“Rainforests of the sea“

18-Feb-23
“Rainforests of the sea“

“Rainforests of the sea“

-ပင်လယ်မိုးသစ်တောလို့ တင်စားခေါ်ဝေါ်ကြတဲ့ သန္တာကျောက်တန်းများသည် ကမ္ဘာ့သမုဒ္ဒရာရေပြင်၏ 1% ခန့်သာ ရှိသော်လည်း ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေသတ္တဝါများ၏ 25% ခန့်သည် သန္တာကျောက်တန်း များအပေါ်တွင် မှီခိုနေကြပါသည်။

-သန္တာကျောက်တန်းများတွင် ပင်လယ်ရှိ အပင်နှင့် ရေနေသတ္တဝါများ မှီခိုနေထိုင်နိုင်စေရန်အတွက် ထူးခြားလှပသည့် အသွင်သဏ္ဌာန် များဖြစ်တည်လျက်ရှိပါသည်။

-သန္တာကျောက်တန်းများကို ပင်လယ်တွင်ကျက်စားနေသော ငါး၊ပုစွန်၊များ၏ ပင်လယ်ရေနက်ပိုင်းဂေဟာများဟုလည်းခေါ်ကြပါသည်။

-သန္တာကျောက်တန်းရှိ အပေါက်ငယ်များ၊အခေါင်းငယ်များ၊ကျောက်ခက်ကျောက်လက်များ စသည်တို့က ငါးသားပေါက်ငယ်ကလေးများကို သဘာ၀အလျောက်ကာကွယ်ထားပေးပြီးသား ပင်ဖြစ်ပါသည်။

-ကျောက်တန်းလေးများကြားတွင် ငါး၊ပုစွန်များ ခိုအောင်းနိုင်ပြီး ငါး ပုစွန်များအတွက် အစားအစာကို ပေါများစွာထောက်ပံပေးနေသည့် စားကျက်နေရာတစ်ခုဖြစ်ပါသည်။

-သန္တာကျောက်တန်းလေးများသည် ကမ္ဘာကြီးအတွက် အရေးပါလှသော အရာတစ်ခုဖြစ်ပါသည်။
ပင်လယ်တွင်း၌ ဖြစ်ပေါ်လာသည့် မုန်တိုင်းနှင့် လေလှိုင်းတို့၏ အရှိန်ကို များစွာလျော့ချပေးနိုင်သည့် ရေအောက်တံတိုင်းကြီးပင်ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိငွေဆောင်ကမ်းခြေတွင် Coral(သန္တာကျောက်တန်း) များကို ခွာယူရောင်းချနေကြသည့် မသမာသူများရှိနေသည့်အတွက် သန္တာကျောက်တန်းများ ပြုန်းတီးမှု့ အန္တရာယ်နဲ့ ကြုံတွေ့နေရပါသည်။

ထို့ကြောင့်ရေနေသတ္တဝါနှင့် သဘာ၀ကြီးကို အထောက်အကူပြုသည့် သန္တာကျောက်တန်းများ ပြုန်းမသွားစေရန် ငွေဆောင်ကမ်းခြေရှိ သန္တာကျောက်ပွင့်၊ကျောင်းပန်းခက်လေးများ ကို မဝယ်ခြင်း၊မသယ်ဆောင်ခြင်းဖြင့် ကာကွယ်ကြရပါမည်။

✨Rainforests of the sea လို့တင်စားကြတဲ့ သန္တာကျောက်တန်းကလေးများ မပျက်စီးအောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရမည်ပဲဖြစ်ပါသည်။✨

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!