🍆 ကလောမြို့နှင့် (5) ရက်စျေး

🍅🍆 ကလောမြို့နှင့် (5) ရက်စျေး
ကလောမြို့လေးမှာဆိုရင် ရန်ကုန် တို့ မန္တလေးတို့လို ပုံမှန်စျေးကြီးရှိပေမယ့် တစ်မူးထူးခြားတဲ့ ငါးရက်တစ်စျေး (စျေးနေ့)ဆိုတာလေးလည်းရှိပါသေးတယ်။
ကလောမြို့လေးမှာတင် မဟုတ်ပဲ အနီးနားမြို့တွေဖြစ်တဲ့ အောင်ပန်း ၊ရွှေညောင် ၊ညောင်ရွှေ၊ ပင်းတယ စတဲ့ မြို့တစ်ချို့မှာလည်း ရှမ်းပြည်တောင်ပိုင်းရဲ့ ချစ်စရာကောင်းတဲ့ စျေးနေ့ အလေ့အထလေးရှိပါသေးတယ်။ Rotation ပုံစံနဲ့ သွားတာမို့ စျေးနေ့ က ဘယ်နှစ်ရက်နေ့ ကျမလဲဆိုတာတော့ ပုံမှန်မရှိပါဘူး သို့သော် နောက်ပိုင်းမှာတော့
ဧည့်သည်တွေ စျေးနေ့လေးကို လည်ပတ်နိုင်စေဖို့ ၊ စျေးပတ်ရောင်းချသာစျေးသည်များပိုမိုအဆင်ပြေနိုင်ဖို့ စျေးနေ့ ပြက္ခဒိန်လေးတွေ ထုတ်လာကြတာကိုတွေ့ရပါတယ်။
တစ်မြို့နဲ့ တစ်မြို့ စျေးနေ့လေးတွေလည်းမတူတက်ကြပါဘူးဗျ ကလောစျေးကနေ စပြီးရေတွက်မယ်ဆိုရင် ကလောစျေး ၊ ပင်းတယစျေး ၊ ဟဲဟိုးစျေး၊ ပင်လောင်းစျေး ဆိုပြီး ပုံမှန် အစဉ်လိုက် ရှိပြီး ပင်လောင်းစျေးပြီးရင်တော့ ကလောစျေး ပြန်ရောက်ပါတယ်ဗျ။
“ဈေးနေ့” မှာ ကလောမြို့အနီးအနား ကျေးရွာက ရွာသူရွာသားတွေက သူတို့စိုက်ပျိုးထားတဲ့ ရာသီပေါ်သီးနှံတွေကို လာရောင်းချကြသလို အောင်ပန်း၊ ဟဲဟိုး စတဲ့ အခြားသောမြို့တွေက ဈေးသည်တွေလည်း လာရောက်ရောင်းချလေ့ရှိပါတယ်။ “ဈေးနေ့” မှာ လာရောက်ရောင်းချတဲ့ ဒေသထွက်ကုန်တွေက ပိုမိုလတ်ဆတ်သလို ဈေးနှုန်းကလည်း ပိုမိုသက်သာတာကြောင့် ပုံမှန်လည်ပတ်နေတဲ့ ဈေးထက် ပိုမိုစည်ကားပါတယ်။
ကလောစျေးလေးကိုလာလည်ရင်း ကလောမြို့မှာအချေချဖို့စိတ်ကူးလေးရှိသွားပြီဆိုရင်တော့ အိမ် ခြံ မြေ ဝန်ဆောင်မှု့အတွက် ကျွန်တော့်ကို သတိရလိုက်ပါဗျ။😎
Credit to Jarnak