သမိုင်းအမေ့ခံ ပျဉ်းမနားမင်းသား(သို့မဟုတ်)ထီးနန်းနှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရသူ

💁သမိုင်းအမေ့ခံ ပျဉ်းမနားမင်းသား(သို့မဟုတ်)ထီးနန်းနှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရသူ
ပျဉ်းမနား မင်းသားကြီး မောင်မောင် ဟာ ခမည်းတော် မင်းတုန်းမင်းနဲ့ မယ်တော် ကြေးမြင် မိဖုရားကြီး တိုရဲ့ သားတော်တစ်ပါး ဖြစ်ပြီး မြန်မာနိုင်ငံ၏နောက်ဆုံး ကုန်းဘောင်မင်းဆက်ဖြစ်သော သီပေါမင်း၏ ဖအေတူ မအေကွဲ ညီကိုဖြစ်သည်။ ပျဉ်းမနားမြို့ကို အပိုင်စားရသော မင်းသားတစ်ဦးလဲ ဖြစ်တာမို့ ပျဉ်းမနားမင်းသားလို့ လူသိများကြပါတယ်။
စည်းမျဉ်းခံ ဘုရင်စနစ်ကို အကောင်ထည်ဖော်ဖို့ ကြိုးပမ်းကြစဉ်ကတည်းက ပျဉ်းမနားမင်းသားကို ဘုရင်အဖြစ်တင်မြှောက်ရန် ယာ ထားကြသော်လည်း လက်တွေ့မှာတော့ သီပေါမင်းသာလျှင် ထီးနန်းရှင်ဖြစ်ခဲ့ပါတယ်။
နန်းမတော်မယ်နု ဦးဆောင်သော သွေးချောင်းစီးတဲ့ နန်းတွင်းလူသတ်ပွဲကြီးမှာ ရေနံချောင်းမင်းကြီးနဲ့ ကင်းဝန်မင်းကြီးတို့ကာကွယ်မှု့ကြောင့် သေကံမရောက်အသက်မပျောက်ခဲ့ရသော ပျဉ်းမနားမောင်မောင်ရဲ့ အသက်ဟာဆို ထိုအချိန်က 10 နှစ်ခန့်သာရှိသေးတာဖြစ်ပါတယ်။
မန္တလေးမြို့ရှိ စိန့်မာ့ခ်ကျောင်းနှင့် ဒယ်ရာဒွန်းတက္ကသိုလ် (Dehra Doon) တွင် ပညာသင်ကြားခဲ့ပြီး သီပေါမင်းပါတော်မူသောအခါ ကင်းဝန်မင်းကြီးတို့က ကုန်းဘောင်မင်းဆက် မပြက်စေရေးအတွက် ဆောင်ရွက်ကြရာ ဗြိတိသျှ ဩဇာခံဘုရင်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရလေသည်။
1942 ခုနှစ်သို့ရောက်သောအခါတွင်လည်း ဂျပန်တို့မှ ကုန်းဘောင်သွေးကိုတစ်ဖန်ပြန်အသက်သွင်းချင် သဖြင့် ပျဉ်းမနားမင်းကြီးကို ရှာဖွေကာ ဘုရင်ပြုလုပ်စေရန်ကြိုးပမ်းကြသော်လည်း ဂျပန်တို့ပါတပ်ဆုတ်ပြေးရသဖြင့်မင်းသားမှာ ထီးနန်းနှင့် ထပ်မံကွေကွင်းရလေသည်။
မင်းတုန်းမင်းကြီးဟာ တစ်နေ့သောနံနက် ပွဲတော်တည်ပြီးချိန်တွင် သားတော် သမီးတော် အားလုံးကို အခစားဝင်စေပြီး အသက် 10 နှစ်အောက် သားသမီးများအား မိမိ၏ဘယ်ညာတွင်ထိုင်စေကာ အနှိပ်တော်ဆက်စေပြီး ကြည်စားလေသည်။ထိုထဲကမှ ထူးခြားနေတဲ့ ဖအေတူမအေကွဲ
သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို အလွန်သဘောကျချစ်ခင်တော်မူသွားပြီး နောက်နေ့မှာတော့ ကေလးများ၏မိခင်များဖြစ်ကြသည့် ကြေးမြင်မိဖုရားကြီးနဲ့ ငါန်းဇွန်းမိဖုရားတို့ကို ဆင့်ခေါ်ခဲ့ပါတယ်။
မိဖုရားနှစ်ပါးအခစားဝင်တော့ မင်းတုန်းမင်းကြီးက
မိဖုရားတို့ သည်ကလေးနှစ်ယောက် အရွယ်ရောက်သည်ထိမောင်တော် နေရမည်မထင်ပါ ထို့ကြောင့် သူတို့အရွယ်ရောက်လျင် လတ်ဆက်ပေးလိုက်ပါကွယ် ဟု မိန့်မှာတော်မူခဲ့လေသည်။
ထိုမိန့်မှာချက်အရ ပျဉ်းမနားမင်းသားနှင့် ထရံကာမင်းသမီးလေးတို့သည် 1902 ခုနှစ်မှာ ရန်ကုန်၌ မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။ထိုအချိန်တွင်မင်းသား၏ အသက်မှာ 30ဖြစ်ပြီး ထိပ်ခေင်တင်၏အသက်မှာ 28 နှစ်ရှိပြီဖြစ်သည်။
သိူ့သော်လည်း အင်္ဂလိပ်အစိုးရတို့၏ မြန်မာမင်းများအပေါ်လုပ်နေကြအကွက်အတိုင်း အန္ဒိယနိုင်ငံသို့ ပို့ဆောင်ခြင်းခံခဲ့ရလေသည်။
သူတို့နှစ်ဦးမှာ အမိန့်အရလက်ဆက်ခဲ့ကြသော်လည်း တစ်ဦးကိုတစ်ဦး အလွန်ချစ်ခင်စုံမတ်ကြသည်။ နှစ်ပေါင်း60 ကြာသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် အပျောက်မခံဖူးခဲ့ကြပေ။ထရံကာမင်းသမီးသည် သတ်တော် 90 ရောက်သောအခါ ကံတော်ကုန်ရှာလေသည်။ထိုအချိန်မှစ၍ မင်းသားသည် ပွဲတော်လည်းမတည်တော်ပဲ မင်းသမီး၏ ရုပ်ကလက် ဘေးတွင်သာ ငို၍နေလေတော့သည်။ ထိုကြောင့် မင်းသားသည်လည်း မင်းသမီးကံကုန်ပြီး (4)ယောက်မြောက်နေ့တွင် ကိုယ်တိုင် ကံတော်ကုန်ရှာလေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တစ်ခြားသောမင်းမျိုးနွယ်များကဲ့သို့ ဖခင်ကြီးကဲ့သို့ မျက်နှာများသူမဟုတ်ပဲ တစ်ယောက်ဆိုတစ်ယောက်ချစ်ခင်မြတ်နိုးတက်တဲ့ သစ္စာတရားကို သိသိသာသာတွေ့မြင်ရပါတယ်။ ဒါကြောင့်လဲ ကျန်ရစ်သူများက မင်းသားတို့စုံတွဲ၏ ကျန်ရှိနေသော ခန္ဓာကို အုတ်ဂူတစ်ဂူထဲမှာ အတူတစ်ကွမြုပ်နှံပေးခဲ့ကြပါတယ်။