? (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကြိုဆိုရေးသားသည် ?

? (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကြိုဆိုရေးသားသည် ?
⚡️မြန်မာနိုင်ငံသည် 1886 ဇန်နဝါရီလ(1)ရက်နေ့တွင် အင်္ဂလိပ်တို့၏ အတိအလင်း နယ်ချဲ့ကျူးကျော်ခြင်းကို ခံခဲ့ရပြီး မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရားစုဖုရားလတ်တို့ကို အန္ဒိယနိုင်ငံ ရတနာဂီရီ သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။
?ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ရဲ့ ကျွန်ပြုခြင်းကို 62 နှစ် တိုင်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒဏ်ကို ရက်ရက်စက်စက် ခံစားခဲ့ကြရပြီး ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ရောက်မှသာလျှင် စစ်မှန်သော လွတ်လပ်ရေးကို ရရှိခဲ့သည်။
⚡️နယ်ချဲ့တိုင်းတစ်ပါးသား လူဖြူတို့၏ စိုးမိုးချုပ်ကိုင်မှု့အောက်မှ လွတ်မြောက်လာခဲ့သောနေ့ကို လွတ်လပ်ရေးနေ့ ဟူ၍ သတ်မှတ်ခဲ့သည်။
?ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် ၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် ၊ တနင်္ဂနွေနေ့သည် မြန်မာနိုင်ငံ၏ လုံးဝလွတ်လပ်သော အချုပ်ချာအာဏာပိုင် ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ်သို့ အတိလင်းရောက်ရှိသော နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်လေသည်။
⚡️ထိုနေ့ရက်လေးသည် မြန်မာနိုင်ငံဖွား ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် တန်ဖိုးအရှိဆုံး ရက်လေးဖြစ်တာနဲ့အညီ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။
?ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ် ၊ ပြာသိုလဆုတ် ( ၉ )ရက် ၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။
⚡️ကျွန်ုပ်တို့ ယနေ့ခေတ် မြန်မာနိုင်ငံသားများသည် ဗိုလ်ချုပ်အောင်ဆန်းအပါဝင် မိမိတို့၏ ဘိုးဘေးများ အသက်သွေး ချွေးများကို ရင်းကာ အရယူပေးခဲ့သော လွတ်လပ်ရေးဟူသော အရာကို တန်ဖိုးထားရကောင်းမှန်း မေ့လျော့မှန်းမသိ မေ့လျော့နေကြသည် ။
?နယ်ချဲ့ မျက်နှာဖြူ အင်္ဂလိပ်တို့သည် ကျွန်ုပ်တို့၏ မြန်မာနိုင်ငံအောက်ပိုင်းကို နှစ်ပေါင်း (100) ကျော် မြန်မာနိုင်ငံ အထက်ပိုင်းကို နှစ်ပေါင်း (60)ကျော် ကြာအောင် ကျွန်ပြုခဲ့ကြပါတယ်။
⚡️မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်ပါတာနှင့် အညီ လွတ်လပ်ရေးနေ့ကို မေ့လျော့ ခြင်းမရှိကြစေရန် ၊ အမြဲသတိရကြစေရန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းက လွတ်လပ်ရေး ကျောက်တိုင် များ ဘောလုံးကွင်များတွင် အားကစားပြိုင်ပွဲများ ပြေး ခုန်ပစ် ပြိုင်ပွဲများကို နှစ်စဉ် နှစ်တိုင်း ကျင်းပလျက်ရှိသည်။
? နိုင်ငံတော်အစိုးရကလဲ လည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာ ထမ်းဆောင်သူတို့အား ထိုနေ့တွင် ဘွဲ့ထူး ဂုဏ်ထူး နှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေသည်။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...