⚠️ ဟောလိဝုဒ်မင်းသမီး Raquel Welch ကွယ်လွန် ?

17-Feb-23
⚠️ ဟောလိဝုဒ်မင်းသမီး Raquel Welch ကွယ်လွန် ?

 

 

?အမေရိကန်နာမည်ကျော် မော်ဒယ် နဲ့ ရုပ်ရှင်မင်းသမီးကြီး Raquel Welch ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း သူ့ရဲ့ကိုယ်စားလှယ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ပြီးနောက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။


 

? ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ Raquel Welch ဟာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဟောလီးဝုဒ်ရဲ့ ညှို့ငင်အားကောင်းသူအဖြစ် နိုင်ငံတကာမှာ ထင်ရှားကျော်ကြားခဲ့သူပါ။


 

? ၁၉၆၆ ခုနှစ်က One Million Years BC. ရုပ်ရှင်မှာ ဘီကီနီ ရေကူးဝတ်စုံဝတ်ပြီး ဂူအောင်း အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့တာကို လူအများကမှတ်မိနေကြပြီး ၁၉၇၄ ခုနှစ်မှာ သူရဲကောင်း ၃ ယောက် (The Three Musketeers) ရုပ်ရှင်ကားနဲ့လည်း ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ပါတယ်။


 

သူဟာ သရုပ်ဆောင်အပြင် အဆို နဲ့ အက ပိုင်းမှာလည်း ကျွမ်းကျင်ခဲ့ပြီး အနုပညာအကဲဖြတ်တွေကို အံ့အားသင့်စေခဲ့သူလည်း ဖြစ်ပါတယ်။


 

? ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ပြီး သူ့ရဲ့ပုံရိပ်ကို မီဒီယာမျိုးစုံက ဖော်ပြခဲ့သလို နာမည်ကျော် အော်စကာဆုရ The Shawshank Redemption ရုပ်ရှင်ရဲ့ အထွဋ်အထိပ် ဇာတ်ဝင်ခန်းတခုမှာလည်း သူ့ပိုစတာပုံရိပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။


 

အိမ်ထောင် ၄ ဆက်ရှိခဲ့တဲ့ Raquel Welch ဟာ သားသမီး ၂ ယောက်ထွန်းကားခဲ့ပြီး သမီးဖြစ်သူ Tahnee Welch ကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ?


 

#restinpeace #hollywood #RaquelWelch #actresses

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!