🌸 တောင်ကြီးမြို့ ရဲ့ ရာဇဝင် 🌸

03-Mar-23
🌸 တောင်ကြီးမြို့ ရဲ့ ရာဇဝင် 🌸

ရှမ်းပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင်ခဲ့သောမြို့ပြ များ ထဲမှ -
   🌸 တောင်ကြီးမြို့ ရဲ့ ရာဇဝင် 🌸
—————————————— 
📣 ဗြိတိသျှ အစိုးရဟာ တောင်ကြီးမြို့ကို တောင်ကြီးတောင်တန်းရဲ့ တောင်ခြေ ၊ မွန်ခြိင် ရွာ အနီး မှာ ဗဟိုအုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့တည်ရန် ၁၈၉၂ ခုနှစ်မှာ စတင် တည်ဆောက် ခဲ့ပါတယ် ..။ ညောင်ရွှေစော်ဘွား စဝ်အုံ ထံမှ အရှေ့ အနောက် (၁)မိုင်ခန့် ၊ တောင်မှမြောက် (၄ ) မိုင်ခန့် ဧရိယာ အကျယ် (၄.၉) စတုရန်းမိုင် ကိုတောင်းယူပြီး ကန်များ ၊ အင်းများ ကို ပြုပြင်ခဲ့တယ်လို့သိရ ပါတယ် ။ တပ်မြေပုံစံ စနစ်တကျ အကွက်ရိုက် ပြီး လမ်းများဖောက်လုပ်ကာ၊ အစိုးရရုံးများဆောက်လုပ်ပါတယ် ..။ ၁၈၉၂ ခုနှစ်မှာဗြိတိသျှ အရေးပိုင် ဟေးလ်ဒီ ဘရန်း စတင်ရုံးထိုင်ခြင်းပြုလုပ်ခဲ့ပါတယ် ..။ 
တောင်ကြီးမြို့မှာ_ 
(၁) အရေးပိုင်အိမ် ၊
(၂) လက်ထောက် အရေးပိုင်အိမ် ၊
(၃) တိုင်းသစ်တော အရာရှိအိမ် ၊
(၄) လမ်းအရေးပိုင်အိမ် ၊ 
(၅) ဆရာဝန်ကြီးအိမ် ၊
(၆) လက်ထောက်ဆေးရုံအုပ် အိမ် ၊
(၇) ရဲအရာရှိအိမ် ၊
(၈) တရားရုံး ၊ အရေးပိုင်နဲ့ နိုင်ငံရေး အရာရှိရုံးများ ၊
(၉) ငွေတိုက် ၊ 
(၁၀) အချုပ်ခန်း ၊ 
(၁၁) လမ်းဌာနရုံး ၊
(၁၂) ဒါဘာ ခန်းမ ၊
(၁၃) ဆေးရုံ ၊
(၁၄) စာတိုက် ၊ 
(၁၅) ကြေးနန်းရုံး ၊
(၁၆) အရာရှိရိပ်သာ ( ဗိုလ်တဲ) ၊
(၁၇) လမ်းတံတား တည်းခိုရိပ်သာ တို့ကို စတင်တည်ဆောက်ခဲ့ပြီး ၁၈၉၄ ခုနှစ်စက်တင်ဘာလ မှာ အရေးပိုင်နဲ့ နိုင်ငံရေး အရာရှိ ဌာနချုပ် ရုံး အပါအဝင် ရုံးဌာန များကို မိုင်းသောက် စတက်မန်း ခံတပ် မှ ပြောင်းရွှေ့ကြပါတယ် ၊ တပ်သား (၂၅) ယောက် ဆန့် ဘားတိုက် (၂) ခု၊ ကင်းစောင့်စခန်း ၊ အရာရှိ ရိပ်သာများ တည်ဆောက်ပြီး တပ် ကိုလည်း ပြောင်းရွှေ့ခဲ့ပါတယ် .. ။
မြို့ရဲ့အရှေ့ဘက် မတ်စောက်သော တောင်တန်းကြီးကို အစွဲပြုပြီး တောင်ကြီးလို့ ခေါ်ဝေါ်ရာကနေ ခုထိလည်း တောင်ကြီး ပဲဖြစ်ပါတယ် ..။ ထိုအချိန်မှ စပြီး တောင်ကြီးမြို့ဟာ ရှမ်းပြည်နယ် အတွက် ကိုလိုနီ အုပ်ချုပ်ရေးမြို့တော် အဖြစ် အခိုင်အမာ ပေါ်ထွန်းလာခဲ့ပါတော့တယ် ..။ 
မြို့စတင်တည်ဆောက်ပြီးနောက် မြို့ရဲ့နယ်နမိတ်ကို စတုရန်း ၁၂ မိုင် ခန့်သတ်မှတ်ကာ ၊ မြို့ရဲ့ တောင်ဘက်စွန်း အကောက်ခွန်ဂိတ်ကနေ မြောက်ဘက် မြင်းလှည်းတန်း ထန်းလပ်ချောင်းဘေးမှာ နယ်ခြားမှတ်တိုင် သံတိုင်များ ၊မြို့အနောက်ဘက် ရတနာသီရိ ရပ်ကွက်အတွင်း နဲ့ နဂါးပွက်ကျောင်းဝင်းအတွင်း ကျောက်တိုင်များ စိုက်လို့ညောင်ရွှေနယ်နဲ့ တောင်ကြီးနယ် ပိုင်းခြားခဲ့ပါတယ် ။
ဗြိတိသျှ အရေးပိုင်နဲ့လက်ထောက်အရေးပိုင် တို့ဦးဆောင်တဲ့ Town Committee များနဲ့အုပ်ချုပ်ခဲ့ပြီး  ၊ ၁၁ ဒီဇင်ဘာ ၁၉၀၁ ခုနှစ် မှာတော့ မြန်မာပြည် မြူနီစပါယ်ဥပဒေ ကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အာဏာ သက်ရောက်ကြောင်း ကြေငြာခြင်းပိုပြုလုပ်ခဲ့ပါတယ် ..။ 
🔸🔹 ၁၉၀၄ ခုနှစ်မှာတော့ တောင်ကြီးမြို့ကို သီးသန့်ဒေသ ကြေငြာပြီး တောင်ကြီးမြူနီစပါယ်ကို ၄င်းတို့ရဲ့သီးခြားရဲ၊သီးခြားတရားရုံး မြို့စောင့်စစ်ပုလိပ်တပ်တို့နဲ့ တိုက်ရိုက်အုပ်ချုပ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်အစိုးရအတွင်းဝန်များရုံးဟောင်းကတော့ သမိုင်းဝင် အဆောက်အဦဖြစ်သွားခဲ့ပါပြီ...🥰🍃🍃


reference..ရှေးရှေးတုန်းကဗမာပြည်
Credit to Jarnak

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!