''ဟန်ဆောင် မွေးစား စာချုပ် ချုပ်ဆို လို့ရ ပါသလား ''ဆရာဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာရောက် မေးမြန်း ဆွေးနွေး ပါသည်။

16-Dec-22 အခြား
''ဟန်ဆောင် မွေးစား စာချုပ် ချုပ်ဆို လို့ရ ပါသလား ''ဆရာဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာရောက် မေးမြန်း ဆွေးနွေး ပါသည်။

ဟန်ဆောင် မွေးစား စာချုပ် ရှိပါသလား
           '' ဟန်ဆောင် မွေးစား စာချုပ် ချုပ်ဆို လို့ရ ပါသလား''ဆရာဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာရောက် မေးမြန်း ဆွေးနွေးပါသည်။
''ဥပဒေ မှာတော့ ဟန်ဆောင် မွေးစား စာချုပ်လို့ မရှိဘူး ။ ဘယ်လို ကိစ္စဖြစ် လာလို့လဲ ‘’
'' ကိတ္တိမ မွေးစား စာချုပ်နဲ့ ချုပ်ဆို ထားရင် တရားဝင်တယ် မဟုတ် လား ‘’
'' ကိတ္တိမ မွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေ အရ အမွေစား အမွေခံ သားသမီး အဖြစ် ရည်ရွယ်ပြီး မွေးစား ခြင်းဖြစ် ရပါမယ် ။

‘’ စာချုပ် စာတမ်း ရုံးမှာ မွေးစား စာချုပ်ကို မှတ်ပုံတင် ပြုလုပ် ချုပ်ဆိုရမှာ ဖြစ်တယ် ။ မွေးစားခံ ရတဲ့ သားသမီး အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီး အရွယ် ရောက်သူ ဖြစ်လျှင် မွေးစား မိဘ နှင့်အတူ စာချုပ်မှာ ကိုယ်တိုင် လက်မှတ် ရေးထိုး ရပါတယ် ။ တကယ်လို့ မွေးစား ခံရတဲ့ သားသမီး ဟာ အရွယ် မရောက် သေးသူ ဖြစ်လျှင် ¤င်း၏ မိဘအရင်း ရှိပါက မိဘအ ရင်း ကိုယ်တိုင် လက်မှတ်ရေး ထိုးရမယ် ။ မိဘ မရှိပါက မွေးစား ရန်ပေး နိုင်သူက လက်မှတ် ရေးထိုး မှတ်ပုံ တင်ချုပ် ဆိုရမှာ ဖြစ်ပါတယ် ''

 

            '' မိဘ မရှိဘူး ဆိုတာက ကွယ်လွန် သွားတာလား ။ တစ်ခါ တစ်ရံမှာ မိဘက မစောင့်ရှောက် ဘဲပစ်သွား တာမျိုးလား ။ ဘာကိုဆိုလိုတာလဲ''
''မိတ်ဆွေ ကြီး ပြောသလို မိဘ အရင်း တွေက ကွယ်လွန်သွားတာ လည်း ဖြစ်နိုင် ပါတယ်။ အုပ်ထိန်းသူ တစ်ဦးဦးက တာဝန်ယူဆောင်ရွက် လက်မှတ် ရေးထိုး ရမှာ ဖြစ်တယ် ‘’
''အဘွား ဖြစ်သူက မြေး တော်စပ် သူကို မွေးစား လို့ရ ပါသလား ‘’
''မွေးစားလို့ ရပါတယ် ။ သွေးသား မတော်စပ် သူကိုပင် အမွေစား အမွေ ခံ သားသမီး အဖြစ် ရည်ရွယ်ပြီး ကိတ္တိမ မွေးစားစာချုပ် မှတ်ပုံတင် ချုပ်ဆိုပြု လုပ်နိုင် ပါတယ် ‘’
''မှတ်ပုံတင် မချုပ်ဆိုရင် မွေးစား ခြင်း တရား မဝင် ဘူးလား ''


             ''အရပ်စာချုပ် သဘောမျိုး ချုပ်ဆို ထားရင်တော့ မွေးစားသူမှာ သားရင်း သမီးရင်း ရှိရင် အမွေ ဆက်ခံခွင့် မရဘူး။ မှတ်ပုံတင် စာချုပ်နဲ့ ချုပ်ဆို မွေးစားမှသာ မွေးစား မိဘရဲ့ သားရင်း သမီးရင်း များ နှင့်အတူ အမွေရပိုင် ခွင့်ရှိမှာ ဖြစ်တယ် ''
'' အခုကိစ္စ မှာ မွေးစား စာချုပ် တော့ရှိတယ် ။ ဆရာ ပြောသလို မှတ်ပုံ တင် မွေးစား စာချုပ် လို့ဆို ပါတယ် ။ ဖခင်ဖြစ် သူက နှိပ်စက်မှာစိုးလို့ အဘွားက မွေးစား စာချုပ်နဲ့ ဟန်ဆောင် ချုပ်ခဲ့တာလို့ ပြောတယ် ''
''မွေးစား မိဘနဲ့ မိတ်ဆွေကြီးက ဆွေမျိုး တော်စပ် လို့လား ၊  ဘယ်လိုပတ် သက်မှု ရှိနေ လို့လဲ''


              ''အိမ် ရောင်းမယ် ဆိုလို့ ကျွန် တော် သွားကြည့် တယ် ဆရာ ။ မြေက တော့ ဂရန်မြေကွက် နှစ်ထပ်တိုက် ၊ ပေ ၂ဝ x ပေ ၆ဝ ရှိမယ် ။ ရောင်း မယ်ဆိုတော့ အမွေဆိုင် အိမ်ဖြစ် နေတယ် ။ မြေကွက် အမည်ပေါက်က ကွယ်လွန် သွားတဲ့ ဖခင် အမည်ပေါက်  ဖြစ်တယ်။ မိခင်ကြီးကလည်း ဆုံးပါး သွားပြီ။ ဒါကြောင့် မောင်နှမ သုံးဦး က အမွေခွဲဖို့ ရောင်းတာ ဆရာ''
'' မောင်နှမ သုံးဦး ထဲမှာ ကိတ္တိမ မွေးစား သားသမီး ပါလို့လား ''


              ''မောင်နှမ သုံးဦးမှာ အစ်မကြီးက အပျိုကြီး ယခု လက်ရှိ တူ  ၊ တူမတို့ နဲ့ အတူ နေထိုင်တယ် ။ အလတ်မောင် ဖြစ်သူနဲ့  ညီမအငယ်က သူတို့အိမ် ထောင်နဲ့သူ သီးခြား နေကြတယ် ။ အခုကိစ္စက လက်ရှိ အိမ်မှာ နေတဲ့ တူ နဲ့ တူမက အဘွားဖြစ်သူက သူတို့ကို ကိတ္တိမမွေးစားစာချုပ်နဲ့ မွေးစားတာ ကြောင့် အမွေဝေစုရသင့်တယ်လို့ ကန့်ကွက်တာ ဆရာ''   
''တူ ၊ တူမ အရင်းလား ။ ဘယ်သူ ရဲ့  သားသမီး တွေလဲ''


       '' ညီမငယ်ရဲ့ သမီးနဲ့ သားလို့ ပြောပါတယ် ''
''ဥပဒေ အရ ဆိုရင်တော့ တူ ၊ တူမတွေနဲ့ မောင်နှမ တော်စပ်တဲ့ သဘော ဖြစ်သွားတယ် ''
' ဒါဆိုရင် တူ ၊ တူမတွေရဲ့ မိခင် ကလည်း ဝေစု ပါမလား ''
''ဥပဒေ အရတော့ မအေနဲ့ သား သမီးနှစ်ဦးက အမွေဆက်ခံ ခွင့်ရှိတဲ့ မောင်နှမတွေ ဖြစ်သွားတယ် ''
'' အမွေပုံက ငါးပုံ ဖြစ်သွားမှာ ပေါ့ ''
''ဟုတ်ပါတယ်''
''ဒါပေမယ့် ရောင်းမယ့် သမီးကြီး ဖြစ်သူက တူ ၊ တူမတွေက မဆိုင်ဘူး ။ သူ့အမေ ဝေစုပါ နေလို့ အမေ့ဆီကပဲ ရခွင့် ရှိတယ် ။ ကိတ္တိမစာချုပ် ကလည်း တရားမဝင်ဘူး ။ သူတို့အဖေ နဲ့ အမေ လင်မယား အဖြစ်မှ ကွဲကြပြီး အဖေ က နှောင့်ယှက်မှာ စိုးလို့ သမီး နဲ့ သား ကို အဘွားက ဟန်ဆောင် ကိတ္တိမ စာချုပ် ချုပ်ပေး ခဲ့တာလို့ ပြောပါ တယ် ''


           ''အခု ကလေး တွေက အရွယ် ရောက်နေ ကြပြီပေါ့ ''
''ဟုတ်တယ် ဆရာ ။ အလုပ်ဝင် နေကြပြီ ။ ဘွဲ့ရပြီး သားလို့ သိရတယ် ''
''ကလေး တွေက သူတို့အမေ နဲ့ အတူမနေ ဘူးလား ''
''ကလေးတွေ အမေက နောက် အိမ်ထောင် ပြုသွားလို့ သီးခြားနေ တယ် ။ ကလေးတွေ အဖေကတော့ ကွယ်လွန် သွားပြီ ဖြစ်တယ် ''
''အပျိုကြီးက ခွဲမပေး ချင်တဲ့ သဘော ဖြစ်နေတာပေါ့ ''


          '' အလတ် ဖြစ်တဲ့ ယောက်ျားလေးက ခွဲမပေး ချင်တာဆရာ ၊  သူက အဓိ ကပဲ၊ သူပြော တာက မွေးစား စာချုပ်မှာ ကလေးနှစ်ယောက်က အရွယ်မ ရောက်သေး တော့ မိခင်က ကိုယ်စား လက်မှတ် ထိုးတယ် ။ ဖခင်ကလာ ရောက်လက် မှတ်မထိုးလို့ တရားမဝင် ဘူးလို့ ပြောတယ် ဆရာ ။ အဲဒါ ဟုတ် ပါသလား ''
''တစ်ခုတော့ ရှိတာ ပေါ့ဗျာ ။ ဖခင်ဖြစ် သူနဲ့ မိခင်တို့ နှစ်ဦးသဘော တူကွာ ရှင်းထားကြောင်း အထောက် အထားနဲ့အတူ မွေးစားစာချုပ်မှာ ဖော်ပြထား ရင်တော့ ဥပဒေမှာ ပါတဲ့ အတိုင်း မွေးစားရန် ပေးနိုင် သူအဖြစ် လက်မှတ် ရေးထိုး တာဖြစ်လို့ တရား ဝင်မှာဖြစ်ပါတယ်''


           ''ဒါဆိုရင် အဲဒီအချက် မွေးစား စာချုပ် မှာပါ မပါ သေချာ စိစစ် ဖို့လို တာပေါ့ ''
''မှန်ပါတယ် ။ ဒီအချက်ပါရင်တော့ စာချုပ်က ပြီးပြည့် စုံပြီး မွေးစား ခံရသူများက အမွေဆက် ခံခွင့် ရမှာ ဖြစ်ပါတယ် ။ အပြည့်အစုံဖော်ပြထားတာ မရှိရင်တော့ တရားရုံးမှာ အမွေမှု တရားစွဲ တာတွေ ဖြစ်လာ နိုင်ပြီး အဲဒီအခါမှ သက်သေ ထွက်ဆို ပြသရမှာ ဖြစ်ပါတယ်''


            ''ဘာပဲဖြစ်ဖြစ် ဟန်ဆောင် ကိတ္တိမ စာချုပ်တော့ မဟုတ်ဘူး ပေါ့ ''
ရှင်းအောင် ပြောရရင် နိုင်ငံ တော် တရားရုံး ချုပ်က ဆုံးဖြတ်တဲ့ ဦးမောင်မောင် လေး ပါ  ( ၂ )  နှင့် ဦးခင် မောင်တိုးပါ ( ၁၂  ) ၂ဝ၁၇ ခုနှစ် မြန် မာနိုင်ငံ တရားစီရင်ထုံး စာချုပ်နှာ-၁၅ဝ မှာ အရွယ် မရောက်သေး သည့် မြေးနှစ်ဦးကို အဘွားဖြစ်သူက ကိတ္တိ မမွေး စားခြင်း မှတ်ပုံတင် စာချုပ် ချုပ် ဆိုမွေးစား စဉ်က ဖခင်ရင်း နှင့် မိခင် ရင်းတို့မှာ နှစ်ဦး သဘောတူ လင်မယား ကွာရှင်းပြီး ဖြစ်သည် ။ 

 

           ကိတ္တိမ စာချုပ်တွင် ဖခင်ရင်းက လက်မှတ် မထိုးစေကာမူ မိခင် ရင်းက အရွယ်မ ရောက်သူ သမီးများအတွက် ကိတ္တိ မမွေးစား မှတ်ပုံတင် စာချုပ်တွင် လက်မှတ် ရေးထိုး ခြင်းသည် ယင်း ဥပဒေပုဒ်မ-၅  ( ၁ ) အရ မွေးစားခြင်း ကို သဘော တူညီချက် ပေးရန် လိုအပ် သူအဖြစ် လက်မှတ် ရေးထိုး ခြင်းဖြစ် ၍ တရားဝင် သည်လို့ ဆုံးဖြတ်ထား ပါတယ်''
''ဒါဆိုရင် အခုကိစ္စ မှာလည်း ဆရာ ပြောသလို မိခင်ရင်း အပါအဝင် ဥပဒေအရ မောင်နှမ ငါးဦးအဖြစ် အမွေခွဲ ရမှာပေါ့''
''မှန်ပါတယ်။ ညှိနှိုင်း ပြေလည် ရင်တော့ ဝယ်လိုက်ပါ ''ဟု တိုက်တွန်း ပြောကြား လိုက်ပါသည် ။


Credit: ထီယု ( ဥပဒေ အတိုင်ပင်ခံ )

 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate