ကျေးရွာ မြေကို ပိုင်ဆိုင်မှု ခိုင်မာ အောင် ဘယ်လို လုပ်ထား ရမလဲ?

ကျေးရွာ မြေကို ပိုင်ဆိုင်မှု ခိုင်မာ အောင် ဘယ်လို လုပ်ထား ရမလဲ?

         ကျေးရွာ မြေကို ပိုင်ဆိုင်မှု ခိုင်မာ အောင် ဘယ်လို လုပ်ထား ရမလဲ ?
ကျေးရွာ အတွင်း မှ အိမ်ကွက် များကို တစ်ကွက်ချင်း နယ်နိမိတ် ခွဲခြား၍ တိုင်းတာ ပုံထုတ် ထားခြင်း ၊ မှတ်တမ်း ထားခြင်း မြေစာရင်း ဌာနမှာ မရှိပါဘူး ။ ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာ ပြီး မြေပုံထုတ် မှတ်တမ်း တင်ထားခြင်း မရှိတာပါ ။ ဒါကလဲ ခေတ် အဆက်ဆက် ကျေးရွာ မြေတွေကို အခွန်ကင်း လွတ် ပေးထားပြီး ရွာ နယ်နိမိတ် လောက်ကိုသာ မြေပုံ ရေးဆွဲ ထားကြ လို့ပါ ။
ရွာအတွင်း တစ်ကွက် ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေအကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး ၊ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချ ထားပေး တဲ့ သဘောပါ ။ 

 

          ဂရန်ချ ထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ် ရှိမှသာ ပေးနိုင်တာပါ ။ ကျေးရွာ အတွင်းက မြေများသည် သာမန် အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း ( ၁ - က ) မထားပါဘူး ။ မြေ တစ်ကွက် ချင်းအတွက် ဧရိယာ စာရင်း ( ၁-ခ ) လည်း မရှိပါဘူး ။ မြေစာရင်း လက်စွဲ ဥပဒေ အပိုဒ် ၆၇၁ မှာ “အောက် မြန်မာ နိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်း ကြပ်မှု မှတ်ပုံ စာရင်း ၊ သို့မဟုတ် မြေကွက်များ မှတ်ပုံ စာရင်း များကို ပြုလုပ်ရန် မလိုချေ ။ အထက် မြန်မာ နိုင်ငံရှိ ရွာမြေ များတွင် စိုက်ပျိုး လုပ်ကိုင်မှု ရှိလျှင် နှစ်စဉ် မြေခွန် စည်းကြပ်မှု မှတ်ပုံ စာရင်း တခု ပြုလုပ် ထားရှိ ရမည် ။ 

 

          သို့သော် ဦးပိုင် မှတ်ပုံ စာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံ စာရင်း ထားရှိရန် မလိုချေ ”.. ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ် ။ သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာ အောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထား သင့်သလဲ ဆိုပါက ဆောင်ရွက် နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရ ပါတယ် ။ ပထမ အချက်က ကျေးရွာ ဂရန် ရရှိရေး ဖြစ်ပါတယ် ။ ဥပဒေ မှာတော့ ရွာမြေ တိုးချဲ့ခြင်း ၊ ရွာသစ် တည်ခြင်းများ အတွက်သာ ဂရန်ပေး ရန် ပြဌာန်းထား ပေမဲ့ ဒီ ဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်း စီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေး သည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင် ပါတယ် ။


           ဂရန် ရရင် မြေပိုင် ဆိုင်မှု တိကျပြီး ခိုင်မာတယ် ၊ ဘဏ်မှာ အပေါင်ထား လို့ရတယ် ၊ သို့သော် အရင်က မြေခွန် လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန် ဆောင်ရ ပါမယ် ၊ စီမံချက် မရှိသေးရင် ဂရန်ရဖို့ မလွယ်သေး ပါဘူး ။ အထက်မှာ တင်ပြ ခဲ့တဲ့ မြေရာဇဝင် ၊ မြေပုံ စာရင်း တွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေး ရတာနဲ့  ရွာများ အားလုံး အတွက် တိုင်းတာဖို့ မလွယ်သေး တာပါ ။
ဒုတိယ အချက်က လယ်ယာ မြေမှ ကင်းလွတ် ကြောင်း ၀န်ခံချက် လက်မှတ် ရယူခြင်း ဖြစ်ပါတယ် ။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြား နည်း သုံးနေတဲ့မြေ ၊ အိမ်ဆောက် နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါ တယ် ။ 

 

           ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃ ( ခ ) တွင် လယ်ယာ မြေဟု သတ်မှတ် ထားသော မြေအမျိုးအစားတွင် ရွာမြေ အ၀န်း အပိုင်းထဲမှ ဖေါ်ပြပါ အရပ် လေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါ ကြောင်းဟု မြေစာရင်း ဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထား ရယူခြင်း  ဖြစ်ပါတယ် ။


           ယခု ၂၀၁၂ လယ်ယာ မြေ ဥပဒေ ပုဒ်မ ၃( က ) ပါ ( ပုဒ်မ ၃ ၊ ( က ) ။ လယ်ယာ မြေ ဟူသော စကားရပ်တွင် မြို့နယ် နိမိတ်  ၊ ကျေးရွာ နယ်နိမိတ် အတွင်းရှိ လူနေ အိမ်ရာများ ၊ ဘာသာရေး အဆောက် အအုံ နှင့် ပရ၀ဏ်များ ၊ အများ ပိုင်ဆိုင် ၍ စိုက်ပျိုးရေးအတွက် အသုံးမပြု သောမြေများ မပါ၀င် ) ဟူသော စကား ရပ်အရ ဆိုပါက လယ်ယာမြေ မှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ကို 3 A လို့သုံးရမှာ ဖြစ်ပါတယ် ။


          သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေး ကော်မတီမှ လုပ်ထုံး လုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေ သော်လည်း ကျန်ဒေသ များအတွက် ဗဟိုလယ်စီ အဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန် ထားခြင်း မရှိသေး ပါဘူး ။ ဒါကြောင့် ညွှန်ကြား ချက်ရ မှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြ လိုက်ရ ပါတယ် ။


Credit : DVB
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate