မြန်မာနိုင်ငံ လူတော်တော်များများက ?Switzerland မှာ နေချင်တယ် အခြေချချင်ကြတယ်လို့ပြောကြတယ်။ ?✈️

?စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာတော့
* ဆွစ်ဇာလန်ရဲ့ အဓိက ပျော်ရွှင်ခြင်းဟာ
တိတ်ဆိတ်ခြင်းပဲတဲ့။?
တိတ်ဆိတ်ခြင်းဟာ ပျော်ရွှင်ခြင်း
တိတ်ဆိတ်စွာ ကျေနပ်နေခြင်းဟာ အပျော်ရွှင်ဆုံး * လို့
သူတို့တွေဟာ မှတ်ယူကြတယ်။
? တကယ်တော့ တောတောင်ရေမြေရှုခင်းလှရုံနဲ့ နိုင်ငံတစ်နိုင်ငံဟာ အပျော်ရွှင်ဆုံးနိုင်ငံ မဖြစ်လာနိုင်ပါဘူး ။
? ဘယ်လောက်ပဲ လှတဲ့နိုင်ငံဖြစ်နေပါစေဦး အဲ့နိုင်ငံမှာ နေထိုင်တဲ့ လူတွေကြောင့်ပဲ အဲ့နိုင်ငံဟာ ပျော်ရွှင်စရာကောင်းတဲ့နိုင်ငံလား ၊ ပျော်ရွှင်မှု့တွေ ရှားပါးတဲ့နိုင်ငံလားဆိုတာ အလွယ်တကူ ခွဲခြားနိုင်ဖို့ သိသာစေတာပါ။
?ဆွစ်ဇာလန်ရဲ့ ပျော်ရွှင်ခြင်း သော့ချက်တွေကတော့-
(1) သန့်ရှင်းစွာနေထိုင်ခြင်း ၊
(2) မိမိကိုယ်ကို လိုတာထက်ပို၍ မကြွားဝါတတ်ခြင်း ၊
(3) ပိုင်ဆိုင်မှုကို ထုတ်မပြတတ်ခြင်း (အိမ်မှာသိန်း၄၀တန်ကော်ဖီစက်ရှိနေတာက ပြဿနာမဟုတ်
ဘူး ထုတ်ကြွားနေတာကပြဿနာပါတဲ့) ၊
(4) အနိုင်ရရှိမှုကို လိုတာထက်ပို မထုတ်ပြခြင်း ၊
(5) စည်းကမ်းကြီးခြင်း
(6) မနာလိုစိတ်မရှိခြင်း ၊
(7) ဘဏ်လုပ်ငန်းဖြင့်ရပ်တည်သောနိုင်ငံဖြစ်သော်လည်း ပိုက်ဆံစကားတော်ရုံတန်ရုံမပြောတတ်
ကြခြင်း
(8) ဟာသညဏ်မရှိခြင်း(ဒါကတော့ ထူးဆန်းပါတယ် ထည့်မရေးဖို့တွေးမိပေမဲ့ ဗဟုသုတအဖြစ်သိထားစေချင်လို့ပါ)
(9) မိမိပျော်ရွှင်နေခြင်းကို မထုတ်ဖော်ပြခြင်း
(10) ရောင့်ရဲကျေနပ်တတ်ကြခြင်း
(11) သဘာဝပတ်ဝန်းကျင်ကို အထူး ချစ်ခင်မြတ်နိုးခြင်း
(12) စကားကိုအတည်ပဲ ပြောတတ်ခြင်း(နောက်ခြင်း ၊ ပြောင်ခြင်း မရှိပါဘူးတဲ့)
(13) ဆွစ်ဇာလန် လူမျိုးတွေက မွေးရပ်မြေကိုအရမ်းတန်ဖိုးထားပါတယ် ၊
မိမိကဘယ်ဇာတိကပါလို့ထုတ်ပြောပြီး အမြဲဂုဏ်တတ်ကြတယ်။
(14) ကိုယ့်အသက်ကိုယ် အဆုံးစီရင်ခြင်းကို တရားဝင် ခွင့်ပြုထားတဲ့နိုင်ငံဖြစ်ခြင်း။
?Switzerland က အပျော်ရွှင်ဆုံးနိုင်ငံတွေထဲမှာ ထိပ်တန်းကနေရပ်တည်နိုင်တာဟာလည်း အဲ့ကလူတွေကြောင့် ၇၀% လောက်ဖြစ်မှာပါ။ ဒါပေမယ့် တစ်ကယ်က သူတို့ကပျော်နေကြတယ်ဆိုတာထက် တိတ်ဆိတ်စွာ ကျေနပ်နေကြတာပါ။ တည်ငြိမ်နေတဲ့စိတ်ကလေးမှာပဲ ပျော်ရွှင်မှုဟာ ဖြစ်တည်နိုင်ပါတယ်။ စိတ်ပျော်နေတဲ့လူကအလုပ်ပိုလုပ်နိုင်တာမို့ အလုပ်လည်းပိုကောင်းကောင်းလုပ်နိုင်ကြပါတယ်။
မိတ်ဆွေတို့က ?Switzerland သွားနေဖို့စိတ်ကူးလေးတွေရှိတယ် အိပ်မက်တွေကစျေးကြီးတယ်တွေးမိနေတယ်ဆိုရင်တော့
✨မြန်မာနိုင်ငံရဲ့ ?switzerlandလိုတင်စားရတဲ့ကလောမြို့လေးမှာ ခြံလေးဝယ်ပြီး လှပတဲ့အိမ်လေးတစ်လုံးဆောက်ကာ အိပ်မက်တွေကိုအကောင်ထည်ဖော်လိုက်ပါ။
#yuzanarland #yuzanarlandrealestate #propertymarket #kalaw #invest