အိမ် ခြံ မြေ ဂမ္ဘီယ ပညာ🔮

09-Mar-23
 အိမ် ခြံ မြေ ဂမ္ဘီယ ပညာ🔮

📿ကျွန်တော်တို့နေထိုင်တဲ့လောကကြီးမှာ လူသားတွေအားလုံးနားမလည်နိုင်တဲ့ ဂမ္ဘီယ ပညာတွေ ဗေဒင် ယတြာတွေ ရှိနေတယ်ဆိုတာ လူတိုင်းသိကြမှာပါ။အားလုံးနဲ့ဆက်နွယ်နေတဲ့ အိမ် ခြံ မြေ တွေကိုရော အဲ့ ဒီ နည်းလမ်းတွေနဲ့ အရောင်းဝယ်မြန်ဆန်အောင်လုပ် လို့ရတယ်ဆို စိတ်ဝင်စားလားဗျ။✡️🔮


 


 

📍အိမ်အမြန်ရောင်းလိုသော်.....…

တဂယ်လို့များ မိတ်ဆွေအနေနဲ့ အိမ်တစ်လုံးရောင်းဖို့ ကိစ္စမှာ ဘာမဟုတ်တဲ့ အကြောင်းရာလေးတွေနဲ့ ပွတ်ကာ သီကာ လွဲချော်နေတယ် ထစ်ငေါ့နေတယ်ဆိုရင်တော့


 

အင်္ဂါ နေ့ည 7နာရီ 20 မိနစ်မှာ နှင်းဆီကိုင်းလေးတွေနဲ့ လှေကားလေး လုပ်ပြီး ရောင်းမယ့်အိမ်လှေကားမှာ ကပ်ပြီးထောင်ထားလိုက်မယ်ဆိုရင် အိမ်ရောင်းထွက်ဖို့ အခွင့်လမ်းကောင်းတွေ ပွင့်လန်းလာစေပါလိမ့်မယ်။


 

📍မြေအမြန်ရောင်းလိုသော်......

တဂယ်လို့များ မိတ်ဆွေအနေနဲ့ မြေကွက်အရောင်းအဝယ် ကိစ္စလေးတွေမှာ အဖျတ်အနှောက်ယှက်တွေဝင်နေတယ် ရောင်းရတာခက်နေတယ် အဆင်ပြေမလိုနဲ့ ခနခနလွဲနေတယ်ဆိုရင်တော့


 

တနင်္လာနေ့ည 7နာရီ20မိနစ်မှာ ကံ့ကော်ကိုင်းလေးတွေနဲ့ လှေကားလေး လုပ်ပြီး ရောင်းမဲ့မြေမှာ ကပ်ပြီးထောင်ထားလိုက်မယ်ဆိုရင် မြေရောင်းထွက်ဖို့ မြန်ဆန်စေပြီး ရောင်းပန်းတွေလဲ ပွင့်လန်းလာပါလိမ့်မယ်။


 

ဒါတွေကတော့ နိုင်ငံကျော် ဗေဒင်ဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီး ဇင်ယော်နီရဲ့ လမ်းညွှန်ချက်လေးတွေပါ ဗေဒင်ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တစ်ခါလောက်တော့ try ကြည့်သင့်ပါတယ်ဗျ။

မိတ်ဆွေတို့အနေနဲ့ ဒါလေးတွေကို စိတ်ဝင်စားတယ်ဆိုရင် နောက်ပိုင်းမှာ ရွှေရောင်းမြန်၊စျေးရောင်းမြန်စေမဲ့ ယတြာလေးတွေလည်း တင်ပေးပါဦးမယ်ဗျ။🤗🤗


 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!