Special Deal For You

💥အချက်အချာကျတဲ့နေရာမှာ ခြံပိုင်ဆိုင်ဖို့ အခွင့်အရေး
Shan State » Kalaw ( ကလော )အိမ်ခြံမြေအရောင်းအဝယ်မှာ ပွဲပျက်သွားတဲ့အထိ အရေးပါတာ ဘယ်သူလဲ?
Features
Facilities
Property Details
အိမ်ခြံမြေအရောင်းအဝယ်မှာ ပွဲပျက်သွားတဲ့အထိ အရေးပါတာ ဘယ်သူလဲ?
*****************@@@@@@@******************************************
အိမ်ခြံမြေဝယ်လိုသူများ /ရပ်ကွက် အတွင်းရှာနေပြီဆိုကတည်းက ပွဲစားများက ရောင်းမယ့် မြေကွက်နဲ့ အိမ်တွေကိုလိုက်ပြပေးကြတယ် ။ရောင်းမယ့် မြေကွက်တွေက မြေချပါမစ် ကိုလည်းတွေ့ရတယ် ။ အနှစ် (၆၀)ဂရန် မြေကွက်ကိုလည်းပြကြတယ် ။ဝယ်သူဆိုတာကတော့ ဂရန်မြေ /ပါမစ်မြေဆိုတာထက် ၊ ရပ်ကွက်အခြေအနေ ၊ လမ်းအခြေအနေ ၊ သွားလာဆက်သွယ်ရေးကောင်း/မကောင်း အခြေအနေတွေအပေါ်မူတည်ပြီး နေရာကို ရွေးချယ်ဝယ်ယူချင်ကြတာများတယ် ။ဒီထက် အကြိုက်ဆုံးက ဝယ်မယ့်မြေကွက်ဟာ ထောင့်ကွက်ဖြစ်ဖို့ပါဘဲ ။
ထောင့်ကွက် ကြိုက်သူများရေ ၊ လှတာမက်တော့ ညစာခက်သလေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထောင့်ကွက်တွေ့ပြီဆိုရင် ထောင့်ကွက်မြေဈေးကလည်း ရပ်ကွက်လိုက်ပြီး ဈေးနှုန်းတွေက မတူကြဘူး ။နေရာပေါ်မူတည်ပြီး အတွင်းလမ်းသွယ်ထဲက မြေကွက်ဈေးတောင် သိန်း (၅၀) ၊သိန်း (၁၀၀) အထိတောင်ဈေးတင်ထားတက်ကြတယ် ။များသောအားဖြင့် ထောင့်ကွက်တွေ ဟာ “ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” ဖြစ်လို့ ဈေးပိုခေါ်တာလည်းဖြစ်ပါတယ် ။ ဥပမာပြောရရင်။ ။ ချောမောလှတဲ့ မိန်းကလေးဆိုရင် ယောင်္ကျားတိုင်းကစိတ်ဝင်စားလို့ပါဘဲ။ ``လှတာမက်တော့ ညစာခက် ´´စကားလို့ဘဲ တစ်ခါတစ်ရံကျရင် ထောင့်ကွက်တွေဝယ်ရတာ အတော်စိတ်ညစ်စရာတွေနဲ့ ကြုံရတယ် ။ စိတ်ညစ်စရာကြုံရပုံလေး ပြောပြရဦးမယ် ။
မောင်ကောင်းဖေရဲ့ မိတ်ဆွေတစ်ဦးက ဒဂုံမြောက်ပိုင်းမှာ (40 ‘x 60 ‘) ဝယ်လိုက်တယ် ။ဂရန်မြေဆိုတော့ ထုံးစံအတိုင်း ရောင်းသူဘက်က မြို့တော်စည်ပင်မြေယာဌါနမှာ “အရောင်းမြေပုံ ”ကူးပေးရတယ်။မြေပုံထွက်လာမှ ဝယ်သူကကျန်တဲ့ ငွေပေးချေရမှာလေ ။အဲ့ဒီတော့ ရောင်းသူဘက်ကလည်း ကျန်ငွေလိုချင်တာနဲ့ စည်ပင်ကအရောင်းမြေပုံ ထွက်လာအောင် အသည်းအသန်လိုက်ပြီး ဆောင်ရွက်တာပေါ့ ။ဒါပေမဲ့လည်း “ အလျင်လိုအနှေးတွေ့” ဆိုရိုးစကားအတိုင်းပါဘဲ ။ သက်ဆိုင်ရာ မြေတိုင်းအဖွဲ့က မြေကွက် မှာလာပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ဖို့ဆဲဆဲမှာ ဌါနအတွင်း ၊ ရုံးမိန့် အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပေါ်လာတယ်ဗျာ။
“ အရင်းစစ်” တော့ “ အမြစ် ”မြေက ဆိုတဲ့အတိုင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ရှိ မြေပိုင်ဆိုင်သူတွေကိုင်ထားတဲ့ ဂရန်စာအုပ်အများစုကလည်း အရင်တုန်းက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတာတွေလေ ။အဲ့ဒီ (အိုးအိမ်) ကထုတ်ပေးထားတဲ့ ဂရန်တွေကို ကြည့်လိုက်ရင် အမျိုးသာမှတ်ပုံတင်နံပါတ်တွေနဲ့ ရေးမှတ်ထားတာတွေ့ရတယ် ။တချို့က အဲဒီမှတ်ပုံတင်ကို (၃)ခေါက်ချိုးမှတ်ပုံတင်လို့လည်း ခေါ်ကြတယ် ။ အဲ့ဒီတုန်းက နိုင်ငံသားစီစစ်ရေးကဒ်ပြားဆိုတာ အခုလို လူတိုင်းကိုင်ကြသေးတာမဟုတ်ဘူး ။နိုင်ငံသားကဒ်ပြားထုတ်ပေးထားပြီးရင်လည်း ရတဲ့လူတွေက ကိုယ့်နံပါတ်ကိုယ် မှတ်မိကြတာမဟုတ်ဘူးလေ ။ ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲမှတ်ထားတဲ့ အမျိုးသားမှတ်ပုံတင်နံပါတ်ကိုဘဲ အလွတ်ရနေကြတာ ။
အဲ့ဒီတော့ ဌါနဆိုင်ရာတွေက စီမံချက်အရ ရပ်ကွက်ထဲလာပြီး ဂရန်လျှောက်ခိုင်းတဲ့အခါကျတာ့ လွယ်လွယ်ကူကူအလွတ်ရနေတဲ့ မှတ်ပုံတင်နံပါတ်တွေဘဲ ပြောလိုက်တာပေါ့ ။ဥပမာ ။ ။ တောင်ဥက္ကလာပဆိုရင် (S/OKA……………….) ပေါ့ဗျာ ။ အဲဒီလိုလုပ်ပေးမိတဲ့ ကိစ္စတွေကို တာဝန်ယူပေးခဲ့တဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်အိုးအိမ်)က တဆင့် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌါနကိုလည်း လွှဲပေးလိုက်ရော ဂရန်မှာ (၃)ခေါက်ချိုးမှတ်ပုံတင်နံပါတ်နဲ့ ရေးမှတ်ထားတာတွေပယ်ဖျက်ပြီး မြေအမည်ပေါက်သူရဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနံပါတ် ပြန်ထည့်ခိုင်းတဲ့အချိန်နဲ့ လာကြုံနေကြရတယ် ။
အဲဒီလို ကြန်ကြာသွားတဲ့အတွက်ကြောင့် အရင်က " အရောင်းမြေပုံ " ကူးရင်တစ်လလို့ ထင်ခဲ့ပေမယ့် အခုတော့ “ အရောင်းမြေပုံ ” ကူးရင်(၂)လကျော် ကြာသွားတတ်တာကို တွေ့ရပါတယ် ။ဒီလို အခက်အခဲကြုံလာရော ၊သတ်မှတ်ရက်မှာ အပြီးသတ်စာချုပ်ချုပ်ပေးနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီး ပိုပြီးအလှမ်းဝေးသွားတာပေါ့ ။
အဲဒါကြောင့် ရောင်းသူကလည်းကျန်ငွေအပြီးချေစေချင်တယ် ။ဝယ်သူကလည်း “ အရောင်းမြေပုံ ” မရရင်ငွေမချေနိုင်ဘူး၊ “ အရောင်းမြေပုံ ”ရတဲ့နေ့မှာ ကျန်တဲ့ငွေကိုအပြီးချေမယ် ၊ ဝယ်သူကိုလည်း ရောင်းသူက (SP=Special Power ) ပေးရမယ် ဆိုပြီး အငြင်းအခုံ ဖြစ်ကုန်ကြပါလေရော။
ပြောင်းလဲတာက မြို့တော်စည်ပင်မြေယာဌာန ၊ သတိထားလို့စာချုပ်ကြ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နှစ်ဦးနှစ်ဘက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားစေချင်တာက တော့ ဝယ်သူရဲ့ ရှေ့နေပါဘဲ ။အရင်လို “ စတိုင်” တွေမလုပ်နိုင်တော့ဘဲ သက်ဆိုင်ရာမြေစီမံဌါနက ဝန်ထမ်းတွေဆီအပြေးသွားပြီး အကူအညီတောင်းကာ မျက်နှာချိုသွေးရတော့တာပေါ့ ။သူတို့ ပြောသမျှဆိုသမျှလည်း ခံရတော့တာပေါ့ ။ဘယ်တတ်နိုင်မှာလဲ ။ ။အရင်လိုဘဲထင်ပြီး “အရောင်းမြေပုံ ”ထုတ်ရင် တစ်လနဲ့ ရတယ် ။တစ်လခွဲနဲ့ ရတယ်လို့ ကတိပေးမိတာကို ။အခုတော့ ကိုယ်ဖော်တဲ့ဆေးကိုယ်မစားနိုင်တဲ့ အဖြစ်မျိုးကြုံကာ “အရောင်းမြေပုံ ” ထွက်လာတဲ့အထိကြိုးစားယူရတော့တာပေါ့။ “အရောင်းမြေပုံ ” ရသွားပြီးရင်တော့ အခွန်ရုံးတင်ပြတာတို့၊ အရောင်းအဝယ်စာချုပ်ချုပ်တာတို့ကတော့ မြို့တော်စည်ပင်မြေစီမံဌာနက အရောင်းမြေပုံရမှသာ စာချုပ်ချုပ်လို့ရမှာဖြစ်တဲ့အတွက် အိမ်၊ ခြံ ၊ မြေ ရောင်းကြဝယ်ကြတော့မယ်ဆိုရင် စည်ပင် “အရောင်းမြေပုံ ” ရတဲ့နေ့မှာ ကျန်ငွေပေးချေနိုင်မယ်ဆိုတဲ့အချက်တစ်ခုကို စာချုပ်ထဲမှာ ထည့်ရေးသင့်ပါကြောင်း အကြံပေးတင်ပြလိုက်ရပါတယ်။
✍️စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ✍️
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ရဲ့စာသားများကိုကူးယူဖော်ပြခြင်းဖြစ်ပါသည်
Related Properties

လူကြီးမင်းတို့ စိတ်ဝင်စားပါက Page messenger / Viber/ Phone တို့မ...
Mandalay Region » Mandalay ( မန္တလေး )
း လုပ်ငန်းလုပ်ရန် ကောင်းသော နေရာများ ရောင်းရန်ရှိပါသည်
Mandalay Region » Mandalay ( မန္တလေး )
▪️မန္တလေးနေရာစုံအရောင်း ▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက...
Mandalay Region » Mandalay ( မန္တလေး )
ဒီလိုမြေကွက်ကလှလှ၂ကွက်တွဲရှာနေတယ်ဆိုရင်_ကိုထိန်လင်း_အိမ်ခြံမြေမှာ...
Mandalay Region » Mandalay ( မန္တလေး )