ဒီလို စာချုပ်မျိုး ချုပ်မည်ဆိုလျှင် သတိထားသင့်သော အချက်များ စာချုပ်တွင် ကွက်လပ်များထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့်။

ဒီလို စာချုပ်မျိုး ချုပ်မည်ဆိုလျှင် သတိထားသင့်သော အချက်များ  စာချုပ်တွင်  ကွက်လပ်များထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့်။

ဒီလို စာချုပ်မျိုး ချုပ်မည်ဆိုလျှင် သတိထားသင့်သော အချက်များ 
         စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။
        ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့် တရားစွဲဆို နေကြခြင်း။
        ဥပဒေကို လက်တစ်လုံးခြားလုပ်၍ လိမ်လည်မှုဖြင့် တရားစွဲနေကြခြင်း။
        ငွေယုံကြည်အပ်နှံခြင်းကတိ စာချုပ်များကို စာချုပ်ရောင်းသော ဆိုင်တိုင်း၌ ဝယ်ယူလို့ရပါသည် ။ ယင်းစာချုပ်တွင် ငွေယုံကြည်အပ်နှံသူနှင့် ငွေလက်ခံသူ ဟူ၍ စာချုပ်ချုပ်သူ နှစ်ဦး ပါရှိပါသည်။


         စာချုပ်တွင် ပါသည့် အကြောင်းအရာများမှာ တစ်ခုသော အကြောင်းအရာ အတွက် ငွေလိုအပ်သဖြင့် ငွေတောင်းခံလာရာ  ၎င်းတောင်းငွေကို မေတ္တာဖြင့် အတိုးမယူဘဲ ကူညီကြောင်း  မည်သည့်နေ့တွင် ပြန်ပေးမည် ဖြစ်ကြောင်း  မပေးပါက ငွေပေးသူ၏ အစီအမံအတိုင်း လိုက်နာဆောင်ရွက်မည်ဟု ပါရှိပါသည်။
       ငွေယူသူကလည်း ငွေအရမ်းလိုနေ၍၎င်း  ငွေပေးသူသည် မတရားမလုပ်လေဟု ယုံကြည်၍၎င်း  စာချုပ်တွင် ကွက်လပ်များထား၍ မျက်စိမှိတ် လက်မှတ်ထိုးလိုက်သည်။


             ရာဇသတ်ကြီးပုဒ်မ - ၄၁၅ ပြဌာန်းချက်တွင် " သူတစ်ဦးက သူတစ်ဦးအား လှည့်ဖျား၍ ပစ္စည်းတစ်ခုအား ပေးအပ်စေရန် မရိုးမဖြောင့်သော သဘောဖြင့် သွေးဆောင်လျှင် လိမ်လည်သည် မည်၏ " ဟု ပြဌာန်းထား၏။ ငွေပေးသူသည် ယင်းဥပဒေကို အသုံးချရန် ပုဒ်မ - ၄၂၀ အရ ရဲစခန်း၌ အမှုဖွင့်လေတော့သည် ။ ရဲစခန်းကလည်း အကြောင်းအားလျော်စွာ အမှုဖွင့်ပေး၏ ။မဖွင့်ပေးလိုလျှင်လည်း သူတို့သဘောအတိုင်း ရတတ်၏။ ယခုအခါ ဒီအမှုမျိုးသည် ခေတ်စားလာသည် ။ များပြား လာသည် ။ 

           ကျွန်တော့်ထံ လာရောက်ဆွေးနွေးမှုများ အမှုအပ်နှံသူများ ဒု နဲ့ ဒေး ဖြစ်ပါသည် ။ တရားခံမှာ တရားရုံးတွင် ဖြေရှင်းရသည်မှာ မျော့မျော့ကလေးသာ ကျန်တော့သည် ။ ဒါကို ကယ်တင်ရသည့် အတွက်  ရှေ့နေတွင်လည်း ပင်ပန်းရသည်။


         လိမ်လည်မှုဖြင့် စွဲဆိုသည်ဆိုငြားလည်း စွဲဆိုသူ တရားလို ကိုယ်တိုင်ကလည်း လုပ်ကြံလိမ်လည်၍ တရားစွဲဆိုသည်။လိမ်လည်မှုတွင် လိမ်၍ တရားစွဲသည်မှာ လွယ်လိမ့်မည် မထင်ပါနှင့် ။ အမှုစစ်ဆေးသည့် အခါ ဘူးပေါ်သလို ပေါ်လာပါသည် ။
        မည်သူက အကျိုးအမြတ် မရဘဲ အတိုးငွေ မရဘဲ ဒီငွေကို ယုံကြည်စွာ ပေးအပ်ပါမည်နည်း ။ ငွေပေးရခြင်း အကြောင်းတရားသည်၄င်း ငွေပေးခြင်းမှ ပေါ်ပေါက်လာသော အက်ျိုးတရားသည်၄င်း ဤအမှုကို စိစိညက်ညက် ကျေအောင် တရားရုံးတွင် ချေဖျက်နိုင်ပါတော့သည်။


        လ နှင့် နှစ် နှင့် ချီ၍ တရားရုံး၌ ဖြေရှင်းရ၏။ ဤတွင် အမှုသည်ရော ရှေ့နေပါ ပင်ပန်းလိုက်ပါဘိ ။ နောင်၌ ဒါမျိုး မရှိရလေအောင် မည်သို့ လုပ်မည်နည်း ။ စာချုပ်ချုပ်ပေးသည့် ရှေ့နေ တရားစွဲ အဖွဲ့အစည်း ရဲစခန်း ဥပဒေရုံး တရားရုံးတို့က ဒီလိုအမှုမျိုးကို အမှုလုပ်၍ ဤသို့ ဆောင်ရွက်ရသည်အထိ သယ်ဆောင်လာခြင်းကို ကျွန်တော်တို့ ထိန်းသိမ်းရပါမည် ။
      ဒီလိုအမှုမျိုးတွေ ရဲစခန်း၌ အမှန်တရား ဖော်ထုတ်ပြီး ပြတ်စေရန်နှင့် အကယ်၍ တရားရုံးသို့ ရောက်လာလျှင်လည်း အမှန်တရားကို မှန်မှန်နှင့်မြန်မြန် ဖော်ထုတ်ပေးရန် လိုအပ်ပါသည်။


     ငွေထုတ်ပေးသူသည် ဥပဒေပညာရှင် မဟုတ်သည်က များသည် ။ ရှေ့နေနှင့် တိုင်ပင်၍ စာချုပ်ချုပ်သည် ။ မမှန်မှန်း သိလျက် ရှေ့နေကလည်း စာချုပ်ချုပ်ပေးခြင်းများ ရှိပါသည် ။ ဒီစာချုပ်မျိုးဖြင့် တစ်ခါ နှစ်ခါ လိမ်ချုပ်ပြီး နောက်ပိုင်းတွင် ရှေ့နေမလိုတော့ဘဲ လိမ်လည် စာချုပ်ချုပ်ဆိုသူများက ဥပဒေကို လက်တစ်လုံးခြား လိမ်လည်ရန် ကျွမ်းကျင်လာကြသည် ။ မရှိဆင်းရဲသားများကို ဒုက္ခပေးရန် ပညာတတ်လာကြသည်။ 


      ငွေယူသူများသည် စာချုပ်ချုပ်လျှင် ငွေပေးသူအား ယုံကြည်စွာဖြင့် စာချုပ်တွင် ကွက်လပ်များထား၍ စာချုပ်မချုပ်ရန်နှင့်
အထူးသဖြင့် ငွေပမာဏကို ဂဏန်းနှင့် စာသားများအား မပြုပြင်နိုင်အောင် ရေးသားရန် ရက်စွဲမှစ၍ အကြောင်းအရာ အမှန်ကို ရေးသားချုပ်ဆိုရန် သတိပေး နှိုးဆော်အပ်ပါသည် ။ ဖြစ်နိုင်ပါက ကိုယ့်ဘက်ရှေ့နေနှင့် တိုင်ပင်၍ ချုပ်ဆိုကြပါဟု တိုက်တွန်းအကြံပြုအပ်ပါသည်။


Credit ရေးသားသူ ဆရာဦးစန်းဝင်း ကူးယူ ဖော်ပြပါသည်။

Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate