#ဒေါပုံမြို့နယ်ဆိုဇေယျာသီရိရပ်ကွက်မှလိုချင်ပါတယ်ဆိုတဲ့အဝယ်များအတွက်...
Exchange Rates
Features
Facilities
Property Details
#ဒေါပုံမြို့နယ်ဆိုဇေယျာသီရိရပ်ကွက်မှလိုချင်ပါတယ်ဆိုတဲ့အဝယ်များအတွက်...
ဒေါပုံမြို့နယ်မဟာဗန္ဓုလတံတားအဆင်းကလူတိုင်းကြိုက်ကြတဲ့ဇေယျာသီရိရပ်ကွက်အောင်သစ္စာလမ်းမကျယ်ပေါ်ကပြင်ဆင်ပြီးအသင့်တက်နေလို့ရတဲ့တိုက်ခန်းအရောင်းပါရှင့်။
ရောင်းဈေး (၃၂၀)သိန်း(ညှိနှိုင်း)ပါ။
ဈေးနီး၊ကျောင်းနီးကားမှတ်တိုင်နီးတယ်ဆိုတဲ့အခန်း။
Foundation ကောင်းကောင်းနဲ့ (၆)ထပ်အပြည့် ဆောက်ထားတဲ့တိုက်ရဲ့ (၅ လွှာ)ဖြစ်ပြီးသူ့အပေါ်မှာတော့ (၁)ထပ် ကျန်ပါသေးတယ်။
မြေအကျယ် (၂၅×၅၀) ပေပေါ်မှာ နှစ်ခန်းတွဲ ဆောက်ထားတာဖြစ်လို့ အခန်း အကျယ်အဝန်း (၁၂×၅၀)ပေရှိပါတယ်။၅လွှာဆိုပေမယ့်လှေခါးပြေပြေလေးကိုတက်ရလို့သက်တောင့်သက်သာကျန်းမာရေးအတွက် လေ့ကျင့်ခန်းသဘောမျိုးအတက်အဆင်းလုပ်နေသလောက်ပါဘဲနော်။
တိုက်မျက်နှာစာကလည်း လူတိုင်းကြိုက်မယ့် အရှေ့တည့်တည့်လေး လှည့်ထားတာ။
ယမုံနာလမ်းမကြီးနဲ့(၂)မိနစ် လောက်လမ်းလျှောက်တာနဲ့ ရောက်တာမို့မြို့ထဲကပြန်ပြန် အနီးဆုံးမှတ်တိုင်နေရာမှာရှိ တယ်။
ယမုံနာလမ်းမကြီးရဲ့ ရန်ပြေမှတ်တိုင်နဲ့မာန်ပြေမှတ်တိုင်အကြားဖြစ်လို့ ရတနာဈေးရုံကြီး၊ ပေ(၈၀)လမ်းညဈေးတန်း၊ကျန်းမာ ရေးအတွက်မိုးသီးဆေးခန်း၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်၊G &G၊ ABC Store ဆိုင်များနဲ့အနီးဆုံးနေရာမှာ ရှိတာမို့ သွားရေးလာရေး စားရေး သောက်ရေး ကတော့ ဘာမှကို ပူနေစရာ မလိုတဲ့ နေရာမျိုးလေးမှာပါ။
ယုံကြည်အားကိုးစွာနဲ့စုဆောင်းထားတာလေးတွေပြန်ထုတ်လို့မရတဲ့ ကမ္ဘောဇဘဏ်၊ဧရာဝတီဘဏ်၊CBဘဏ်ဆိုတာလည်းနီးနီးလေး။
အပြင်အဆင် အနေအထား က ပုံထဲမှာ မြင်ရတဲ့အတိုင်း တစ်ထပ်ထည်းဘဲ.. ဆေးလိုင်းကကြည်ကြည်လင်လင်မိုးပြာရောင်လေးသုတ်ထားတယ်။မီးလိုင်းကအသစ်။
ပါကေး ကြွေပြား အပြည့်ခင်းထားတယ်။ရှေ့ဝရံတာSunshade လေးထည့်ပေးထားတယ်။အိမ်သာကဘိုထိုင်။
ဂျိုးဖြူရေရော အဝီစိရေရော နှစ်လိုင်းလုံး ရတာကလည်း ဒီအခန်းလေးရဲ့ အားသာချက်တွေထဲက တစ်ခု အပါအဝင်ပါဘဲနော်။
Bcc ကျပြီးဖြစ်ပြီး ကိုယ်ပိုင်မီတာ ကိုယ်ပိုင်မော်တာ အားလုံး အပြည့်အစုံ တပ်ဆင်ပြီးသားပါ
စာရွက်စာတမ်းအရှုပ်အရှင်းကင်းပြီး ဆက်စပ်စာချုပ် အပြည့်အစုံ ရှိတာကြောင့် ပိုင်ဆိုင်မှုအတွက် ပူစရာမလို စိတ်ချ လက်ချ ဝယ်ယူနိုင်ပါတယ်။
အခန်းကြည့်ချင်တယ်ဆိုရင်တော့ (၁)နာရီကြိုချိန်းပေးပါအိမ်ရှင်နဲ့ ဝယ်လက် နှစ်ဦးစလုံးအားမယ့်အချိန်ကိုချိန်းဆိုပေးရတာဖြစ်လို့ တကယ်လာကြည့်ဖြစ်မယ်သေချာမှချိန်းဆိုပေးကြဖို့ကြိုတင်မေတ္တာရပ်ခံပါတယ်
-
-
-
Related Properties

မြို့ထဲနဲ့အနီးဆုံးမဟာဗန္ဓုလတံတားအဆင်းဒေါပုံမြို့နယ်တိုက်ခန်အရောင်...
Yangon Region » Dawbon ( ဒေါပုံ )Exchange Rates

ပြင်ဆင်ပြီးအသင့်တက်နေလို့ရတဲ့တိုက်ခန်းအရောင်းပိုစ့်ပါရှင့်
Yangon Region » Dawbon ( ဒေါပုံ )Exchange Rates

? မင်းနန္နာ လမ်းမကြီး ဒဲ့ပေါက် ဗိုလ်လရောင် လမ်းမကြီးပေါ်မှ စျေးတန...
Yangon Region » Dawbon ( ဒေါပုံ )Exchange Rates

#သုံးရာကျော်လေးတွေမေးနေကြလို့ #ပြင်ဆင်ပြီးသားလေးလာရောင်းပါတယ်ရှင့...
Yangon Region » Dawbon ( ဒေါပုံ )Exchange Rates

ဒေါပုံ ဝါဆိုမှတ်တိုင်အနီး ဂျပန်တံတားဆင်းရင်ဘယ်ဘက်ခြမ်း ၁၂ခွဲ၅၀ပေ
Yangon Region » Dawbon ( ဒေါပုံ )Exchange Rates