ကျွန်မကရှမ်းပြည်နယ်ကပါ ။ ကျွန်မတို့လင်မယားအိမ်ထောင်သက် ၅ နှစ်ရှိပါပြီး ။ ကလေးနှစ်ယောက်ရှိပါ တယ် ။ ကျွန်မယောကျာ်က သောက်စားမူးယစ်ပြီး အလုပ်မလုပ်တာ နှစ်နှစ်လောက်ရှိနေပါပြီ ။

ကျွန်မကရှမ်းပြည်နယ်ကပါ ။ ကျွန်မတို့လင်မယားအိမ်ထောင်သက် ၅ နှစ်ရှိပါပြီး ။ ကလေးနှစ်ယောက်ရှိပါ တယ် ။ ကျွန်မယောကျာ်က သောက်စားမူးယစ်ပြီး အလုပ်မလုပ်တာ နှစ်နှစ်လောက်ရှိနေပါပြီ ။ စိတ်အခန့် မသင့်ရင် ရိုက်နှက်တာတွေအထိ လုပ်တတ်ပါတယ် ။ ကျွန်မအနေနဲ့ သူ့ကို ဆက်မပေါင်းချင်တော့ဘူး ။ ဥပဒေ အရ ဘယ်လို လုပ်ရမလဲရှင့် ။
========================
ဆက်မပေါင်းချင်ဘူး ဆိုရင်တော့ နှစ်ဦးသဘောတူ ကွာလို့ရပါတယ်။ သူကကွာမပေးဘူးဆိုရင် တရားရုံး တက် ပြီးတော့ “ကွာလိုမူ” လျှောက်လို့ရပါတယ်။ အဲဒီလို လျှောက်တဲ့နေရာမှာ ရက်စက်မူ ဆိုတာကို ပြုလုပ်တယ် ဆိုရင် အဲဒီအချက်ကိုထောက်ပြီး တောင်းလို့ရပါတယ်။ ရက်စက်တယ်ဆိုတာ ကိုယ်ခန္ဓာကိုရိုက်နက်မှ ရက် စက်တယ် ခေါ်တာမဟုတ်ပါဘူး။ စိတ်ဆင်းရဲအောင် လုပ်တာကလည်း ရက်စက်မူထဲမှာ အကြုံးဝင်ပါတယ်။ ရက်စက်မူဆိုတာ ပုံစံအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးနဲ့လာတတ်တာပါ။
အခုက စိတ်ဆင်းရဲအောင်လည်း လုပ်သလို ၊ ရိုက်နက်တာလည်း လုပ်တယ်ဆိုတော့ ကိုယ်၏ဆင်းရဲခြင်း ၊ စိတ်၏ဆင်းရဲခြင်းဆိုတဲ့ နှစ်ပါးစလုံး ကို ပြုလုပ်တာဖြစ်နေတာပေါ့။ ဒါနဲ့ပတ်သက်လို့ ကွာလိုမူလျှောက်ထားလို့ရတယ်ဆိုတဲ့ အမှုစီရင်ထုံးတွေ ရှိပါ တယ် ။ အဲ့ဒါကတော့ မစ်စ် ပရိုတီမာကိုစ်နဲ့ ဒီမာလန်ဒူးကိုစ် ဆိုတဲ့၁ ၉၆၃ခုနှစ် မြန်မာနိုင်ငံစီရင်ထုံးပါ။ စာမျက် နှာ ၅၂၆ မှာ လမ်းညွှန်ထားပါတယ်။ ဒီတော့ အဲဒီအချက်ကို ထောက်ပြီးတော့ ကွာရှင်းလိုမူလျှောက်မယ်ဆိုရင် လျှောက်လို့ရတယ်လို့ပဲ ဖြေကြားချင်ပါတယ်။
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...