ကလောမြို့ရဲ့အိုးစည်တောင်

03-Mar-23
 ကလောမြို့ရဲ့အိုးစည်တောင်

🌄မြန်မာနိုင်ငံကလူအတော်များများ မသိသူရှားတဲ့ ကလောမြို့ရဲ့အိုးစည်တောင်အကြောင်းလေးSharing လုပ်ပေးချင်လို့ပါဗျ။ 
အိုစည်တောင်က အမြင့်ပေ 4500ကျော်ပဲရှိတာမို့ အရမ်းမြင့်တဲ့ထဲတော့ မပါဘူး ဒါပေမဲ့ သူရဲ့ရင်သက်ရှု့မောဖွယ် viewလေးတွေကတော့ ရပ်နီးရပ်ဝေးခရီးသွားဧည့်သည်တွေကို စွဲဆောင်နိုင်လွန်းပါတယ်။
တောင်ရဲ့ ၃ပုံ၂ပုံအထိကားနဲ့တက်လို့ရပြီး ကားရပ်တဲ့နေရာကနေလဲ လှပတဲ့viewလေးတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်ဗျ။ အဲ့ဒီနေရာလေးကနေပြီးတော့ အုတ်လှေကားလေးအတိုင်း 5မိနစ်လောက် လမ်းလျောက်တက်လာမယ်ဆိုရင်တော့ တောင်ထိပ်ကစေတီလေးကို ဖူးမျှော်နိုင်မှာပဲ ဖြစ်ပါတယ်ဗျ။
စေတီလေးကနေ လှမ်းပြီးမျှော်ကြည့်လိုက်မယ်ဆိုရင်တော့ အရမ်းကိုလှပတဲ့တိမ်ပင်လယ်ကြီးရယ်(ဆောင်းတွင်း မနက်နဲ့
နဲ့ မိုးရွာပြီးစ အချိန်တွေမှာ မြင်တွေ့နိုင်)
ဝဲပျံနေတဲ့ တိမ်လွှာတိမ်ဆိုင်လေးတွေရယ် တောင်တန်းတွေပတ်ပတ်လည်ဝန်းရံထားပြီး စိမ်းစိုနေတဲ့ ထင်းရှုးတောင်တန်းတွေအောက်က ကလောမြို့ရဲ့မြင်ကွင်းအလှလေးက မိတ်ဆွေတို့ရဲ့ ဘဝအမောကို ​ပြေစေနိုင်တယ်လို့ပြောရင် ပိုတယ်ထင်ကြာမှာအမှန်ပဲ ဒါပေမဲ့ တဂယ်လဲ အမောပြေစေတဲ့မြင်ကွင်းတွေပါပဲ။ 
ကလောမြို့လေးရဲ့အလှအပတွေကို တစ်သတ်တာခံစားချင်ရင်တော့ ကျွန်တော့ကို hello လုပ်လိုက်ပါဗျ။💁‍♂️💁‍♂️

Credit to Jarnak

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!