ရွေလျားပစ္စည်းမဟုတ်တဲ့ အိမ် ၊ ခြံ ၊ မြေ တွေမှာ ကျွန်တော်တို့ ဘာလို့ ရင်းနှီးမြုပ်နှံသင့်တာလဲ…??

17-Mar-23 Knowledge
ရွေလျားပစ္စည်းမဟုတ်တဲ့ အိမ် ၊ ခြံ ၊ မြေ တွေမှာ ကျွန်တော်တို့ ဘာလို့ ရင်းနှီးမြုပ်နှံသင့်တာလဲ…??

ရွေလျားပစ္စည်းမဟုတ်တဲ့ အိမ် ၊ ခြံ ၊ မြေ တွေမှာ ကျွန်တော်တို့ ဘာလို့ ရင်းနှီးမြုပ်နှံသင့်တာလဲ…??
လူတိုင်းလိုလို ငွေရေး ကြေးရေးတွေ ရှာဖွေရခက်ခဲပြီး တဖြည်းဖြည်း စီးပွားရေးလုပ်လို့ မကောင်းတော့တဲ့ ခေတ်ကြီးမှာ ကိုယ့်စီးပွားရေး တိုးတက်အောင် ပြုလုပ်နိုင်တဲ့ နယ်ပယ်ကလဲ ကျဉ်းမြောင်းလာပါပြီ။??
တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆုတ်ယုတ်ပျက်ပြားလာတဲ့ စီးပွားရေး စျေးကွက်ကြောင့် မိမိစုဆောင်းထားတဲ့ ငွေလေးကို အသုံးပြုပြီး အဝတ်စားဆိုင် စားသောက်ဆိုင် စတာတွေ ဖွင့်ဖို့ကလဲ အရင်ကတည်းက ဖွင့်ထားတဲ့ ဆိုင်တွေတောင် အရောင်းပါး အဝယ်ပါးတဲ့ခေတ်ဖြစ်နေပြန်။
  ဒါဆိုရင် ယခုလို ငွေကြေးတန်ဖိုး ကျဆင်းနေတဲ့အခြေနေမှာ မိမိစုဆောင်းထားတဲ့ ငွေလေးတွေကို အလိုလျောက် တိုးပွားအောင် ဘယ်လိုလုပ်နိုင်မလဲ။?
ပရိတ်သတ် အယောက်တစ်ရာရဲ့အဖြေ...........…က?
အိမ် ၊ ခြံ ၊ မြေ နယ်ပယ်မှာ ရင်းနှီးမြုပ်နှံခြင်းပဲ ဖြစ်ပါတယ်။??
အောင်မြင်တဲ့ စီးပွားရေးသမားတိုင်း အိမ် ခြံ မြေလုပ်ငန်းမှာ စွန့်စားတယ် မဆိုလိုပါဘူး ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းကတော့ အိမ် ၊ ခြံ ၊ မြေ မှာ အနည်းဆုံး တစ်ခေါက်တစ်ခါ တော့ ရင်းနှီးမြုပ်နှံခြင်း လုပ်ခဲ့ကြတာချည်းပါပဲ ။ ကမ္ဘာကျော်ပုဂ္ဂိုလ် ဒေါ်နယ်ထရန့် တောင် သူ့ စီးပွားရေးအစမှာ realestate လုပ်ငန်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ ?‍?
အိမ် ခြံ မြေမှာ ရင်းနှီးမြုပ်နှံခြင်းကနေ ဘယ်လို ထူးခြားတဲ့ အကျိုးမြတ်တွေ ရရှိနိုင်မလဲ ..…??‍?


( 1 ) သက်တောင့်သက်သာဖြင့် အမြတ်များများ ရရှိနိုင်ခြင်း 
      အိမ် ၊ ခြံ ၊ မြေမှာ ရင်းနှီးမြုပ်နှံခြင်းက စိတ်ရောကိုယ်ပါ ပင်ပန်းခြင်းမရှိပဲ သင့်ဝင်ငွေကို smart ကျကျ တိုးတက်ပွားများအောင် လုပ်ပေးနိုင်ပါတယ်။ အိမ် ၊ ခြံ ၊ မြေ စျေးတက်လာတာနဲ့အမျှ မိမိက ဘာမှ ထွေထွေထူးထူး လိုက်လုပ်စရာမလို ခေါင်းခြောက်ခံစရာမလို ပဲ သင့် အိမ် ၊ ခြံ ၊ မြေ တန်ဖိုးကလဲ အချိန်နဲ့အမျှ မြင့်တက်လာမှာပါ။မိမိ အချိန်ပေးရင် ပေးနိုင်သလောက် များပြားတဲ့အမြတ်ကို ရရှိနိုင်မှာဖြစ်ပြီး တစ်နှစ် နှစ်နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာတင် အရင်းနဲ့ထပ်တူကျတဲ့ အမြတ်ကိုပါ ရရှိနိုင်ပါတယ် ။?


( 2 ) မိမိအတွက် တိကျခိုင်မာပြီး အကျိုးမြတ်ရဖို့ သေချာတဲ့ ရင်းနှီးမြုပ်နှံမှု့ဖြစ်ခြင်း 
      ငွေတွေ အသေမထားချင်ဘူး ဆိုပြီး မိမိ အသိမိတ်ဆွေလုပ်ငန်းထဲကို  share ထည့်တာ ၊ ငွေတိုးချလိုက်တာ ကမှ သူတို့စီးပွားရေး အရှုံးပေါ်မလား ငါ့ချေးထားတာတွေ ပြန်ရပါ့မလားဆိုပြီး ပူပန်သောကများ နေရဦးမှာပါ။ပိုင်ဆိုင်မှု့ခိုင်မာတဲ့ အိမ် ၊ ခြံ ၊ မြေ ဝယ်ထားမယ်ဆိုရင်တော့ သင်အိပ်နေရင်တောင် သင့်အမြတ်တွေက တိုးပွားနေမှာ ပါမှာပဲ ဖြစ်ပါတယ်။?‍♂️?‍♀️


( 3 ) မိမိအိမ် ၊ ခြံ ၊ မြေ မှ အပိုဝင်ငွေ အလွယ်တကူ ရရှိနိုင်ခြင်း 
       စျေးကျတယ် ဆိုတာမရှိတဲ့ အိမ် ခြံ မြေကိုဝယ်ပြီး ဥထားရင် အချိန်တစ်ခု ရောက်တဲ့အခါ စျေးကောင်းရမဲ့ အပြင် ကိုယ်က မနေဖြစ်လို့ ငှားစားမယ်ဆိုရင်လဲ နေရင်းထိုင်ရင်း လစဉ်လတိုင်း ဝင်ငွေက အလိုလျောက်ရရှိနေမှာပဲ ဖြစ်ပါတယ်။ငှားလို့ရတဲ့ ငွေပိုလေးတွေကိုလဲ စိတ်ဆန္ဒရှိရင် အဆင်ပြေမဲ့ တစ်ခြားတစ်ဖက်မှာ ပြန်ပြီး ရင်းနှီးမှု့ ပြုလို့ ရပါသေးတယ်။??


( 4 ) အိမ်ပိုင်ရှင်မှ စီးပွားရေးလုပ်ငန်းရှင် အဖြစ်သို့ .....
         စီးပွားရှာ တော်တဲ့သူတိုင်းက မိမိဝင်ငွေကို တစ်နေရာထဲမှာ မရပ်တန့်ကြပါဘူး ။ဒါကြောင့်မို့ ကိုယ်က ပထမဆုံးရင်းနှီးတဲ့ အိမ် လေးကို မိမိစိတ်ကြိုက် စျေးမရမခြင်း ပြန်မထုတ်ခင်ထိ အငှားကို နှစ်ချုပ်နဲ့ထားမယ် အဲ့ဒီကရလာတဲ့ငွေကို တစ်နေရာမှာ ပြန်ရင်း ပြန်ရင်းလို့ ရလာတဲ့အမြတ်တွေစုပြီး အိမ် ၊ ခြံ ၊ မြေထပ်ဝယ်မယ်ဆို သင့်က အချိန်တိုအတွင်း ပိုင်ဆိုင်မှု့အိမ်ယာ နှစ်လုံးဖြစ်သွားမှာပါ။ထိုအချိန် ပထမက သင်ဝယ်ထားတဲ့ နေရာလေးကို ပြန်ရောင်းရင် သင်က သန်းချီတဲ့ အမြတ်ကို ရနေပါပြီ။ဒုတိယ နေရာကိုလဲ ထပ်အငှားချပြီး ပုံမှန်ဝင်ငွေ ရရှိနေပါပြီ။ How smart.......??


( 5 ) မိမိမျိုးဆက်အတွက်ပါ ပျော်ရွှင်မှု့ကိုပေးနိုင်ခြင်း 
       အပေါ်က အချက်တွေအတိုင်း လုပ်ဆောင်မယ်ဆိုရင် သင်က သင့်ရဲ့အနာဂတ်မှာ မြေယာပိုင်ရှင် သန်းကြွယ်သူ​ေဋ္ဌးကြီး ဖြစ်လာမှာပါ ဒါဆိုရင် မိမိမျိုးဆက် မိမိသားသမီးတွေရဲ့ အနာဂတ်လဲ ပိုပြီး အဆင့်တန်း မြင့်မြင့်နေနိုင်ပြီး ဝတ္တရားရှိတဲ့ အမွေပေးဖို့ ကိစ္စအတွက်လဲ ခေါင်းကိုက်စရာ မလိုတော့ဘူးပေါ့ ။မွေခံထိုက်တဲ့သား ၊ သမီးတွေကလဲ ပြန်ပြီး သူတို့အနာဂတ်အတွက် စိတ်ပူစရာ မရှိနိုင်တော့ပါဘူး။??‍?‍?‍?
          မြေကြီးကနေ ရွှေသီးလာမဲ့ နည်းလမ်းကို သိပြီးပြီဆိုတော့ ကိုယ်တိုင် အသုံးချဖို့ အခွင့်ရေးက မိမိလက်ထဲမှာပဲ ရှိပါတယ်။ အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံမှု့ဆိုတဲ့ နံရံကို စီးပွားရေးဆိုတဲ့ ဘောလုံးနဲ့ပစ်ပေါက်ရင် အကျိုးမြတ်ဆိုတဲ့ တန်ပြန်သက်ရောက်မှု့တွေက သင့်နားကို တန်းတန်းမတ်မတ် ပြန်လည်ရောက်ရှိလာမှာမို့ အိမ် ၊ ခြံ ၊ မြေ ရင်းနှီးမြုပ်နှံမှု့လုပ်တော့မယ်ဆို မြန်မာနိုင်ငံအနှံ့အပြားက အိမ် ခြံ မြေပေါင်း (48000)ကျော်ရှိပြီး မြန်မာ့အကောင်းဆုံး အိမ် ခြံ မြေ ရောင်း ဝယ် ငှား website ဖြစ်တဲ့  www.yuzanarland.com ကို သတိရလိုက်ပါ။?‍♀️??‍♂️

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!