တောင်သူလယ်သမားနေ့

02-Mar-23
တောင်သူလယ်သမားနေ့

"တောင်သူလယ်သမားနေ့ကို 
၁၉၆၃ခုနှစ်ကစ၍ ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။၁၉၆၄ခုနှစ်တွင်ကျင်းပသောတောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များက ဇန်နဝါရီလတွင် 
(၁)တောင်သူလယ်သမားများက လယ်ယာရိပ်သိမ်းချိန်နှင့် တိုက်နေခြင်း၊
(၂) အင်္ဂလိပ်နှစ်သစ်ကူး ကာလကိုဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းစတာတွေကြောင့် 
တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာယူသည့် မတ်လ ၂ ရက်နေ့သို့ပြောင်းလဲကျင်းပပေးပါရန်တောင်းဆိုခဲ့ကြပါတယ်။ထို့အတွက်ကြောင့် ၁၉၆၅ ခုနှစ်မှစတင်ပြီး တောင်သူလယ်သမားနေ့ကို မတ်လ(၂)ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ကြပါတယ်။
မြန်မာ့သမိုင်းတွင် ကိုလိုနီနယ်ချဲ့လက်အောက်ရောက်ခဲ့ရသောတောင်သူလယ်သမားများကို အင်္ဂလိပ်မြေရှင်များက ဂုတ်သွေးစုတ်ခြယ်လှယ်ခဲ့ကြပါတယ်။ထို့အတွက်ကြောင့်တောင်သူလယ်သမားတွေရဲ့ဘ၀ဟာ ခက်ခဲနွမ်းနယ်ခဲ့ရပြီး ဆင်းရဲကာ လယ်မြေယာမြေတွေဟာ အရင်းရှင်တို့ရဲ့လက်ထဲသို့ရောက်ရှိခဲ့ရပါတယ်။၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် လယ်သမားအများစုလယ်လုပ်ရန်အတွက် လယ်ယာ​​မြေမရှိကြတော့သည်အထိ ဖြစ်ခဲ့ရပါတယ်။
ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံဟာ
နှစ်နှစ်ကျော်ကြာတဲ့အထိတည်ရှိခဲ့ပြီး ၊အင်္ဂလိပ်နုယ်ချဲ့အစိုးရကလည်း 
တောင်သူတို့တောင်းဆိုချက်များကို မျက်ကွယ်ပြုခဲ့ပါတယ်။
​နောက်ဆုံး ဆရာစံလည်း ဖမ်းဆီးခံခဲ့ရပြီး၊ကွက်မျက်ခံခဲ့ရပါတယ်။
တောင်သူလယ်သမားအရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေးရဲ့ အဦးဆုံး
တော်လှန်မှုကြီးဖြစ်တဲ့အတွက်ကြောင့် မေ့ပစ်လို့ မရပါ။
🌾🍚လယ်သမားများဟာ လူသားများ စားဝတ်နေရေးအတွက် များစွာအထောက်အကူပြုလှသောကျေးဇူးရှင်ပင်ဖြစ်ပါတယ်။ လယ်လုပ်မည့်တောင်သူများမရှိပါက/နည်းပါက ထမင်းတစ်နပ်ပင်စားဖို့ မလွယ်ကူလှပါ။ တောင်သူလယ်သမားများ၏ ဘ၀သည်ကား ခက်ခဲပင်ပန်းလွန်းလှပါတယ်။ စီးပွားဖြစ်သီးနှံတွေစိုက်ပျိုးကြတဲ့တောင်သူတွေဟာလည်း ရာသီဥတုဖျက်စီးမှာ၊ စပါး၊သီးနှံတွေကောင်းမွန်စွာအထွက်တိုးဖို့အတွက် မြေဆီမြေလွာကိုထည့်ရတဲ့ဓာတ်မြေဩဇာတွေ စျေးကြီးပေးရတာ၊ ရွက်ဖြန်းအားဆေးတွေ လွန်များစွာ သုံးစွဲရတာတွေကြောင့် အရင်းမကာမိဘဲ အရှုံးပေါ်ခဲ့ကြရတဲ့သူတွေလည်းမြောက်များစွာရှိပါတယ်။ထို့အတွက်ကြောင့်တောင်သူလယ်သမားများအား အလေးထားပေးသင့်ပါတယ်။
❤️ဒီကနေ့မှာကျရောက်တဲ့တောင်သူလယ်သမားအရေးတော်ပုံ မှာ တောင်သူလယ်သမာများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ yuzanarland.com မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ စပါးသီးနှံများလည်း အထွက်တိုးကာ စီးပွားရေးစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချော့မွေ့ကြပါစေ။
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!