မြေ ဝယ်ယူမည့်သူများ အတွက် မြေပိုင်ဆိုင်မှုစာရွက်စာတမ်းများ ကြည့်ရှုစစ်ဆေးကြတဲ့အခါ

မြေ ဝယ်ယူမည့်သူများ အတွက် မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ ကြည့်ရှုစစ်ဆေးကြတဲ့အခါ ပုံစံ- ၁၀၅ /၁၀၆တွင် ပါဝင်သောမြေအမျိုးအစားများကို တွေ့သော်ငြားလည်း မည်သည့်အမျိုးအစားမှန်း မသိ နားမလည်ကြသည့်အတွက် အခက်အခဲ ကြုံတွေ့ရတတ်ပါတယ်။ မှားယွင်းဝယ်ယူမိတဲ့ အခါမှာ လည်း ဆုံးရှုံးနစ်နာမှုများ ရှိနိုင်တဲ့အတွက် မိမိရှာဖွေလိုသော မြေအမျိုးအစားများကို အရင်သိရှိနိုင် စေရန် အောက်ပါ မြေအမျိုးအစား သင်္ကေတဖော်ပြချက်များကို ဖော်ပြပေးလိုက်ရပါတယ်။
မြေအမျိုးအစား သင်္ကေတဖော်ပြချက်များ.......
ယာမြေ = Y
ကိုင်းမြေ K / KA / KY
ဥယျာဉ်မြေ = G / U
ဓနိမြေ = D
အခြားမြေ = O A
အပိုင်ရမြေ / ဘိုးဘွားပိုင်မြေ = O ၊
အချို့အရပ်တွင် = B မြေပိုင် အခြေအနေရရှိ တဲ့( လက်ဝယ်ထားရှိ ပိုင်ခွင့်ရှိသော ) မြေကို = C
အငှား ဂရန်မြေ ( သို့ ) ဂရန်မြေ = L
လိုင်စင်မြေ = H
အခွင့်မရဘဲ ဝင်ရောက် ကျူးကျော်နေထိုင်သည့် squarter = A
မိုးကောင်း လယ်မြေ = R
ပ အတန်းစား မိုးကောင်း လယ်မြေ = R1
ဒု အတန်းစား မိုးကောင်း လယ်မြေ = R2
တ အတန်းစား မိုးကောင်း လယ်မြေ = R3 ( အထွက်နှုန်းစပါး ၃၀ အောက် )
စ အတန်းစား မိုးကောင်း လယ်မြေ = R4 ( အထွက်နှုန်းစပါး ၂၀ အောက် )
အစိုးရ ဆည်ရေသောက် လယ်မြေ = RG
ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ = RP
မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ = M
ကင်းလွတ်ခွင့်ပြုသည့်လယ်ယာမြေ =က
ဝေငှသည့်လယ်ယာမြေ = ၀
နိုင်ငံတော် အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာမြေ သုံးစွဲနိုင်သည့် လုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဖြင့် သုံးစွဲခွင့်ပြုထားသည့်မြေ = ခ
လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ(၅)အရ သိမ်းယူပြီး ၊ ဝေငှခြင်း မပြုနိုင်သဖြင့် ကျန်ရှိသည့်မြေ နှင့် နိုင်ငံတော်အစိုးရထံ ပြန်အပ်မြေများ = ရ
ဒီလောက်ဆို မြေအမျိုးအစားကို မည်သို့ သုံးစွဲကြောင်း အကြမ်းဖျင်း သိနိုင်မည်ဖြစ်ပါသည်
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...