ခေတ်အဆက်ဆက်ယုံကြည်ခဲ့ကြတဲ့ ဂမုန်းပင်များနှင့် ယုံကြည်မှု့များ ....

☘️မိမိနေအိမ်(ရုံးခန်း)တွင် စိုက်ပျိုးသင့်သော ဂမုန်းအမျိုးစားများ......
ဂမုန်းဆိုတဲ့ အဓိပ္ပာယ်ကတော့ ဥရှိတဲ့ အပင်ငယ်တွေအားလုံးကိုဆိုလိုပြီး ကျောက်ကျမ်း၊ ဂမုန်းကျမ်းနှင့် ကဝေသာရကျမ်း တို့မှာတော့ ဂမုန်းမျိုးပေါင်း (၁ဝ၉) မျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဂမုန်းပင်တွေရဲ့ နာမည်နဲ့ ယုံကြည်မှု့တွေကလဲ တစ်ကျောင်းတစ်ဂါထာ တစ်နေရာတစ်ပုဒ်ဆန်းဆိုသလို အမျိုးမျိုး ရှိတက်ကြပါတယ်။မိမိနေအိမ်မှာစိုက်ရင် စီးပွားလာဘ်လာဘတိုးပွားတဲ့ ဂမုန်းအများစုရှိသလို နေအိမ်မှာစိုက်ရင် ခိုက်တက်တယ်ဆိုတဲ့ ဂမုန်းတွေလဲရှိနေပါတယ်။ဒါကြောင့်မလို့ ဂမုန်းပင်တွေနဲ့ သူတို့ရဲ့ အကျိုးပေးပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။💁💁
(1) ဂမုန်းနီ
ဂမုန်းနီပင် စိုက်ထားသော အကျိုးကား မြေမှဖြစ်သော ဖုတ်ကောင် စုန်းနားပင်းတို့ ဖမ်းစားခြင်း မပြုနိုင်၊ ဂဝံရုပ်ထု၍ ဆောင်သော် ရှိန်းပြီး၏။ ဆာယာအန္တိပြီး၏ ။
(2) ဇော်ဂျီမုတ်ဆိတ်ဂမုန်း
ဇော်ဂျီမုတ်ဆိတ်ဂမုန်းပင်ကို အိမ်မှာစိုက်လျှင် အချိန်ရာသီမရွေး ပွင့်တတ်ပြီး ပွင့်တဲ့အချိန်မှာ သိသိသာသာ စီးပွားဖြစ်ပါတယ်။ မပွင့်လျှင်လည်း တစ်နှစ်လုံး မပွင့်ပဲရှိနေတက်ပါတယ်။ သန့်ရှင်းမှု့ကို အလွန်ကြိုက်သောအပင်ဖြစ်ပြီး ဂရုတစ်စိုက်ပြုစုသူသည် ထီပေါက်တက်သည်။အရွက်များကို မဖြတ်ရပါ။ ဖြတ်လျင် လင်မယားချင်း ရန်ဖြစ် စိတ်ကောက်ရတတ်သည်။ အရွက်ကို ကြိတ်၍ အရည်ကို လက်ဖက်ရည်ပုဂံ တစ်လုံးလောက် ဆယ်ရက်ခန်သောက်လျှင် ချောင်းဆိုးသွေးပါ ပျောက်သည်။ မျက်စိနာနေသူ တိမ်ရှိနေသူများလဲ ၎င်းဂမုန်းဥကို သွေးပြီး ခပ်ရင် ပျောက်ကင်းတယ်လို့ ဆိုကြပါတယ်။
(3) ကွင်းထိုးဂမုန်း
ကွင်းထိုးဂမုန်းရှိသောအရပ်ဟာ ဧည့်သည်အလာများတက်သောကြောင့် ဆိုင်များ စီးပွားရေးနဲ့ပတ်သက်သည့်နေရာများတွင်အစိုက်များကြသည်။ပြုစုသူ၏ ရည်းစားဟောင်းပြန်လာတက်သည်။ကွင်းထိုးလျှင် လုပ်ငန်း အကြံအစီ အောင်မြင်ပြီး၊ ကွင်းမထိုးလျှင် မအောင်မြင်ပါ။မြင့်မြတ်သောအပင်မျိုးဖြစ်သဖြင့် ခွေး၊ကြောင် များကြော်ခြင်း နင်းခြင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုင်ခြင်းတို့ပြုလုပ်လို့မရပါ။ထိုသို့ ဖြစ်ပါက ကွင်းများပြေသွားတက်ပြီး အဲ့ဒီကွင်းတွေပြုတ်ကုန်တဲအခါ အမွှေးနံ့သာရေများ ပက်ဖျန်းခြင်း၊ ကင်မွန်းတရော်ရေများဖြင် ဆေးကြောခြင်း၊ အမွှေးတိုင်များ ထွန်းညှိခြင်းများ ပြုလုပ်ပါက ကွင်းများ ပြန်လည်ထိုးတတ်ပါတယ်။
(4)ဒေါင်းဂမုန်း
ဒေါင်းဂမုန်းပင်များတွင် အနီရောင်အစင်းကြားများပါတဲ့ အမပင်နဲ့ အနီအရောင်အကွက်များပါတဲ့ အဖိုပင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ဒေါင်းဂမုန်း အစစ်ဆိုရင် ညအချိန်၌ အရွက်များ ထောင်ကာ ပူးကပ်၍ အိပ်ကြပါတယ်။ဒေါင်းဂမုန်း မအိပ်သောနေ့တွင် မကောင်းကြံသူတို့၏ ဘေးအန္တရာယ်ကျတတ်သည်။ ဒေါင်းဂမုန်းစိုက်ရင် ဒေါင်းတောက်အောင် စီးပွားရှာ အလုပ်လုပ်ရတတ်သောကြောင့် အလုပ်နှင့်လက်နှင့် မပျက်ပဲစီးပွားအလွန်တက်သည်။
(5)ရတနာဂမုန်း
ရတနာဂမုန်းကို နေအိမ်တွင် စိုက်ပျိုးပါက ရောဂါ ပျောက်ကင်းသည်။ ထီပေါက်တတ်သည်။ စီးပွားတိုး လာဘ်ကောင်းသည့်အပြင် ရတနာဂမုန်းဥသည် ဆေးဖက်ဝင်သည်။
(6)ပြည်လုံးချမ်းသာ ဂမုန်း (မယ်တော်ကြီးဂမုန်း)
မယ်တော်ကြီး ဂမုန်းစိုက်ပျိုးလျှင် စီးပွားတိုးကာထီပေါက်စေသည်။စျေးရောင်းကောင်းသည်။စိုက်ပျိုးလျှင် အိုးအတွင်း၌ ကြေးပြား ၉ ပြားခံ၍ စိုက်ကာ ရွှေရည်၊ ငွေရည် လောင်းပေးရသည်။ တချို့က ကျောက်သံပတ္တမြား ခံ၍ စိုက်ပြီး ရွှေရည်ငွေရည် လောင်းသည်။ နွားနို့လှူ၍ အမြစ်ကို လောင်းထည့်ရမည်။ အမွှေးတိုင်ထွန်းပေးလျှက် အမွှေးနံ့သာရည် လောင်းကာ ဥပုသ်နေ့၌ တရော်ကင်မွန်းနှင် အရွက်ကို ဆေးကြောသုတ်သင်ရသည်။ ညဉ့် ၇-နာရီလောက်တွင် အရွက်အဖျားများမှ ရေပေါက်များ ထွက်လျက် စီးကျပြီး စိုပြေနေတတ်သည်။ အပင်ကို ဂရုစိုက်ပြီး သန့်သန့်ပြန့်ပြန့် စင်နှင့် တင်ထားရန် အရေးကြီးသည်။
(7)ရှင်သူငယ်အနီ
အပင်ကို သင်္ကန်းစီး၊ ဆွမ်းတော်တင်၊ အဓိဋ္ဌာန်ပြု သားဆုတောင်းလျှင် သားရသည်။
(8)ငှက်ပျောရှင်သူငယ်(အငယ်)
အပင်ကြီးမျိုး၊ အပင်ငယ်မျိုး နှစ်မျိုးရှိသည်။ အငယ်သည် ငှက်ပျောပင် အငယ်စား ပုံသဏ္ဍာန်ရှိပြီး နှစ်ပေထက် မကြီး၊ အရွက်တွင် အညိုကြောင်းကလေး ပါပါသည်။ ထူးခြားသည်။စိုက်ပျိုးထားပါက
စီးပွားဥစ္စာတိုးတက်သည်။ ဩဇာအာဏာရှိလာသည်။ စိုက်ပျိုးစဉ်တွင် ရွှေရည်ငွေရည် လောင်း၍ သင်္ကန်းစည်းပေးထားရသည်။
(9)ရှင်သူငယ်အဝါ
ရှင်သူငယ် အဝါပင်စိုက်ပျိုးထားပါက စိတ်နှလုံးကြည်လင်အေးချမ်းပြီး အလုပ်အကိုင် အဆင်ပြေကာ စီးပွားလာဘ်လာဘများပေါများသည်။ထီပေါက်တက်သည်။ အရွက်သည် ငှက်ပျောရွက်ကဲ့သို့ ရှိပြီး၊ ကိုရင်သင်္ကန်း အရောင်ကဲ့သို့ အရွက်ပါလျှင် အိမ်ခေါင်းရင်းတွင် သန့်ပြန့်စွာ စိုက်ပျိုးပြုစုလျှင် လာဘ်သပ္ပကာ တိုးတက်သည်။ စိုက်ပျိုးထားလျှင် ခွေးနင်း၊ ကြောင်ကျော် မပြုမိပါစေနှင့်၊ သန့်သန့်ပြန့်ပြန့် စိုက်ပျိုးရန် အရေးကြီးသည်။
(10)ဂမုန်းရှင်သူငယ်
ရှင်ဖြူ၊ ရှင်ဝါ၊ ရှင်ညို၊ ရှင်နီ၊ ရှင်သူငယ်အကျား၊ ငှက်ပျောရှင်သူငယ်အကြီး၊ ငှက်ပျောရှင်သူငယ်အသေး စသည်ဖြင့် အမျိုးကွဲများ ရှိသည်။ တန်ခိုးသတ္တိထက်မြက်၍ စီးပွားဥစ္စာ တိုးတက်လျက်၊ အလုပ်အကိုင် အကြံအစည်တို့ ထမြောက်အောင်မြင် တတ်သည်။ လူစိုက်များသည်။ တော်ရုံတန်ရုံ နေပူဒဏ် ခံနိုင်၍ နေပူသောအခါ အရောင်အသွေး ပိုမိုလှပ တောက်ပြောင် လာတတ်သည်။
(11)အိမ်တွင်းမင်္ဂလာဂမုန်း(ဟော်နန်းစီးပွားတိုးဂမုန်း)
ထိုဂမုန်းပင်သည် အလွန်ပွားတက်သည်။နည်းနည်းပွားလျှင်နည်းနည်း စီးပွားဖြစ်ပြီး များများပွားလျှင်များများစီးပွားဖြစ်တက်သောကြောင့် နေအိမ်တွင်စိုက်ပျိုးရန်အထူးသင့်တော်သည်။
#realestate #yuzanarland #knowledge