? မြန်မာနိုင်ငံမှာ အိမ် ခြံ မြေ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး မြို့ (၅) မြို့ ✨

အိမ်ခြံမြေရင်းနှီးမြုပ်နှံတဲ့သူတိုင်း ဘီလျံနာမဟုတ်ပေမဲ့
ဘီလျံနာဖြစ်လာတဲ့သူတိုင်းကတော့ အိမ်ခြံမြေကိုရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်.....
၁၀၀ ရင်းပြီး ၁၀၀ အမြတ်ပြန်ရတာကလဲ အိမ်ခြံမြေ လုပ်ငန်းပဲဖြစ်တာမို့ စီးပွားရေးလုပ်ငန်းရှင်တို့မဖြစ်မနေလုပ်ကိုင်ကြတဲ့ ပထမခြေလှမ်း
first step လို့ပြောလို့ရပါတယ် ။
အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံမှု့အတွက် အကောင်းဆုံး မြို့လေး တွေကတော့ -
(1) Yangon
မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ လူနေထူထပ်ပြီးလုပ်ငန်းကိုင်ငန်းတွေလဲပေါများတာမို့ တိုက်ခန်း ၊ လုံးချင်း ၊ condo အားလုံးဟာ အရောင်းသွက် အဝယ်သွက်ပြီး ရင်းနှီးမြှုပ်နှံဖို့ အတွက် အထူး အထူး သင့်တော်ပါတယ်။
(2) Mandalay
မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုမှာရှိပြီးတော့ လူဦးရေအသင့်အတင့် ထူထပ်များပြားကာ ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံးမင်းနေပြည်တော်လဲ ဖြစ်တာမို့ စီးပွားရေးလဲကောင်းပြီး အရောင်းမအေး ၊ အဝယ်မနှေးကာ ထားကောင်းရောင်းစွံ နေရာတွေပေါပါတယ်။ဒုတိယ စီးပွားရေးမြို့လို့ဆိုရလောက်အောင် ကုန် သွယ် စီးဆင်းမှု့အလွန်ကောင်းပြီး အိမ် ခြံ မြေ စျေးကွက်ကလဲ top 10 စာရင်းမှာရှိနေပါတယ် ။
(3) Kalaw
တောင်ပေါ်စခန်းမြို့လေးဖြစ်ပြီး ပတ်ဝန်းကျင် ရာသီဥတု တောတောင်အနေထားတွေကလဲ အရမ်းလှတာမို့ ကလောကိုအလည်လာတဲ့ ဧည့်သည်တွေ ကပါ အိမ်လေးဆောက်ပြီး အပန်းဖြေနားနေဖို့ အတွက် အိမ် ခြံ မြေ တွေ ဝယ်ယူကြတဲ့ အပြင် ဟိုတယ်နှင့် ခရီးသွားမြို့ဖြစ်တာနဲ့အညီ ဟိုတယ်လုပ်ငန်း ၊ Stay home အစရှိတာတွေလုပ်ကိုင်ရန် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် သူဌေးများ အလွန်ကို မျက်စိကျတဲ့ မြို့လေးဖြစ်တာမို့
အမြတ်များများရတဲ့ ဒဏ်ကိုခံနိူင်မှ Kalaw မှာ အိမ် ခြံ မြေ ရင်းနှီမြုပ်နှံမှု့လုပ်ဖို့ အကြံပေးပါရစေ။
(4) Pyin Oo Lwin
ကလောလိုပဲ တောင်ပေါ်စခန်းမြို့လေးဖြစ်ပြီး ခရီးသွားတွေနဲ့ ၁၂ရာသီ စည်ကားနေတာမို့ အိမ်ခြံမြေတွေကလဲအရောင်းအဝယ် အလွန်ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု့အတွက် အထူးကိုသင့်တော်ပါတယ် ။ ရာသီဥတု သာယာလွန်းပြီး ရပ်ဝေး ရပ်နီးဧည့်သည်အများစု သဘောကျကြပြီး second home အဖြစ်ထားရန်ပါ ခြံ တွေဝယ်ယူ တတ်ကြတာမို့ ရင်းနှီးမြုပ်နှံဖို့တွက်ဆို ပြင်ဦးလွင်ကို မေ့ထားလို့ မရပါဘူး ။
(5) Nay Pyi taw
မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး လက်ရှိမှာ အိမ်ခြံ မြေ စျေးတွေကလဲ အရမ်းမကြီးသေးတာကြောင့် ရင်းနှီးမြုပ်နှံမှုစတင်လုပ်ဆောင်ဖို့ အကောင်းဆုံး မြို့ပဲ ဖြစ်ပါတယ် ။ ပိုင်ဆိုင်မှု့ခိုင်မာတဲ့ ဂရမ်မြေတွေချည်းဖြစ်တာကြောင့် အရှုပ်အရှင်းဘာညာ စိတ်ပူစရာမလိုပါဘူး ၊ နောင်တစ်ချိန်စျေးတွေတက်မှာ သေချာနေတဲ့ မြို့လေးဖြစ်တာမို့ အခုချိန် နှစ်ကွက်လောက်ဝယ်ပြီး နောက်သုံးနှစ်လောက်မှ ရောင်းမယ်ဆိုရင်တောင် အနည်းဆုံး ဝယ်စျေးထက် 5ဆ လောက် အမြတ်ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံခြင်းဟာ ဘယ်အရပ် ဘယ်ဒေသကိုရောက်ရောက် ငွေရှိတာနဲ့ အလွယ်တစ်ကူလုပ်ကိုင်လို့ရပြီး လက်ဖျားငွေသီးနိုင်ဖို့ အမြန်ဆုံးနည်းလမ်းဖြစ်တာကြောင့် ဦးစားပေး လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။
ငွေလက်နဲ့ရွှေခွက်နှိုက် မဲ့သူဌေးမင်းများလဲ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု့လေးတွေ လုပ်တော့မယ်ဆိုရင်တော့ မြန်မာတစ်နိုင်ငံလူံးက အိမ် ခြံ မြေ တွေကို စိတ်တိုင်းကျ အလွယ်တကူ ရွေးချယ် ဝယ်ယူနိုင်ရန် အခုပဲ အသုံးပြုလိုက်ပါ ။
Contact for more details...
09 8800 32466
09 8800 31082
09 98 28800 38