📍အရင်ကမှတ်တမ်းတွေနဲ့ ကြားဖူးတာတွေထဲမှာ လူသားစားသူတွေနေတဲ့ ကျွန်းဆိုပြီးနာမည်ကြီးခဲ့တဲ့ကျွန်းကို တော်တော်များမှတ်မိကြမယ်လို့ထင်ပါတယ်ဗျ🌴

03-Mar-23
📍အရင်ကမှတ်တမ်းတွေနဲ့ ကြားဖူးတာတွေထဲမှာ လူသားစားသူတွေနေတဲ့ ကျွန်းဆိုပြီးနာမည်ကြီးခဲ့တဲ့ကျွန်းကို တော်တော်များမှတ်မိကြမယ်လို့ထင်ပါတယ်ဗျ🌴


Credit to Jarnak
အဲ့ကျွန်းရဲ့ နာမည်ကတော့ 🏝 ကပ္ပလီကျွန်း ခေါ် အက်ဒမန်ကျွန်း 
🏝ကပ္ပလီကျွန်း ခေါ် အက်ဒမန်ကျွန်း (Andaman and Nicobar Islands)
🔺 မြန်မာနိုင်ငံ နာဂရေအငူ၏ တောင်ဘက် မိုင် ၁၆ဝ ခန့်အကွာ အိန္ဒိယနိုင်ငံ မဒရပ်ကမ်းရိုးတန်း၏ မိုင် ၁၇ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း၌ ကပ္ပလီကျွန်း ခေါ် အက်ဒမန်ကျွန်းစုမှာ နာဂရေအငူနှင့် ဆူမတြာကျွန်းရှိ အချင်အငူစပ်ကြားတွင်ရှိသော ကျွန်းစုတန်းတွင် အကြီးဆုံးကျွန်း ဖြစ်သည်။
ထိုကျွန်းစုတန်းမှာ အမှန်အားဖြင့် ဟိမဝန္တာတောင်စွယ်မှ ဖြာဆင်းလာသော ရခိုင်ရိုးမ တောင်တန်း၏ ပင်လယ်တွင်းရောက် ကုန်းမြင့်တန်း၏ အဆက်ပင် ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက မြန်မာနိုင်ငံမှ တစ်သက်တစ်ကျွန်းပို့ခြင်း ခံရသော အကျဉ်းသားများကို ထိုကျွန်းသို့ ပို့သောကြောင့် ထိုကျွန်းစုကို တစ်ကျွန်းဟုလည်း ခေါ်ကြသည်။ ကပ္ပလီလူပုများနေသည်ကို အကြောင်းပြု၍လည်း ကပ္ပလီကျွန်းဟုလည်း တွင်သည်။
မြန်မာလို ကပ္ပလီကျွန်းစုဟု ခေါ်သော်လည်း တကယ့်တကယ်နာမည်မှာမူ အက်ဒမန် နှင့် နီကိုဘား ကျွန်းစု (Andaman and Nicobar Islands) ဖြစ်သည်။ ကျွန်းစုကျွန်းငယ် စုစုပေါင်း ၅၇၂ ကျွန်း ပါဝင်သည်။
တောင်ဘက်ပိုင်းကျွန်းစုများကို နီကိုဘားကျွန်းစု ဟုခေါ်ပြီး မြောက်ဘက်ပိုင်းကျွန်းစုများကို အက်ဒမန်ကျွန်းစု (ကပ္ပလီကျွန်းစု) ဟုခေါ်သည်။ ထို ကျွန်းစုသည် မြောက်မှတောင်သို့ မိုင် ၂ဝဝ ခန့် ရှည်လျား၏။
မြောက်ဘက်ရှိ ကျွန်းကြီးကို ကပ္ပလီကျွန်း၊ သို့မဟုတ် အက်ဒမန်ကျွန်းကြီးဟုလည်းကောင်း တောင်ဘက်ရှိ ကျွန်းကြီးများကို ကပ္ပလီကျွန်းငယ် သို့မဟုတ် အက်ဒမန်ကျွန်းငယ်ဟုလည်းကောင်း ခေါ်သည်။
ကျွန်းငယ်ကလေးတို့တွင် မြောက်ဘက်စွန်းရှိ ကိုတိုးနှင့် လင်ဖောကျွန်းများ ကျွန်းကြီး၏ အနောက်ဘက်ရှိ အင်တာဗျူးကျွန်း၊ အရှေ့ဘက်ကမ်းအနီးရှိ ရစ်ချီကျွန်းစု၊ တောင်ဘက်များရှိ ရတ်တလန်နှင့် မြောက်ဆင်တီနယ်ကျွန်းတို့မှာ ထင်ရှားသည်။
ကပ္ပလီကျွန်းကြီးများကို ကျွန်းကြီးတစ်ကျွန်းတည်းဟု ယူဆရန် ဖြစ်သော်လည်း ကျဉ်းမြောင်းလှသော ဆားငန်ရည်စီးကြောင်းငယ်ကလေးများ ဖြတ်စီးနေသောကြောင့် ကျွန်း ၄ ကျွန်းရှိသည်ဟု ယူမှတ်ကြသည်။
ယင်းတို့မှာ မြောက် အက်ဒမန်၊ အလယ်အက်ဒမန် ၊ ဗာရာတန်းနှင့် တောင်အက်ဒမန် တို့ဖြစ်သည်။ တောင်မှမြောက်သို့ (ရတ်တလန် ကျွန်းအပါအဝင်) မိုင် ၁၆ဝ ရှည်လျား၍ အရှေ့နှင့် အနောက်တွင် တစ်ဖက်ပင်လယ်မှ အခြားတစ်ဖက်သို့ မည်သည့်နေရာမျှ မိုင် ၂ဝ ထက်ပို၍ မကျယ်ဝန်းပေ။
ပင်လယ်ကမ်းရိုးတန်းမှာ များစွာကွေ့ကောက်၍ သင်္ဘောများ ခိုလှုံနိုင်သည်။ အက်ဒမန်ကျွန်းငယ်မှာ ရတ်တလန်ကျွန်း၏ တောင်ဘက် မိုင် ၃၀ အကွာတွင် ရှိ၏။ တောင် မှ မြောက်သို့ ၂၆ မိုင် ရှည်လျားလျှင် အရှေ့မှ အနောက်သို့ ၁၆ မိုင် ကျယ်သည်။
မြေမျက်နှာပြင်မှာ တောင်ကုန်းထူထပ်၍ တစ်သက်တစ်ကျွန်းတို့ စတည်းချနေထိုင်ရာဒေသမှအပ တစ်ကျွန်းလုံးတွင် အပူပိုင်းသစ်တောများဖြင့် လွှမ်းမိုးလျက် ရှိသည်။ ထိုကျွန်းစုရှိ တောင်ထိပ်မှာ ၁၆၇၈ ပေဖြစ်ပြီး တောင် အက်ဒမန်ရှိ ဟဲရီးယက်တောင်ထိပ်မှာ ၁၁၉၆ ပေတို့ ဖြစ်သည်။
ပူနွေးစွတ်စို ထိုင်းမှိုင်းသော အပူပိုင်းရာသီရှိ၍ နှစ်တိုင်းလိုပင် အပူ ၊အအေးခြားနားချက်တို့မှာ တစ်သမတ်တည်းကဲ့သို့ဖြစ်သည်။ အအေးဆုံးအချိန်မှာ ဇွန် လနှင့် ဖေဖော်ဝါရီလတို့ဖြစ်၍ အပူဆုံးအချိန်မှာ မတ်လ ဧပြီလတို့ ဖြစ်သည်။
ပျှမ်းမျှအားဖြင့် အအေးဆုံးဒီဂရီမှာ ဖာရင်ဟိုက် ၆၆ ဒသမ ၇ မျှရှိ၍ အပူဆုံး ဒီဂရီဖာရင်ဟိုက် ၉၆ ဖြစ်သည်။ တစ်နှစ်တွင် ပျှမ်းမျှခြင်းအားဖြင့် မိုးရေချိန် ၁၃၈ လက်မ ရွာသည်။
မိုးရာသီသည် မေလလယ်လောက်မှ နိုဝင်ဘာလလယ်လောက်ထိ ဖြစ်၍ ကျန် ၆ လမှာ သွေ့ခြောက်သောရာသီ ဖြစ်သည်။ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သော ဆိုင်ကလုန်း အတွင်း ဝိုက်လေဝဲမှာ ဤကျွန်းစုတောင်ဘက်လောက်မှ စတင်ဖြစ်ပေါ်လေ့ ရှိသည်။
၁၅၆၆ ခုနှစ်က နကဗာရီ ကျွန်းအနီးမှ ဖြတ်သွားခဲ့သော ဆီဇာဖရတ်ဆိုသူ၏ မှတ်တမ်းတွင် ထိုကျွန်းစုအကြောင်းကို ပိုမိုခိုင်လုံစွာ ဖော်ပြထားသည်။ ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များ အတွင်းက ထိုကျွန်းစုများအကြောင်းကိုဖော်ပြသော မှတ်တမ်းများ ရှိခဲ့လေသည်။
🔺ထိုမှတ်တမ်းတို့တွင် ဤကျွန်းသားတို့မှာ လူရိုင်းများဖြစ်၍ ကြောက်ရွံ့ဖွယ်ရာ ကောင်းကြောင်း တတ်နိုင်သမျှ ကျွန်းကိုရှောင်သင့်ကြောင်း စသည်တို့ ဖော်ပြခဲ့သည်။ သင်္ဘောပျက်၍ ထိုကျွန်းများတွင် သောင်တင်ခဲ့သော သင်္ဘောသား တို့မှာ များသောအားဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
🔺မှတ်တမ်းများတွင် ကျွန်းသားများသည် လူသားစားသူများဟု ဖော်ပြခဲ့သော်လည်း ထိုဖော်ပြချက်တို့မှာ အခြေအမြစ် မရှိပေ။ သင်္ဘောပျက်တို့နှင့် သံကို ရရှိပြီး နောက်မှ ဤကျွန်းသားတို့သည် သံ၏ အသုံးဝင်မှုကို သိခဲ့ကြသည်။
၁၈ ရာစုကုန်သည်တိုင်အောင် ဤကျွန်းစုများ နှင့် ဆက်သွယ်မှုများ ရရှိရန် မည်သူမျှ ကြိုးစားခြင်းမရှိခဲ့ချေ။ သို့သော် ဤကျွန်းတစ်ဝိုက်တွင် ခရီးသွားသော သင်္ဘောများအတွက် ဘေးအန္တရာယ် များလှသောကြောင့် လော့ကွန်းဝေါလစ်လက်ထက် ၁၇၈၈ ခုနှစ် တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီသည် အာချီဗော် ဗလဲယားဆိုသူကို ဤကျွန်းစု၌ ကိုလိုနီတစ်ခု ဖွင့်လှစ်ရန် တာဝန် လွှဲအပ်ခဲ့သည်။
အလုပ်သမားများအဖြစ် အကျဉ်းသားများကို ပို့ပေးခဲ့သည်။ ကိုလိုနီကို ၁၇၈၉ ခုနှစ်၊ စက်တင်ဘာလတွင် ယခု ပို့ဗလဲယားမြို့တွင် စတင်ခဲ့သည်။ ၁၇၉၂ ခုနှစ်တွင် အခြေခံရေတပ်စခန်းတစ်ခု ဖွင့်လှစ်ရန် ရည်ညွှန်း၍ မြောက်ဘက်ဒမန်ကျွန်းရှိ ယခု ပို့ကွန်းဝေါလစ်နေရာသို့ ရွှေ့ပြောင်းခဲ့သည်။
သို့ရာတွင် ကျန်းမာရေးနှင့် သန့်ရှင်းစင်ကြယ်ရေး အခြေအနေ ဆိုးရွားသောကြောင့် အခြေခံရေတပ်စခန်း ဖွင့်လှစ်ရန် အကြံကို ခေတ္တရပ်သိမ်းပြီးလျှင် အကျဉ်းသားများအား အိန္ဒိယပြည်သို့ ပြန်ခေါ်ခဲ့သည်။
ထို့နောက် အနှစ် ၆ဝ အတွင်း ဤကျွန်းတွင် အပြင်သူများ သွားရောက်နေထိုင်ခြင်း မရှိခဲ့ချေ။ သင်္ဘောပျက်ကိစ္စများ မကြာခဏတွေ့ကြုံနေသဖြင့် အရှေ့အိန္ဒိယ ကုမ္ပဏီသည် ဤကျွန်းစုကို ကိုလိုနီအဖြစ် ပြုလုပ်ရန် ပြန်လည် ဆောင်ရွက်ခဲ့လေသည်။
၁၈၅၈ ခုနှစ် မတ်လတွင် ယခင်နေရာဟောင်း ဖြစ်သော ပို့ဗလဲယားနေရာ၌ပင် အကျဉ်းသားတို့၏ စခန်းကို ဖွင့်လှစ်ခဲ့သည်။ကပ္ပလီလူမျိုးများဖြစ်သော အက်ဒမန်ကျွန်းသားများက နိုင်ငံခြားသားတို့အား မိမိတို့ဒေသ၌ မနေထိုင်အောင် မကြာခဏ တိုက်ခိုက်ကြသည်။
နိုင်ငံခြားသားတို့မှာ ထိုကျွန်းသားနှင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရန် နည်းအမျိုးမျိုးဖြင့် ဆက်ဆံခဲ့သည် ယခုအခါ၌ တောင်အက်ဒမန်ကျွန်းအတွင်း နေထိုင်ကြသော ဂျာရဝါးလူမျိုးတို့မှတစ်ပါး ကျန်ကျွန်းသားတို့ဖြင့် ဆက်သွယ်မှုမှာ ကောင်းမွန်လာခဲ့သည်။
၁၈၂၄ ခုနှစ်တွင် ပထမ အင်္ဂလိပ်စစ်ပွဲဖြစ်ပွားစဉ်က မြန်မာနိုင်ငံကို တိုက်ခိုက်ရန် စေလွှတ်သော အရှေ့အိန္ဒိယကုမ္ပဏီ၏ ဘင်္ဂလားတပ်မကြီးနှင့် မဒရပ်တပ်မကြီးတို့ သည် ရှေးဦးစွာ အက်ဒမန်ကျွန်းကြီးရှိ ပို့ကွန်းဝေါလစ်တွင် စုဝေးပြီးနောက်မှ ပင်လယ်ခရီးဖြင့် ရန်ကုန်မြို့သို့ တက်တိုက်ခိုက်ခဲ့ကြသည်။
ကိုကိုးကျွန်းစု ၊ အက်ဒမန်ကျွန်းစု ၊ နာကဗာရီ ကျွန်းစုတို့သည် ဗြိတိသျှလက်ထက်က ကော်မရှင်နာမင်းကြီးတစ်ဦး အုပ်ချုပ်သော ဗြိတိသျှ အင်ပါယာ နယ်ပယ်တစ်ခု ဖြစ်ခဲ့သည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ အိန္ဒိယနှင့် မြန်မာနိုင်ငံကို ခွဲလိုက်ရာတွင် အက်ဒမန်ကျွန်းစုမှာ အိန္ဒိယပိုင်နက်တွင် ကျရောက်ခဲ့၏။
ပထဝီဝင် အနေအထားအရ ကပ္ပလီကျွန်းစုသည် မြန်မာနိုင်ငံပိုင် ဖြစ်သင့်ပေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တစ်သက်တစ်ကျွန်း အပြစ်ပေးခံရသူတို့ကို ထိုကျွန်းသို့ မပို့တော့ပေ။ ကပ္ပလီကျွန်းစု၏ မူလတိုင်းရင်းသားတို့မှာ အရပ်ပုသော ကပ္ပလီလူမျိုးများလည်း အပါအဝင် ဖြစ်သည်။
သူတို့မှာ ထိုဒေသတွင် ရှေးအကျဆုံး နေထိုင်ခဲ့သူများဟု ယူဆဖွယ်ရာရှိသည်။ ကျွန်းသားတို့နှင့် အနွယ်တူဖြစ်သော ကပ္ပလီပိုများကို ယခုတိုင် အာရှတိုက် အရှေ့တောင်ပိုင်းနှင့် ကျွန်းစုများတွင် တွေ့ရ သေးသည်။
ဤဒေသရှိ ကပ္ပလီလုပ်တို့သည် အခြားလူမျိုးတို့နှင့် ရောနှောနေလာခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် အခြားလူမျိုးတို့၏ ယဉ်ကျေးမှုလွှမ်းမိုးခြင်း ရောနှောခြင်းကို ခံခဲ့ရသလောက် ကပ္ပလီကျွန်းသားများမှာ မခံခဲ့ရသဖြင့် ကပ္ပလီကျွန်းသားများသည် ကပ္ပလီ လူမျိုးများအနက် အမျိုးအစစ်ဆုံး အသန့်ဆုံးဟု ဆိုနိုင်ပေသည်။
ကပ္ပလီကျွန်းသားတို့သည် မည်သည့်ဒေသ မည်သည့်အချိန်လောက်က ကပ္ပလီကျွန်းစုသို့ရောက်ခဲ့ကြသည်ကို မခန့်မှန်းနိုင်ပေ။ အလွန့်အလွန် ရှေးကျသောခေတ်က ရောက်ခဲ့သည်ဟုသာ ယူဆရသည်။
ထိုကပ္ပလီကျွန်းသား ယောက်ျားတို့သည် များသောအားဖြင့် အရပ် ၄ ပေနှင့် ၁ဝ ဒသမ ၅ လက်မ ပြီး မိန်းမများမှာ ၄ ပေနှင့် ၆ ဒသမ ၅ လက်မခန့် အရပ်ရှည်ကြသည်။ ဦးခေါင်းလုံး၍ နှာခေါင်းပြားသည်။ ဆံပင်မှာ ကျပ်ခိုးရောင်ရှိ၍ တွန့်လိမ်နေသည့်အပြင် ဦးရေတွင် ပြားကပ်၍ တည်နေသည်။ အသားရောင်မှာ ပြောင်နေ၏၊
ကပ္ပလီကျွန်းသားတို့မှာ လူမျိုးတစ်မျိုးတည်းပင် ဖြစ်သော်လည်း ဘာသာစကားနှင့်ယဉ်ကျေးမှု အချက်အလက်များ၏ ကွဲပြားချက်ကို လိုက်၍ ကပ္ပလီကျွန်းကြီးအစုနှင့် ကပ္ပလီကျွန်းငယ်အစုဟု ၂ စုခွဲခြားသည်။✨✨


Credit to Jarnak

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More Âť

ဆက်သွယ်ရန်

Get latest properties in email!

Copyright Š 2020 | All rights reserved by Yuzanar Land Real Estate. Powered by Web Design Company in Bangkok.