အနာဂတ်မှာ ပူပင်သောက ကင်းရမဲ့ ပိုင်ဆိုင်မှု့ အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ စဉ်းစားနေပြီလား……….?

အနာဂတ်မှာ ပူပင်သောက ကင်းရမဲ့ ပိုင်ဆိုင်မှု့အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ စဉ်းစားနေပြီလား……….?
မြန်မာနိုင်ငံမှာရှိတဲ့ အလှပဆုံးသော မြို့လေးတွေမှ အိမ် ခြံ မြေ အရောင်း လေးတွေကို လူကြီးမင်းတို့ရဲ့ ဆိုဖာ ပေါ်မှာ ဇိမ်နဲ့ထိုင်ပြီး အချိန်ကုန် လူပင်ပန်းသက်သာစွာ ကြည်ရှူ့လိုပါသလားရှင့်………
ဖြူ ၊ နီ ၊ ပြာ ၊ ဝါ ရောင်စုံ ခြယ်တဲ့ ပန်းခင်းကြီးရောက်သွားတဲ့ vibe လေးလို ခံစားရစေမဲ့ Yuzanar land ရဲ့ ပန်းမျိုးစုံ တဲံ့Prperties ပန်းခင်းကြီးဟာ အနာဂတ်ရဲ့ အိမ် ခြံ မြေ ပိုင်ရှင်ဥယျာဉ်မှူးလေးတွေရဲ့ ခူးဆွတ်ယုယခြင်းကို ခံဖို့ အသင့်ရှိနေပါပြီ…….
အခုလိုမြေ က ရွှေထက် အဖိုးတန်နေတဲ့ခေတ်ကြီးမှာ အိမ် ခြံ မြေဝယ်ဖို့ အတွက် အကြာကြီး အချိန်ယူ စဉ်းစားနေရင်တော့ နောက်ပိုင်းကျရင် လူကြီးမင်းတို့အတွက် မမှီတဲ့ ပန်းကို တုံးခု လှမ်းရမဲ့ အခြေနေတွေ ဖြစ်ကုန်တတ်တယ်ဆိုတာ အိမ် ခြံ မြေလောကကို ဆယ်စုနှစ် တစ်ခုထိ လုပ်လာတဲ့ အတွေ့ ကြုံများကို အခြေပြုပြီး ကြိုတင်သတိပေးပါရစေ။
အခုလိုချိန်က မိမိတတ်နိုင်တဲ့ ပမာဏနဲ့ကိုက်ညီမဲ့ ထားကောင်းရောင်းစွံ့ အိမ် ခြံ မြေလေးတွေကို တတ်နိုင်သလောက် ဝယ်ထားလေ အနာဂတ်မှာ ခုထက်ပိုချမ်းသာလေ ဖြစ်မယ်ဆိုတာ ပြေးကြည့်စရာမလို တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။
ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို အိမ် ခြံ မြေ အရောင်းဝယ်မလုပ်ခင် ကြိုတင်လေ့လာ ကြိုတင်သိရှိ သင့်တဲ့ သိမှတ်ဖွယ်ရာ ဥပဒေ ရေးရာ အဖြာဖြာကိုလည်း အပင်ပန်းခံပြီး ရှေ့နေနား သွားမေးရတာတို့ လိုင်းပေါ်မှာ ခက်ခက်ခဲခဲ ရှာဖွေတာတို့ လုပ်စရာမလိုဘဲ ညီမတို့ရဲ့ yuzanar land မှာ နာမည်ရ ရှေ့နေကြီးတွေ ကိုယ်တိုင် သေချာပြောပြ ရှင်းပြပေးထားတဲ့ အိမ် ခြံ မြေနဲ့ ပတ်သက်ဆက်နွယ်နေသော ဥပဒေရေးရာတွေကိုလည်း တစ်နေရာထဲမှာ အလွယ်တစ်ကူ လေ့လာလို့ ရနေပါပြီရှင့်။
လူကြီး ၊ လူငယ် ၊ ကျား ၊ မ မရွေး အလွယ်တကူ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ အတွက် အရိုးရှင်းဆုံးဆိုတဲ့ နည်းလမ်းလေးတွေကိုသာ အသုံးပြုပြီး ဖန်တီးထားတဲ့အပြင် Usage Guide လေးပါ ထည့်သွင်းပေးထားသေးတယ်ဆိုတော့ yuzanar land family ဟာ customer care ဘယ်လောက်တောင် ရှိမလဲဆိုတာ ပြောမယုံကြုံဖူးမှ သိမယ်နော်။
ပြီးတော့ Yuzanar Land applicationနဲ့ website လေးသာ သင့်Phone လေးထဲမှာ ရှိနေပြီဆိုရင် တစ်နိုင်ငံလုံးက အလှပဆုံးသော အိမ် ခြံ မြေတွေကို လွယ်လွယ်လေး အိတ်ထဲကောက်ထည့်လို့ရမဲ့ Master Keyတစ်ချောင်းကို ပိုင်ဆိုင်ထားသလို ခံစားနိုင်မှာ မြေကြီးလက်ခက် မလွဲပါဘဲရှင့်…။
ဘယ်နေရာရဲ့ အိမ် ခြံ မြေ ပေါက်စျေး ဘယ်လိုရှိတယ်ဆိုတာလဲ အချိန်နဲ့ တစ်ပြေးညီ အလွယ်တကူ သိရှိနိုင်ဦးမှာဆိုတော့ ကဲဘာလိုသေးလဲ Yuzanar land ကို အသုံးပြုပြီး ရရှိလာမဲ့ လူကြီးမင်းရဲ့ အခွင့်ရေးက လူကြီးမင်းအပေါ်မှာပဲ မူတည်နေပါပြီနော်….။……..
………..ယူဇနာမြေဟာ သင့်အတွက်ပါ……………..
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...