ရှမ်းပြည်နှင့် လက်ဖက်ရာဇဝင် ( သို့မဟုတ် ) မြန်မာနိုင်ငံ၏ လက်ဖက်ဓလေ့ 🍃

03-Mar-23
ရှမ်းပြည်နှင့် လက်ဖက်ရာဇဝင် ( သို့မဟုတ် ) မြန်မာနိုင်ငံ၏ လက်ဖက်ဓလေ့ 🍃

ရှမ်းပြည်နှင့် လက်ဖက်ရာဇဝင် ( သို့မဟုတ် ) မြန်မာနိုင်ငံ၏ လက်ဖက်ဓလေ့ 🍃
ကမ္ဘာ့လက်ဖက်သမိုင်းအရ တရုတ်ပြည်သည် လက်ဖက်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ရှေးအကျဆုံးနိုင်ငံဟု သမိုင်းအထောက်အထား အားဖြင့်လည်းကောင်း၊ ဒဏ္ဍာရီပုံပြင် အားဖြင့်လည်းကောင်း ဖော်ပြခဲ့ကြပါသည်။ 
သုတေသနပညာရှင်များ ၏ လေ့လာချက် အရ လက်ဖက်ပင်၏ အစမှာ တရုတ်ပြည်၊ ယူနန်နယ် နှင့် ထိစပ်လျက်ရှိသော မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်း နှင့် အိန္ဒိယအရှေ့ပိုင်း အက်ဆမ် တို့ရှိ တောင်တန်းများတွင် စတင်ခဲ့ကြသည်ဟု ယူဆရပါသည်။ 
ပါးစပ်ရာဇဝင်များအရ အမျိုးမျိုးပြောဆိုလေ့ရှိကြသော်လည်း ဦးပုည၏လက်ဖက်မေတ္တာစာ အရဆိုလျှင် သရေခေတ္တရာ ဒွတ္တဘောင်မင်းအား စားတော်ဆက်ရန် ဓနုပလောင်လူမျိုးများက လက်ဖက်ပင်ကို စီမံစိုက်ပျိုးခဲ့ကြသည်ဟူသော အဆိုရှိခဲ့သည်။🌱
⚠️ ကျွန်တော်တို့ရှမ်းပြည်နယ်၏ ထင်ရှားသော နယ်သမိုင်းမှတ်တမ်းများအရတော့ အလောင်းစည်သူမင်းကြီးတိုင်းခမ်းလှည့်လည်စဉ် ပလောင်ဒေသသို့ရောက်ရှိခဲ့ပြီး ပလောင်များက အရွက်တစ်မျိုးကို အလွန်စားကောင်းသဖြင့် အလောင်းစည်သူမင်းကြီးအား လက်နှစ်ဖစ်ဖြင့် ရိုသေစွာ ပွဲတော်ကပ်ခဲ့ရာမှ လက်ဖက်ရွက်ဟု အမည်တွင်ခဲ့သည်ဟု ဆိုစမှတ်ပြုကြသည်။
နောက်ပိုင်းမှာတော့ ရှမ်းပြည်မှာသာမက မြန်မာနိုင်ငံအနှံ့အပြားမှာလည်း လက်ဖက်ဓလေ့ကို တွင်ကျယ်စွာအသုံးပြုခဲ့ကြပြီး ဧည့်ခံရာတွင် အဓိကမပါမဖြစ်သော အချိုပွဲတစ်မျိုးဖြစ်လာခဲ့သည်။😋 
📍ကျွန်တော်တို့ကလောမြို့လေးတွင်တော့ နှီးဘုရားဘုန်းကြီးကျောင်းတွင် လာရောက်သမျှဘုရားဖူးဧည့်သည်တော်များကို လက်ဖက်ဖြင့်ဧည့်ခံလေ့ရှိပြီး အလွန်အရသာကောင်းသောကျောင်းနာမည်ကြီးလေသည်။ ထို့ကြောင့် ကလောသို့ရောက်လျင် နှီးဘုရားဘုန်းကြီးကျောင်းကလက်ဖက်အား တစ်ခေါက်တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်ပါတယ်ဗျ။ 😇
လက်ဖက်ပင်၏ သက်တမ်းများမှလည်း မြန်မာနိုင်ငံတွင် လက်ဖက်ပင် စတင်ရှိခဲ့သော ခုနှစ်သက္ကရာဇ်ကို ခန့်မှန်းတွက်ချက်နိုင်ပြီး မြန်မာနိုင်ငံတွင် ရှေးအကျဆုံးလက်ဖက်ပင်မှာ နှစ်တထောင်သက်တမ်းရှိပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးဒေသတွင် ထိန်းသိမ်းထားလျက်ရှိသည်ဟု သိရပါသည်။

Credit to Jarnak

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!