ဝယ်မှားဖြစ်တော့မည့် ကွျန်တော်မပိုင်ဆိုင်ခဲ့ရသည့်အိမ်

06-Mar-23
 ဝယ်မှားဖြစ်တော့မည့် ကွျန်တော်မပိုင်ဆိုင်ခဲ့ရသည့်အိမ်

တလောကကျွန်တော် သာကေတ ဘက်မှာ အိမ်ခြံဝိုင်းလေး ဝယ်ဖို့ လုပ်တာ ပြဿနာ အရှုပ်အရှင်းတစ်ခုပေါ်လာပါတယ်။
ပြဿနာတွေ တအားမရှုပ်သွားခင် အကြောင်းအရင်းကို ကောင်းကောင်းလေးသိသွားလို့ ကံကောင်းသွားတယ်လို့ဆိုရမယ်။
ပြဿနာက ဘာလဲဆိုတော့ ကျွန်တော် ဝယ်မယ့် အိမ်လေးက လင်မယားနှစ်ယောက်ပိုင်တဲ့အိမ်လေး။
သူ့ယောကျာ်းက ကျွန်တော်ဆီ သိန်း (950)နဲ့ရောင်းတာ ။ကျွန်တော်ကလည်း ကျွန်တော့်လက်ဝယ်ရှိငွေတွေ မပျောက်ပျက်အောင်ဆိုပြီး ဝယ်ယူဖို့ဆုံးဖြတ်လိုက်တာ။ 
အဲဒီမှာစတာပဲ သူ့ဇနီးက 
"(950)ထဲမတန်ဘူး သဘောမတူနိုင်ဘူး ဒီအိမ်က ကျွန်မပိုင်တဲ့အိမ် ဘယ်သူမှ လာရောင်းလို့မရဘူး"
ဆိုပြီး ကျွန်တော့်ရှေ့မှာတင် ပွဲကြမ်းပါလေရော။
နောက်ဆုံးတော့ သူ့ယောကျာ်းရောင်းမယ်ဆိုတဲ့အကြောင်းအရင်းက 
သူတို့အိမ်ဟာ​ တစ်ခြားတစ်ယောက်ဆီ ပေါင်နှံထားတာဖြစ်ကြောင်းနှင့် 
အပေါင်ဆုံးမှာစိုး၍ ဒီအိမ်ကို ရောင်းပြီးမှ ပြန်ရွေးရမှာဖြစ်ကြောင်း 
အဲဒီနေ့မှာပဲ အကုန်ပေါ်သွားပါတယ်။

ကျွန်တော်လည်း သနားတာတော့ သနားပါတယ် သူတို့ကိုတော့မဟုတ်ပါဘူး သူတို့သားသမီးတွေကိုပါ။
အဖေလုပ်သူက မလိမ္မာ အမေလုပ်သူက တစ်ဇွတ်ထိုး နောက်ဆုံး မျက်နှာငယ်ရမှာက သူတို့မွေးထားတဲ့ သားသမီးတွေပါ။

ကျွန်တော်သာ အဲဒီနေ့မှာ ဘာအကြောင်းမှ မသိဘဲ စရံချပြီး အရောင်းအဝယ်ဖြစ်သွားကာ
နောင်တစ်ချိန်မှာ သူ့ဇနီးကကန့်ကွက်လာရင် ပိုင်ဆိုင်မှု့ထဲက တစ်ဝက်ကို သူ့ဇနီးကို ပေးရတော့မှာပါ။

အိမ်ခြံမြေဝယ်ယူမည့်သူများအနေဖြင့် လုံလဝီရိယထားပြီး အရှုပ်အရှင်း ရှိမရှိဆိုတာကို မဝယ်ခင်သေချာလေးစုံစမ်းပြီး မှ ဝယ်ယူသင့်ပါတယ်ခင်ဗျာ။

မိမိဝယ်ယူမည့် အိမ်ခြံမြေက တစ်ခြားတစ်ယောက်ယောက်ဆီမှာ ပေါင်နှံထားတာတို့၊အမွေဆိုင်ဖြစ်နေတာတို့၊လင်မယားနှစ်ဦးပိုင် ဖြစ်နေတာတို့ ၊အာမခံထားပြီး ငွေချေးထားတာတို့​ အဲဒီလိုမျိုး အရှုပ်အရှင်းတွေက ဖြေရှင်းရခက်တတ်ပါတယ် ။ ဒါကြောင့် သတိကြီးစွာ ဝယ်ယူကြပါခင်ဗျာ။

 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!