🪷 " သာသနာအစ မော်တင်စွန်းက"

04-Mar-23
🪷 " သာသနာအစ မော်တင်စွန်းက"

🪷 " သာသနာအစ မော်တင်စွန်းက" ဟု ပြောဆိုအပ်သော မြန်မာ့ပထမဦးဆုံး ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော် 🍂


မြတ်စွာဘုရား ပွင့်တော်မူပြီး ၅၅ရက် မြောက်သောနေ့မှာပဲ မြတ်စွာဘုရားရှင်မှ ဥက္ကလာပတိုင်းသား  ကုန်သည်ညီနောင်အား လင်းလွန်းပင်ခြေရင်း၌ ဆံတော်ရှစ်ဆူ စွန့်တော်မူခဲ့ပါသည် 🪶 ။ 

ထို့နောက်ကုန်သည်ညီနောင်သည် ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာဒေသမှ မြန်မာပြည်သို့ပြန်လာခဲ့ကြသည်၊

ပြန်လာရာလမ်းတွင် ယခု မော်တင်စွန်းတောင်တော်အနား တနည်းအားဖြင့် နဂရေ့တောင်အနီး ပင်လယ်ပြင်သို့ရောက်သောအခါ ထိုဆံတော်ရှစ်ဆူအနက်မှ နှစ်ဆူကို ဇေယျသန နဂါးမင်းမှ ခိုးယူပင့်ဆောင်ပြီး မဟာသက္ကရာဇ် ၁၀၃ခု ဝါဆိုလပြည့်နေ့ တစ်နည်းဆိုသော မြတ်စွာဘုရား မိဂဒါဝုန်တော၌ စမ္မစင်္ကြာ တရားဦးဟောတော်မူသည့်နေ့တွင် နဂါးမင်းကိုယ်တိုင် မော်တင်စွန်းစေတီကို မူလပထမ ဦးစွာ တည်ထားပူဇော်ခဲ့သည်🐉။

📍📍 အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရာ စေတီတော်ရှိရာ နဂါးရစ်အငူ မော်တင်စွန်းသို့ ရောက်လာ၏။ 
ထိုနေရာသို့ ရောက်သောအခါ ဖောင်တော်သည် အလိုအလျောက် ရပ်တန့်သွား၏။ထို့နောက် စေတီတော်ကို တက်ရောက် ပူဇော်၏။ 


ထိုစေတီတော်၏ အနီးတွင် မင်းမြှာက်တန်ဆာ ငါးပါး၊ သင်္ကန်း၊ နတ်ရုပ်တုများ နှင့် ဓာတ်တော်များကို ဌာပနာ၍ ဖောင်တော်ဦးစေတီတော်ကို တည်ထားခဲ့သည်။

မော်တင်စေတီတော်ကိုမူ ဉာဏ်တော် အတောင်၄၀ အထိ မြှင့်တင်ကာ ရတနာအုတ်ကျောက်တို့ဖြင့် မွမ်းမံခဲ့သည်။ 
ထို့ပြင် ဖောင်တော်ဆိပ်စေတီတော်ကိုလည်း ကျောက်ဆောင်ပေါ်တွင် တည်ခဲ့လေသည်။

⚡️ မော်တင်စွန်းစေတီတော်သည် အချိန်ကာလအားဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးထက် ရှစ်လတိတိစောတည်ခဲ့သည့် ကမ္ဘာပေါ်ရှိ ပထမဆုံးစေတီ ဖြစ်သည်။

ယခုအချိန်မှာတော့ စေတီရဲ့တည်နေရာက ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် တွင်တည်ရှိပြီး နှစ်စဥ်မော်တင်စွန်း ဘုရားပွဲကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပါသည်🤗🤗။ 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!