရိပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။
အိမ်ထောင် ၄ ဆက်ရှိခဲ့တဲ့ Raquel Welch ဟာ သားသမီး ၂ ယောက်ထွန်းကားခဲ့ပြီး သမီးဖြစ်သူ Tahnee Welch ကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ?
#restinpeace #hollywood #RaquelWelch #actresses
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...