ပုဒ်မ ၃၀၄ က (လူသေစေမှု)
13-Aug-21
မည်သူမဆို ပြစ်မှုပြစ်ဒဏ်ထိုက်သော လူသေမှုအဖြစ်ဖြင့်သော်လည်းကောင်း၊ လူသတ်မှုအဖြစ်ဖြင့်သော် လည်းကောင်း ၊ ပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သော အရမ်းပြုလုပ်မှုကို ၊ သို့တည်းမဟုတ် ပေ့ါလျော့သော ပြုလုပ်မှုကို ပြု၍ လူကိုသေစေလျှင် ထိုသူကို ခုနစ်နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ၊ ငွေဒဏ်လည်း ချမှတ်နိုင်သည်။
သို့ရာတွင် အဆိုပါပြုလုပ်မှုကို သေစေတန်ရာသည်ကို သိလျက်နှင့်ပြုလျှင် ထောင်ဒဏ်ကို တိုး၍ ဆယ်နှစ်ထိချမှတ်နိုင်ပါသည်။
ပုဒ်မ - ၃၃၈ ။ ။ လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကိုဖြစ်စေ၊ ဘေးဖြစ်စေအောင် မည်သူမဆို အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော် လည်းကောင်း ၊ ပြုလုပ်မှုတစ်ခုခုကို ပြု ခြင်းဖြင့် တစ်ဦးတစ်ယောက်သောသူအား အပြင်းအထန်နာကျင်စေလျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ် မျိုးမျိုးချမှတ်ရမည့်ပြင် ၊ငွေဒဏ်လည်းချမှတ်နိုင်သည်။
ကျင့်ထုံး - ရဲအရေးပိုင်သည်။ (ရဲစခန်းတွင်တိုင်တန်းနိုင်သည်။) ၊ အာမခံပေးနိုင်ပါသည်။ ကျေအေးခွင့်မရှိပါ ။
ပုဒ်မ ၃၃၇ သည် အရမ်းသော်လည်းကောင်း၊ ပျော့လျော့စွာဖြင့်လည်းကောင်း ပြုလုပ်ခဲ့ သဖြင့်အခြားသူတစ်ဦးအားသာမန်နာကျင်စေမှုအတွက်ဖြစ်ပါသည်။ ယခုပုဒ်မသည် အပြင်းအထန် နာကျင်စေမှုအတွက်ဖြစ်သည်။
ယခုပုဒ်မများကို မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် စသည်တို့ကြောင့် ဒဏ်ရာရရှိလျှင် အသုံးပြုလေ့ရှိပါသည်။
ပုံကိုတော့ လူမှုကွန်ယက်ပေါ်က ကူးယူပါသည်။