တစ်နေ့က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ထဲမှာ တရားမဝင် မြေရောင်း မြေဝယ်တွေ ပေါ်ပေါက်နေတယ်လို့ ဖတ်လိုက်ရတယ်'' ဟု မိတ်ဆွေတစ်ဦးက စတင် ဆွေးနွေးလာပါသည်။

တစ်နေ့က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ထဲမှာ တရားမဝင် မြေရောင်း မြေဝယ်တွေ ပေါ်ပေါက်နေတယ်လို့ ဖတ်လိုက်ရတယ်'' ဟု မိတ်ဆွေတစ်ဦးက စတင် ဆွေးနွေးလာပါသည်။
''ဟုတ်တယ် ။ ရန်ကုန် ၊ မန္တလေးလို မြို့ကြီးတွေမှာ မြို့ပြလူဦးရေ ထူထပ်လာကြတော့ မြို့ပြ ဆင်ခြေဖုံး နေရာတွေကို တရားမဝင် ကျူးကျော်နေထိုင်သူတွေ များလာကြတယ်။ တချို့နေရာဆိုရင် ရွာကြီးတစ်ရွာ အခြေအနေမျိုး ရောက်နေကြတယ်''
''နိုင်ငံတော် အစိုးရကတော့ မြို့ပြစီမံကိန်းတွေ လုပ်ပေးနေတယ် မဟုတ်လား''
''အဲဒီ မြို့ပြစီမံကိန်းနဲ့ နီးတယ်ဆိုပြီး အကြောင်းပြချက်နဲ့ အားနည်းချက်ကို ရယူပြီး အရောင်းအဝယ် တရားမဝင် လုပ်နေကြတာပဲ။ အခုဆိုရင် နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါး လျှော့ချရေးကို အလေးထားတဲ့အနေနဲ့ ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလို့ မြေငှားဂရန်တွေ ထုတ်ပေးနေတယ်လေ''
''မြေခွန် ပြေစာအတုတွေ ပေါ်နေဆိုလားပဲ''ဟု မိတ်ဆွေက ပြောပြန်သည်။
''အတုကတော့ မြေခွန်ပြေစာတစ်ခုတည်း မဟုတ်ဘူး ။ မြေချပါမစ် အတု ၊ မြေဂရန် အတုတွေ လည်းရှိတာပဲ''
''အဲဒါ ဘယ်လိုခွဲခြားမလဲ''
''အဲဒါ ဘယ်လိုခွဲခြားမလဲ ဆိုတော့ ငွေစက္ကူလို အတုအစစ် ခွဲခြားလို့ရတဲ့ စာရွက် နမူနာပုံစံတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီမြေကွက်ပြေစာကို ထုတ်ပေးတယ်ဆိုတဲ့ သက်ဆိုင်ရာ ရုံးဌာနကို မေးမြန်း စုံစမ်းလို့ရတယ်''
''မြေကို ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို စုံစမ်းရမယ်ပေါ့ ဟုတ်လား''
''ကျေးရွာနဲ့ မြို့ပြ ဆင်ခြေဖုံး နေရာတွေမှာတော့ နီးစပ်ရာ မြေစာရင်းဦးစီးဌာနမှာ စုံစမ်းလို့ ရတယ်။ မြို့ရွာ နှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စတဲ့ တရားဝင်ဌာနဆိုင်ရာတွေမှာ သွားရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်တယ်''
''ဒါဆိုရင် သက်ဆိုင်ရာဌာနက အတု ၊ အစစ် ခွဲခြားပေးတယ်ပေါ့''
''ဒီသဘောပေါ့လေ ၊ တင်ပြတဲ့ မြေကွက်ပြေစာ ၊ မြေကွက်ရဲ့ မြေချပါမစ် ၊ မြေဂရန်တွေဟာ သက်ဆိုင်ရာဌာနက ထုတ်ပေးခဲ့ခြင်း ရှိ ၊ မရှိ စီစစ်ပေးတယ်''
''သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ စာရွက်စာတမ်း မဟုတ်ရင် လက်ဝယ်ရှိသူမှာ အပြစ်ရှိသလား''
''မှန်ကန်တဲ့ စာရွက်စာတမ်း မဟုတ်မှန်းသိလျက်နဲ့ မြေကွက်ကို အကြောင်းပြ ရောင်းမယ်ဆိုရင် အပြစ်ရှိသွားမှာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်မယ် ထင်တယ်။ မိတ်ဆွေတစ်ဦးက ရန်ကုန်မြို့ပြ ဆင်ခြေဖုံးမြို့နယ်တစ်ခုမှ မြေဂရန်ရှိပြီး မြေကွက်တစ်ကွက်ကို ဝယ်လိုက်တယ်။ နောက်မှာ မြေကွက် သွားကြည့်တော့ အခြားလူတွေ နေကြတာကို တွေ့ရတယ်။ ဒါနဲ့ မြို့ရွာ နှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားပြီးစုံစမ်းတော့ ဒီမြေဂရန်ဟာ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်စာချုပ် မဟုတ်ဘူးလို့ ပြန်ကြားစာ ရခဲ့တယ်။ ဒီမှာပဲ သူ့ကို လိမ်လည် ရောင်းချတယ်ဆိုပြီး တရားစွဲလို့ ရောင်းချသူတွေ ထောင်ဒဏ်ကျခံခဲ့ရတယ်။ ဒါကြောင့် သိလျက်နဲ့ ရောင်းရင်တော့ အပြစ်ရှိမှာ ဖြစ်တယ်''
''လိမ်လည် ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ''
''လိမ်လည် ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်တော့ ဝယ်သူက အဆုံးရှုံးခံရမှာပေါ့''
''မြေချပါမစ် ၂ ခု ထပ်နေမယ် ၊ မြေဂရန် ၂ ခု ထပ်နေရင် သက်ဆိုင်ရာဌာနက ဘယ်သူ့ကို တရားဝင် အသိအမှတ်ပြုမလဲ''
''ဒါလည်း မကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ ။ မြေချပါမစ် ၂ ခု ၊ မြေဂရန် ၂ ခု ထပ်နေမယ်ဆိုရင် သက်ဆိုင်ရာဌာနက စီစစ်ပြီး အမှန်တကယ် ထုတ်ပေးထားတဲ့ စာရွက်စာတမ်းကို အတည်ပြုကြောင်းနဲ့ မမှန်မကန် ရယူထားတဲ့ စာရွက်စာတမ်းကို ပယ်ဖျက်ကြောင်း ကြေညာမှတ်တမ်း တင်ပေးမှာဖြစ်တယ်''
''ဒီလိုဆိုတော့လည်း မြေမဝယ်မီမှာ သေချာစုံစမ်းသင့်တယ်''
''ဟုတ်တယ် ၊ ဒါနဲ့ပတ်သက်လို့ ဗဟုသုတအဖြစ် ပြောရရင် နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အများသိစေရန် ကြေညာချက် ထုတ်ပြန်ပေးတာမျိုး ရှိတယ်''
မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (x) ၊ မြေကွက်အမှတ် (xx) အား ဦး ... အမည်ပေါက် မြေချပါမစ် တင်ပြပြီး ၊ ဦး ... မှ အမှုတွဲအမှတ်(x)ဖြင့် ဂရန်လျှောက်ထားရာ မြေငှားစာချုပ် အမှတ်ဖြင့် (xxx)နေ့တွင် ၎င်းအမည်ပေါက် မြေငှားစာချုပ်(ဂရန်) ထုတ်ယူသွားပြီး ဖြစ်ပါသည်။
အဆိုပါ မြေကွက်ကိုပင် ပါမစ်အမည်ပေါက်ဦး ... ထဲမှ ဝယ်ယူထားသူ ဒေါ် ... မှ ပါမစ်မူရင်း တင်ပြ၍ ဂရန်သစ် လျှောက်ထားလာသည်။
မြေကွက် တစ်ကွက်တည်းကို မြေချပါမစ် ၂ စောင် ထွက်နေသဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ အတည်ပြု မေးမြန်းခဲ့ရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပထမ ဦး ... တင်ပြသော မြေချပါမစ်မှာ ၎င်းဦးစီးဌာနမှ ထုတ်ပေးထားသော ပါမစ်မဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဦး ... ထံသို့ ထုတ်ယူသွားသော မြေငှားစာချုပ် မူရင်းအား ဌာနသို့ ပြန်လည်အပ်နှံရန် ၃ ကြိမ်တိုင်တိုင် အကြောင်းကြားပြီး ဖြစ်သော်လည်း ဌာနသို့ လာရောက် အပ်နှံခြင်း မရှိပါသဖြင့် မြေဂရန် လျှောက်ထား ရယူသွားသော မြေငှားစာချုပ်အမှတ် (x) ဦး ... အမည်ပေါက် မြေငှားစာချုပ် ဂရန်စာအုပ်အား မြို့မြေစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အသိပေး ကြော်ငြာအပ်ပါသည်'' လို့ ဖော်ပြ ကြော်ငြာပေးပါတယ်''
''ဒါဆို အဝယ်မမှားအောင် သေချာစီစစ်ဖို့ လိုပြီပေါ့''
''မှန်တယ် သူငယ်ချင်း ၊ ခိုင်မာတဲ့ အထောက်အထား ဟုတ် ၊ မဟုတ် သေချာ စုံစမ်းစစ်ဆေးပြီးမှ ဝယ်သင့်တယ်။ ဒါမှမဟုတ်ရင် ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နိုင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်လို့ မြေနဲ့ အိမ်ကိုဝယ်ရင် အထူးသတိပြုသင့်တယ် သူငယ်ချင်း''
ရေးသားသူ ထီယု(ဥပဒေအတိုင်ပင်ခံ)
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...