အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံတဲ့သူတိုင်း ဘီလျံနာမဟုတ်ပေမဲ့ ဘီလျံနာ ဖြစ်လာတဲ့သူတိုင်းကတော့ အိမ် ခြံ မြေကို ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်.....?

အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံတဲ့ သူတိုင်း ဘီလျံနာမဟုတ်ပေမဲ့
ဘီလျံနာဖြစ်လာတဲ့သူတိုင်းကတော့ အိမ် ခြံ မြေကို ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်.....
၁၀၀ ရင်းပြီး ၁၀၀ အမြတ် ပြန်ရတာကလဲ အိမ် ခြံ မြေ လုပ်ငန်းပဲ ဖြစ်တာမို့ စီးပွားရေးလုပ်ငန်းရှင်တို့ မဖြစ်မနေ လုပ်ကိုင်ကြတဲ့ ပထမခြေလှမ်း
first step လို့ ပြောလို့ရပါတယ် ။
အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံမှု့အတွက် အကောင်းဆုံး မြို့လေး တွေကတော့ -
( 1 ) Yangon
မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ လူနေထူထပ်ပြီး လုပ်ငန်းကိုင်ငန်းတွေလဲ ပေါများတာမို့ တိုက်ခန်း ၊ လုံးချင်း ၊ condo အားလုံးဟာ အရောင်းသွက် အဝယ်သွက်ပြီး ရင်းနှီးမြှုပ်နှံဖို့ အတွက် အထူး အထူး သင့်တော်ပါတယ်။
( 2 ) Mandalay
မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုမှာ ရှိပြီးတော့ လူဦးရေ အသင့်အတင့် ထူထပ်များပြားကာ ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးမင်းနေပြည်တော်လဲ ဖြစ်တာမို့ စီးပွားရေးလဲကောင်းပြီး အရောင်းမအေး ၊ အဝယ်မနှေးကာ ထားကောင်းရောင်းစွံ နေရာတွေ ပေါပါတယ်။ဒုတိယ စီးပွားရေးမြို့လို့ ဆိုရလောက်အောင် ကုန်သွယ်စီးဆင်းမှု့ အလွန်ကောင်းပြီး အိမ် ခြံ မြေ စျေးကွက်ကလဲ top 10 စာရင်းမှာရှိနေပါတယ် ။
(3) Kalaw
တောင်ပေါ်စခန်းမြို့လေးဖြစ်ပြီး ပတ်ဝန်းကျင် ရာသီဥတု တောတောင်အနေထားတွေကလဲ အရမ်းလှတာမို့ ကလောကို အလည်လာတဲ့ ဧည့်သည်တွေ ကပါ အိမ်လေးဆောက်ပြီး အပန်းဖြေနားနေဖို့ အတွက် အိမ် ခြံ မြေ တွေ ဝယ်ယူကြတဲ့ အပြင် ဟိုတယ်နှင့် ခရီးသွားမြို့ဖြစ်တာနဲ့အညီ ဟိုတယ်လုပ်ငန်း ၊ Stay home အစရှိတာတွေ လုပ်ကိုင်ရန် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် သူဌေးများ အလွန်ကို မျက်စိကျတဲ့ မြို့လေးဖြစ်တာမို့
အမြတ်များများရတဲ့ ဒဏ်ကိုခံနိူင်မှ Kalaw မှာ အိမ် ခြံ မြေ ရင်းနှီမြုပ်နှံမှု့လုပ်ဖို့ အကြံပေးပါရစေ။
(4) Pyin Oo Lwin
ကလောလိုပဲ တောင်ပေါ်စခန်းမြို့လေးဖြစ်ပြီး ခရီးသွားတွေနဲ့ ၁၂ရာသီ စည်ကားနေတာမို့ အိမ် ခြံ မြေတွေကလဲ အရောင်းအဝယ် အလွန်ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု့အတွက် အထူးကို သင့်တော်ပါတယ် ။ ရာသီဥတု သာယာလွန်းပြီး ရပ်ဝေး ရပ်နီးဧည့်သည်အများစု သဘောကျကြပြီး second home အဖြစ်ထားရန်ပါ ခြံ တွေဝယ်ယူ တတ်ကြတာမို့ ရင်းနှီးမြုပ်နှံဖို့တွက်ဆို ပြင်ဦးလွင်ကို မေ့ထားလို့ မရပါဘူး ။
(5) Nay Pyi taw
မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး လက်ရှိမှာ အိမ် ခြံ မြေ စျေးတွေကလဲ အရမ်းမကြီးသေးတာကြောင့် ရင်းနှီးမြုပ်နှံမှု စတင်လုပ်ဆောင်ဖို့ အကောင်းဆုံး မြို့ပဲ ဖြစ်ပါတယ် ။ ပိုင်ဆိုင်မှု့ခိုင်မာတဲ့ ဂရမ်မြေတွေချည်း ဖြစ်တာကြောင့် အရှုပ်အရှင်းဘာညာ စိတ်ပူစရာမလိုပါဘူး ၊ နောင်တစ်ချိန် စျေးတွေတက်မှာ သေချာနေတဲ့ မြို့လေးဖြစ်တာမို့ အခုချိန် နှစ်ကွက်လောက်ဝယ်ပြီး နောက်သုံးနှစ်လောက်မှ ရောင်းမယ်ဆိုရင်တောင် အနည်းဆုံး ဝယ်စျေးထက် 5ဆ လောက် အမြတ်ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိမ် ခြံ မြေ ရင်းနှီးမြှုပ်နှံခြင်းဟာ ဘယ်အရပ် ဘယ်ဒေသကို ရောက်ရောက် ငွေရှိတာနဲ့ အလွယ်တကူ လုပ်ကိုင်လို့ရပြီး လက်ဖျားငွေသီးနိုင်ဖို့ အမြန်ဆုံး နည်းလမ်းဖြစ်တာကြောင့် ဦးစားပေး လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။
ငွေလက်နဲ့ ရွှေခွက်နှိုက်မဲ့ သူဌေးမင်းများလဲ အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံမှု့လေးတွေ လုပ်တော့မယ်ဆိုရင်တော့ မြန်မာတစ်နိုင်ငံလူံးက အိမ် ခြံ မြေ တွေကို စိတ်တိုင်းကျ အလွယ်တကူ ရွေးချယ် ဝယ်ယူနိုင်ရန် အခုပဲ အသုံးပြုလိုက်ပါ ။
Contact for more details...
09 8800 32466
09 8800 31082
09 98 28800 38
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...