အသိတစ်ယောက်ရင်ဖွင့်လာတာလေးပြောပြချင်လို့၊

“ လက်ထဲမှာငွေလေးအနည်းငယ်ပိုနေလို့ အိမ်အပါခြံကွက်လေးတစ်ကွက်ဝယ်လိုက်တာ အကျိုးဆောင်တွေလည်းအပါ အရောင်းအဝယ်စရံပေးကတိစာချုပ်အပြီးစရံချလို့လည်းအပြီးမှာ
ရောင်းသူဘက်ကနေပြီးအကြောင်းအမျိုးမျိုးပြပြီး မရောင်းတော့ဘူးတဲ့လေ နောက်ထပ်သိလိုက်ရတာကရောင်းတဲ့သူက တခြား ပို ပေးတဲ့သူဆီကိုရောင်းချင်လို့တဲ့လေ ကိုယ်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ကွက်တိမို့ဝယ်လိုက်တာကို သူကတခြားတစ်ယောက်ဆီရောင်းမှာကို ရောင်းချင်ကြောင်းအကျိုးအကြောင်းဆီလျော်အောင်မပြောဘဲ ဟိုအကြောင်းပြဒီအကြောင်းပြမို တော်တော်လေးဒေါသထွက်ရပါတယ်“တဲ့လေ
ပြီးတော့လည်း အိမ်ကိုပါ အနည်းငယ်ဖြိုထားပြီးပြီတဲ့လေ "ကိုယ်ကတော့ အိမ်သိပ်မကောင်းလည်း တခါတလေနားနားနေနေလာလည်ရအောင်ဆိုပြီး စိတ်ကူးအတွေးလေးနဲ့ ဝယ်လိုက်တာပေါ့ ဘယ်လိုလုပ်ရမလဲမသိတော့ပါဘူး"တဲ့လေ
-အိမ်ခြံမြေရောင်းရန် ကတိပြုတဲ့ သူဟာ စရံငွေလက်ခံရယူပြီး ကျန်တဲ့ ငွေ ကို အပြီးအပိုင်ပေးချေရန် သတ်မှတ်ထားတဲ့ရက်မတိုင်မှီ စာချုပ်ပါ ခြံကွက်ရှိအိမ်ကို ဖျက်သိမ်းထားခြင်းက စရံစာချုပ်ပါပဋိညာဉ်ကိုဖောက်ဖျက်ရာရောက်တယ်။
ရွေ့ပြောင်းလို့မရတဲ့ အရာဖြစ်တဲ့ အိမ်ခြံမြေကိုဝယ်ယူရာမှာ ပဋိညာဉ်ပြုလုပ်တဲ့ ဝယ်သူက စရန်ငွေကို ပေးထားရာ အပြီးသတ် ဆောင်ရွက်ရန် အချိန်စေ့ရောက်လာတဲ့အခါ ရောင်းသူက အပြီးသတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့မယ်ဆိုလျှင် ဝယ်သူက -
-ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟု မှတ်ယူ၍ စရန်ငွေကို ရလိုကြောင်း စွဲဆိုနိုင်ပါတယ်
(ဒါမှမဟုတ်)
-ပဋိညာဉ်ကို ဆက်လက်အတည်ဖြစ်သည်လို့ မှတ်ယူပြီးတော့
ပဋိညာဉ်ကိုချိုးဖောက်သည့်အတွက်နစ်နာကြေးရလိုမှုနဲ့စွဲဆိုနိုင်သလို ပဋိညာဉ်အတိုင်းဆောင်ရွက်ပေး စေရန်လည်း စွဲဆိုနိုင်တယ်။
ကျွန်မကသိသလောက်အဲဒီလိုလည်းပြောပြလိုက်ရော ဘာလုပ်ရမှန်းမသိတဲ့ ကျွန်မမိတ်ဆွေက ပျော်ပြီးကျေးဇူးတင်တော့တာပဲရှင့်။