✨? မြင်းမထိတောင် နှင့် မြင်းမထိဂူ လို့ ဖြစ်လာရတဲ့ ဒဏ္ဍာရီလာ သမိုင်း ?

ပုဂံခေတ် အခါက မြင်းမထိတောင်ရဲ့ တောင်ဘက်ရှိ ရွာကြီးတစ်ရွာမှာ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို မြင်းကြီးလေးကောင်က စားသောက်ပစ်ကြပါသည်။
ရွာသားများသည် မြင်းများကိုမောင်းထုတ်သော်လည်း မြင်းကြီးလေးကောင်မှာ ကြီးမားသန်စွမ်းသည့်အတွက် မောင်းထုတ်၍ မရပါ။
ထို့ကြောင့် ရွာသားများသည် အနော်ရထာမင်းကြီးထံ အကူအညီတောင်းကြပါတော့သည်။
?မင်းကြီးက သူရဲကောင်းလေးဦးကိုစေလွတ်ပြီး မြင်းတွေကို ဖမ်းခိုင်းပါသည်။
ကျန်စစ်သား ၊ညောင်ဦးဖီး ၊ငလုံးလက်ဖယ် ၊ ငထွေးရူး စသည့် သူရဲကောင်းလေးယောက်သည်
မြင်းတွေထွက်လာသော ချောက်ကြီးကနေစောင့်ပြီး မြင်းလေးကောင်ကိုဝန်းရံ ချောက်လှန့်၍
?အနီးရှိ ကန်ထဲကို မောင်းချလိုက်သည်။
မြင်းများ ရေထဲသို့ ရောက်သောအခါ သူရဲကောင်းလေးဦးသည် စီးရလွယ်သည့် မြင်းအသီးသီးကိုခွစီးကာ ရေထဲကနေ ကုန်ုးပေါ်သို့ ဒုန်းစိုင်း မောင်းတက်ခဲ့ကြပါတော့သည်။
ကျန်စစ်သားသည် မြင်းကို အနီးရှိ တောင်ပေါ်သို့ အပြေးအလွား စီးတက်လိုက်သောအခါ မြင်းက အပြေးမြန်လွန်းပြီး မြေနဲ့တောင်မထိ ဟု ထင်ရသောကြောင့် မြင်းမထိတောင် ဟူ၍ခေါ်ကြပါသည်။
အနီးရှိ ဂူကို မြင်းမထိဂူဟု ခေါ်ပြီး ၊ ရွာကိုတော့ မြင်းမထိရွာဟု ခေါ်ပါသည်။
မြင်းများ ဒုန်းစိုင်း၍ စီးတက်ခဲ့သောကြောင့် မြင်းစိုင်းစိုင်းကုန်း ၊ မြင်းများ ပျော်ပြီး ကခဲ့သည့်ရွာကို မြင်းကရွာ စသဖြင့်ခေါ်ဆိုခဲ့ကြပါသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဥဏ္ဏလုံမွေရှင်တော်ဘုရားတည်ထားသဖြင့် ဥဏ္ဏလုံမွေရှင်တော်ဂူဟူ၍လည်း ခေါ်ကြပါသည်။
မြင်းမထိဂူ၏ အရှေ့ဘက်တွင် မြင်းမထိတောင်ရှိပါသည်။မြင်းမထိတောင်သည် ၁၀၇၅ ပေ အမြင့်ရှိပါသည်။
မြင်းမထိဂူသည် နှစ်ဖက်ပွင့် သဘာ၀လှိုင်ဂူတော်ကြီးဖြစ်ပါသည်။
လှိုင်ဂူအဝင်ပေါက်တွင် လှေကားထစ်ကလေးများနှင့် လက်ကိုင်တန်းကလေးများ ပြုလုပ်ထားပေးသောကြောင့် သွားရလာရ အဆင်ပြေစေပါသည်။
ဂူအဝင်ပေါက်မှ စ ၍ဂူအထွက်ပေါက်ရှိ အရှည်မှာ 1028 ပေ ဖြစ်ပါသည်။
နှစ်ဖက်ပွင့်ဂူ ဖြစ်သောကြောင့် လေဝင်လေထွက်ကောင်းပါသည်။
ဂူအထွက်တွင် အနော်ရထာမင်းကြီးတည်ထားခဲ့သောစေတီ နှင့် နှစ်ကျိတ်ရှစ်ဆူ ဘုရားတို့ကိုဖူးမြော်နိုင်ပါသည်။
မြင်းမထိရွာသည် အောင်ပန်းမြို့နှင့်နှစ်မိုင်အကွာ ကလောမြို့နှင့်လေးမိုင်အကွာတွင် တည်ရှိပါသည်။
“မြင်းမထိရဲ့ ရာသီဥတု အခြေအနေလေးက အေးမြ လန်းဆန်းပြီး အေးချမ်းပါတယ်။
ဒီဒေသလေးဟာ လမ်းပန်းဆက်သွယ်ရေး ဘာသာရေး၊လူမှုရေး၊စီးပွားရေး စသဖြင့် ကောင်းမွန်ဖြစ်ထွန်းတဲ့နေရာလေးဖြစ်ပါတယ်။
တောင်ပေါ် view လေးတွေကအစ ရှု့မ၀တဲ့ အလှတရားတွေနဲ့ပြည့်နှက်နေတဲ့အရပ်လို့ပြောရင်လည်းမမှားပါဘူး။
စိုစွတ်အေးချမ်းတဲ့နေရာဒေသလေးဖြစ်တာကြောင့် လွမ်းဆွတ်ကြည်နူးဖွယ်ကောင်းလှပါတယ်။
မြင်းမထိရွာရဲ့ သဘာ၀ပတ်ဝန်းကျင်ဟာဆိုရင်လည်း ဒေသခံတွေရဲ့ စိုက်ခင်းလေးတွေဟာလှပသည့် ပန်းချီကားချပ်သဖွယ် ရင်သပ်ရှု့မောဖွယ်ကောင်းလှပါသည်။
"မြင်းမထိ ရွာမှာ မြေဝယ်မယ်ဆိုရင်လည်း အရောင်းအဝယ် အဆင်ပြေလှသောနေရာဒေသလေးဖြစ်ပါတယ်။
?ကြုံတုန်း မြင်းမထိရွာက နေရာကောင်းပြီး စျေးတန်တဲ့ အကွက်ကောင်းလေးနှင့်မိတ်ဆက်ပေးချင်ပါတယ်။
? ပိုင်ဆိုင်မှုက ရွာမြေဖြစ်လို့ စိတ်ချရပါတယ်။။
? အကျယ်ကတော့ (78 x 90)' ပါ။
အသေးစိတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီအောက်က Link လေးထဲကနေ တိုက်ရိုက် ကြည့်ပြီး သဘောကျပါက ဝယ်ယူနိုင်ပါတယ်။?
« https://www.yuzanarland.com/g/BypL2 »
#yuzanarland
#histoty
#cabin