🌲ကလောမြို့

03-Mar-23
🌲ကလောမြို့

ရှမ်းပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင်ခဲ့သောမြို့ပြ များထဲမှ 
  🌲ကလောမြို့ 


ကလောမြို့ 🌲 ဟာ ဗြိတိသျှကိုလိုနီ ခေတ်မတိုင်မီ ကမထင်ရှားတဲ့ ရွာလေး တရွာသာ ဖြစ်ပြီး မြန်မာ မင်းများ လက်ထက် ၁၈၂၇ ခုနှစ်မှာ ကလောရွာလေးဟာ လွိုင်အန်ဘန့်ဘာ ငွေခွန်မှူး အုပ်ချုပ်တဲ့ နယ်အတွင်းမှာပါဝင်ပါတယ်။
ငွေခွန်မှူးဟာ တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ မကိုင်တွယ် နိုင်လို့ ကလောရွာ နဲ့တိုက်နယ်ရွာ များဟာ ၁၈၉၈ ခုနှစ်ထိအောင် ညောင်ရွှေစော်ဘွား အုပ်ချုပ်မှု နယ်အတွင်းမှာပဲ ရှိခဲ့ပါတယ်။ ၁၈၉၃ နောက်ပိုင်း ညောင်ရွှေနယ် ကို အုပ်ချုပ်ရေးနယ်များ ပိုင်းခြား လိုက်တဲ့အခါ ကလောနယ်ဟာ တိုက်နယ် ဦးစီးရွာ ဖြစ်လာပါတယ် ၊ ၁၈၉၈ မှာ မြန်မာနိုင်ငံများ အက်ဥပဒေ The Burma Laws Act 1898 ကိုပြဌာန်းပြီး အဲ့ဒီနှစ် ဖေဖေါ်ဝါရီ လမှာပဲ ကလော တိုက်နယ်ကို သာမိုင်းခမ်း တိုက်နယ်ထဲလွှဲပြောင်းခဲ့ပါတယ် ..။ 
ဗြိတိသျှအစိုးရဟာ ၁၈၉၄ မှာ တောင်ကြီးမြို့ကို တည်ထောင်ပြီး ..၊
၁၈၉၅ မှာ ကလောမြို့ကို တောင်စခန်းမြို့ အဖြစ် သတ်မှတ်လိုက်ပါတယ်😯
၁၉၀၁ ခုနှစ် မှာ မြန်မာပြည် မြူနီစပါယ်ဥပဒေ ကို
ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိူးနဲ့ ကလော မြို့မှာ အာဏာ သက်ရောက်ကြောင်း ကြေငြာခြင်းပြုလုပ်ခဲ့ပါတယ် ..။🔶🔷
ဗြိတိသျှ အစိုးရ ဟာ သာမိုင်ခမ်းမြို့စား မောင်ဘိုးထံမှ နယ်မြေ လွှဲ အပ် စာချုပ်နဲ့ ကလော ရွာ ကို တောင်းယူပြီးမြို့တည်ခဲ့ပါတယ်..၊
🔺၁၉၀၄ ခုနှစ်မှာ ကလောကိုသီးသန့်ဒေသ အဖြစ်ကြေငြာပါတယ် ။
ဗြိတိသျှတို့ဟာ ရှမ်းပြည်နယ် အုပ်ချုပ်ရေး အတွက် တောင်စခန်းမြို့တွေ တည်ထောင်ပြီးအရေးပိုင်နဲ့လက်ထောက်အရေးပိုင် တို့ရဲ့ ကြီးကြပ်ကွပ်ကဲဦးဆောင်တဲ့ Town Committee များနဲ့အုပ်ချုပ်ခဲ့ပါတယ် ။ ဒီလိုနဲ့ကလောရွာလေးဟာ..ဗြိတိသျှ တို့ရဲ့ တောင်စခန်းမြို့လေး အဖြစ် အရေးပါ ထင်ရှားလာခဲ့ပါတယ် ။ 
(တောင်ကြီးမြို့ နဲ့ လားရှိုးမြို့ အကြောင်းတွေကို ရှေ့ရက်တွေမှာ တင်ထားပေးပါတယ်ဗျ💁)

refrence - ရှေးတုန်းကဗမာပြည်
Credit to Jarnak

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!