ရှာပုံတော်မင်းသားကြီးကရေတွေစိုလို့ လိပ်စာပျက်တာ✉️💦 ကျွန်တော်ကတော့.........

14-Mar-23
ရှာပုံတော်မင်းသားကြီးကရေတွေစိုလို့ လိပ်စာပျက်တာ✉️💦  ကျွန်တော်ကတော့.........

ဟုတ်ကဲ့ အကိုမဂ်လာပါရှင် ထိုင်ပါဦးရှင့် ဘာများကူညီဆောင်ရွက်ပေးရမလဲရှင်💁‍♀️


 

ဟုတ်ညီမလေးဒီလို အကိုကအကျိုးဆောင်လုပ်တာ အဲ့ဒါညီမလေးတို့Yuzanarland application က အကိုတို့အကျိုးဆောင်တွေကြားမှာ ခေတ်စားနေတာ အကိုလဲ အက်တာလေးစမ်းပြီးသုံးချင်လို့လေ အစကတော့ဖုန်းပဲဆက်ပြီးမေးမလိုပဲ ဘယ်လိုသုံးရလဲဘာညာ ဒါမဲ့အကိုလဲ ကလောလာလည်တုန်း လေးကြုံတုန်း ရုံးပဲတစ်ခါတည်းလာခဲ့လိုက်တာ။💁‍♂️


 

ဟုတ်ကဲ့အကို အချိန်မရွေးလာလည်လို့ရပါတယ်ရှင့်။


 

ညီမလေးတို့accountဘာညာရောဖွင့်ပေးတယ်မလား။


 

ဟုတ်ကဲ့အကိုဖွင့်ပေးပါတယ်ရှင့် ဒါဆိုအကို့ကိုaccountဖွင့်နည်းလေးရောတစ်ခြားအသုံးပြုပုံလေးတွေရောသေချာရှင်းပြပေမဲ့ marketing က အမကိုသွားခေါ်ခဲ့ပေးမယ်နော်အကို ခနထိုင်စောင့်ပေးပါဦးရှင့် မုန့်လေးတွေလဲသုံးဆောင်ပါဦး။


 

ဟုတ်..ရတယ်ဗျ။


 

ဟော..ဧည့်ခန်းထဲကိုအစောကကောင်မလေးနဲ့အတူ ကောင်မလေးတစ်ယောက်လာနေပြီ..မျက်မှန်လေးဝတ်ထားပြီး လမ်းလျှောက်တာလေးကလဲ ကြွကြွရွရွနဲ့ တဂယ့်အကြည်ဓာတ်လေးပါဗျာ..။


 

အကိုမဂ်လာပါရှင့်..။


 

ဟုတ်ညီမလေး (အသံလေးကလဲ ချစ်စရာလေးဗျာ ထူးဖို့တောင်မေ့နေတယ် ဟိဟိ🤭)။


 

📍 ဟုတ်အကိုကaccountလေးဖွင့်ပြီးအသုံးပြုချင်တာနော်အကို။

ဟုတ်တယ်ညီမလေး ​ညီမလေးတို့applicationကခေတ်စားနေတော့လေ ပြီးတော့packageလေးတွေလဲစျေးသက်သာတယ်ပြောကြလို့ ကျွန်တော်လဲသုံးကြည့်ချင်လို့။ဟုတ်အကိုရပါတယ်ရှင့် ဒါဆိုညီမအခုပဲaccountလေးဖွင့်ပေးလိုက်မယ်နော် 💁‍♀️။


 

🔖 ညီမတို့appမှာ အကျိုးဆောင်တိုင်းတစ်လကို ၁၀ ပိုစ့်ထိအခမဲ့တင်လို့ရတယ်အကို packageလေးတွေကျတော့


 

(1)basic package

(2)One star

(3)Two star

(4) Three star

(5) Four star

(6) Five star ဆိုပြီး ၆မျိုးရှိပါတယ် ရှင့်။


 

📍📍 တစ်မျိုးနဲ့တစ်မျိုးဝန်ဆောင်မှု့လေးတွေစျေးလေးတွေကလဲမတူသလို ရရှိနိုင်မဲ့အကျိုးရလာဒ်လေးတွေကလဲမတူဘူးပေါ့.. ဟုတ်။အကိုတို့လိုစပြီးအသုံးပြုတဲ့သူတွေကကျ basicလေးနဲ့ one starလေးကို စပြီးယူကြည့်ကြတာများတယ်ရှင့်။

Basic package လေးရဲ့တန်ဖိုးက ကျတော့ 25000 ပဲကျတာအကို သူထဲမှာဆိုရင် ရိုးရိုးကြော်ငြာလေးက 30 အထူးကြော်ငြာလေးက 4ခု ပါတယ်ရှင့်။ ဒီapplicationလေးမှာကျသူကပိုစ့်တင်ရင်းနဲ့တစ်ခါတည်း Google map လေးနဲ့ Youtube video လေးလဲထည့်လို့ရတယ်ရှင့်။ပြီးတော့သူက တစ်ပိုစ့်ထဲမှာ ပုံ၂၀ ထိတင်လို့ရတော့ Photo content နဲ့တင်တဲ့သူဆို အလုံး ၂၀ ကိုတစ်ပိုစ့်ထဲမှာ တင်နိုင်တာပေါ့ရှင့်။


 

ဒါဆိုအဆင်ပြေသားပဲ....အကိုကအခုဖွင့်ဖွင့်ခြင်းဆိုတော့ point က ၁၀ခုရမှာပေါ့ဟုတ်လား။


 

ဟုတ်အကို။


 

ဒါဆိုအကိုအခုလောလောဆယ်1starယူမယ်ဆိုရင်ရောညီမလေး... 🤔?


 

📍📍 1starမှာကျရိုးရိုးကြော်ငြာက ၆၀ အထူးကြော်ငြာက ၈ခုရမှာရှင့် ပုံမှန်စျေးလေးက 50000ရှင့်

အကိုအခုချိန်ဝယ်ယူမယ်ဆိုရင်တော့ visiting card 100လဲ လက်ဆောင်ရဦးမှာအကို။


 

မိုက်တာပေါ့... ဒါဆိုအကို 1starလေးပဲယူလိုက်မယ်လေညီမ။


 

ဟုတ်ကဲ့အကို ဒါဆိုညီမအခုပဲဘောင်ချာလေးဆွဲပေးလိုက်မယ်နော်။ဟုတ်ညီမ ခုလိုသေချာလေးရှင်းပြပေးတဲ့အတွက်ကျေးဇူးပါဗျ အရောင်းဝယ်ဖြစ်အောင်လည်းကျိုးစားပေးပါဦးဗျ🤍🤍။


 

ဒီလိုနဲ့နှုတ်ဆက်ပြီးကျွန်တော်လဲ မွေးရပ်မြေကိုပြန်ခဲ့ပြီး အလုပ်တွေစလုပ်တော့တာပဲ

ဒီလိုနဲ့ အခက်ခဲဖြစ်နေတဲ့ ကျွန်တော့သူငယ်ချင်းအကျိုးဆောင်တွေကိုလဲ သူတို့ companyနဲ့အလုပ်တွဲလုပ်ရတာအဆင်ပြေကြောင်း ပြောပြပေးပြီး ရှင်းပြတာလဲ စိတ်ရှည်လောကကြီးကိုလဲ ဘောင်ခတ်ပြီး ကြည့်တက်တဲ့ မျက်မှန်နဲ့ကောင်မလေးအကြောင်းကိုလဲကြွားလိုက်သေးတာ👓😇 ။

သူတို့ကလဲ ကလောဖက် trip သွားဖို့ရှိတယ်တဲ့လေ ကျွန်တော်လဲ ရုံးကိုလိုက်ပို့မယ်ဆိုပြီး လိုက်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့(အဓိက ကတော့မျက်မှန်နဲ့ကောင်မလေးကို ထပ်တွေ့ချင်လို့ ဒီတစ်ခါတွေ့ရင်တော့ သူ့နာမည်လဲမေးမယ် accountလေးလဲတောင်းခဲ့မယ် ဟီး🙊)


 

🍃🍃 ဘာလိုလိုနဲ့မနက်ဖြန်ဆိုရင်တောင်သွားရတော့မယ် ဒါပေမဲ့ကံဆိုးစွာနဲ့ အိမ်မှာအရေးပေါ်ကိစ္စလေးဖြစ်လာလို့ ခရီးစဥ်မှာကျွန်တော်လိုက်ပါလို့ မရတော့ပူး....

အကျိုးတူသူငယ်ချင်းတွေတော့ သွားခဲ့ကြတာပေါ့ ရုံးကိုလဲသွားခဲ့တယ်တဲ့ သူတို့ကိုလဲ မျက်မှန်နဲ့ကောင်မလေးရှင်းပြပေးလိုက်တာတဲ့လေ ဒါပေမဲ့ သူတို့ဓာတ်ပုံတူတူရိုက်လာတာပြန်ကြည့်တော့ ကျွန်တော့်ရဲ့မျက်မှန်လေး မဟုတ်နေပူး...

ဖုန်းဆက်ပြီးမသိမသာလေးမေးတော့လဲ ရုံးမှာ 85%လောက်ကမျက်မှန်တွေနဲ့ချည်း တဲ့လေ🥲🥲🥲

 

ရှာပုံတော်မင်းသားကြီးကရေတွေစိုလို့ လိပ်စာပျက်တာ✉️💦

ကျွန်တော်ကတော့.........


 

#yuzanarland #realestate #packages #stars

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!