ကမ္ဘာ့အမွေအနှစ် ရွာလေးတစ်ရွာဖြစ်တဲ့ ဂျပန်နိုင်ငံ က Ainokura (相倉) ဆိုတဲ့ ရွာလေး

ဒီနေ့မှာတော့ ခရီးသွားတာကို ဝါသနာပါတဲ့ သူတွေအတွက် ကမ္ဘာ့အမွေအနှစ် ရွာလေးတစ်ရွာဖြစ်တဲ့ ဂျပန်နိုင်ငံ က Ainokura (相倉) ဆိုတဲ့ ရွာလေးအကြောင်းကို ပြောပြချင်ပါတယ်။
Ainokura (相倉) ရွာလေးဟာ Gokayama ဒေသနဲ့ ခပ်ဝေးဝေးရှိ ချိုင့်ဝှမ်းလေးထဲက ဂန္တဝင်ဆန်တဲ့ ရွာလေးတစ်ရွာပါ။
အဲဒီရွာလေးထဲမှ အနည်းငယ်ကတော့ စားသောက်ဆိုင်များ၊ပြတိုက်များနှင့်minshuku(ခရီးသွားများအတွက်သီးသန့်အိမ်) များအဖြစ် ပြောင်းလဲကာ တည်ရှိနေပြီးတော့ အများစုကတော့ သီးသန့်နေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။
Ainokura (相倉) ရွာလေးကို 1995 ခုနှစ်မှာ UNESCO ကနေပြီး ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဒီရွာကလေး ကို လည်ပတ်ဖူးကြတဲ့သူတွေကတော့ ရွာမှာရှိတဲ့ လယ်တောထဲက လယ်အိမ်လေးတွေမှာ ညအိပ်ကြည့်ကြဖို့ အကြံပြုကြပါတယ် ။ Ainokura (相倉) ရွာလေးဟာ တိတ်ဆိတ်ပြီး အေးတဲ့ ရာသီဥတု ဖြစ်တာကြောင့် ညဘက်မှာ မြင်ရသော အေးချမ်းတိတ်ဆိတ်မှု့အလှတရားဟာ ဘာနဲ့မှကို မလဲနိုင်တဲ့ ခံစားမှု့လို့ဆိုပါတယ်။
အမွေအနှစ်နေရာဖြစ်သည်နှင့် အညီ ရိုးရာယဉ်ကျေးမှု့ နှင့်ရိုးရာအစဉ်အလာတို့ ယနေ့ထက်တိုင်ထိန်းသိမ်းတည်ရှိနေဆဲပင် ဖြစ်ပါတယ်။
Ainokura (相倉) ရွာလေးရဲ့တောင်ဘက်ကို ဆက်သွားမယ်ဆိုရင် တစ်ရွာလုံးရဲ့အလှအပအပါအ၀င် ရွာရဲ့ ဘေးပတ်လည်ရှိ လှပတဲ့ မြင်ကွင်းတွေကို မြင်တွေ့နိုင်တဲ့ view point လေးရှိပါတယ်။
Ainokura (相倉) ရွာကနေ 5 မိနစ် 10 မိနစ်လောက် လမ်းလျှောက်ရင်ရောက်ပါတယ်။
ခရီးသွားတာကို စိတ်ဝင်စားပြီး ကမ္ဘာပတ်ချင်သူများ ဂျပန်နိုင်ငံရှိ Ainokura (相倉) ရွာလေးကို ရောက်အောင်သွားပြီး အမွေအနှစ်နေရာ/အေးမြတိတ်ဆိတ်အေးချမ်းတဲ့နေရာလေးကို အပြည့်အ၀ ခံစားလိုက်ပါတော့နော်။