"အရောင်းအဝယ်ပျက်ခြင်း "

"အရောင်းအဝယ်ပျက်ခြင်း "
--------------------------------------
အကြောင်း အမျိုးမျိုးကြောင့် အရောင်းအဝယ် ပျက်တတ်တာကို အိမ်ခြံမြေလောကသားများ သတိပြုဆင်ခြင်စေလို ပါတယ်။
လူ့စိတ်ဆိုသည့်အမျိုးက အစဉ်အမြဲပြောင်းလဲတတ်သော သဘာ၀ရှိပါတယ်။
ရောင်းသူ၊ဝယ်သူ နှစ်ဦးနှစ်ဖက် အရောင်းအဝယ်ဖြစ်ပြီဆိုကတည်းက အကျိုးဆောင်၊ရှေ့နေ့၊သက်ဆိုင်ရာ တို့နှင့် အတူ စရံပေးကတိစာချုပ်ကို ချုပ်ဆိုကြရပါတယ်။
စရံပေးကတိစာချုပ် မချုပ်ထားဘဲ နောက်မှတစ်ခါတည်းပေးချေပါမည် ဟုဆိုပါက အရောင်းအဝယ် က တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ ပျက်သွားတတ်ပါတယ်။
စရံပေး ကတိစာချုပ်က နှစ်ဦးနှစ်ဖက်စလုံးကို အရောင်းအဝယ်ဖြစ်မြောက်ကြောင်း အသိအမှတ်ပြုစေပါတယ်။ တစ်ချို့ဆိုရင် စရံပေးကတိစာချုပ် ချုပ်ဆိုပြီးလျှင် တောင်မှ အရောင်းအဝယ်ပျက်သွားခဲ့သည်များလည်း ရှိခဲ့ဖူးပါတယ်။
(၁)ရောင်းမည့်သူက မိမိရောင်းချင်တဲ့ အိမ်ခြံမြေကွက်ဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် နှင့် ကိစ္စကြီးငယ်ရပ် ပေါ်ပေါက်လာပြီးရောင်းဖို့ရန် ဖျက်လိုက်ရခြင်း နှင့်
(၂)ဝယ်မည့်သူကလည်း အခြေအနေအရပ်ရပ်ကြောင့် ဝယ်ယူမည့်ကိစ္စ ရပ်ဆိုင်းလိုက်ရပြီး အဝယ်ကိုဖျက်လိုက်ရခြင်းတွေကြောင့် အရောင်းအဝယ်ကိစ္စများ ပျက်စီးကြရပါတယ်။
အိမ်ခြံမြေအကျိုးဆောင်များသည်လည်း မြေပြင်မှ အိမ်ခြံမြေအရောင်းဒေတာများရယူပြီး ၊အမှန်တကယ် လိုက်ပြကာ၊ စာရွက်စာတမ်း စစ်ဆေးပေးသည်အဆုံး တာဝန်ယူဆောင်ရွက် ကြရပြီး အရောင်းအဝယ်ပျက် သွားသည့်အခါ စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်ကြရပါတယ်။
🕰ရင်းခဲ့ရသော အချိန်များသည် ဘယ်သူ့အတွက်ကမှ အလကားမရပါ။
အလကား လိုချင်လျှင် အလကားလူဖြစ်တတ်ပါတယ်။
ထို့အတွက်ကြောင့် အိမ်ခြံမြေ ရောင်းသူများသည်လည်း မရိုးမသား မပြုလုပ်ဘဲ ရိုးသားစွာနဲ့ ရောင်းသင့်ပါတယ်။ ဝယ်သူများသည်လည်း မဝယ်နိုင်ပါက၊မဝယ်ဖြစ်သည့် အခြေအနေများရှိတတ်ပါက ဆင်ခြင်သုံးသပ်ပြီးမှ ဝယ်ယူသင့်ပါတယ်။