ဂရန်မြေဝယ်ပြီးရင်အမည်ပေါက်ဘယ်လိုပြောင်းရမလဲဆရာ။

13-Aug-21
ဂရန်မြေဝယ်ပြီးရင်အမည်ပေါက်ဘယ်လိုပြောင်းရမလဲဆရာ။
လကုန်ရင် ဝယ်ခွန်က ၃% လျော့တော့မယ်ဆိုတော့
အမြန်အခွန်ဆောင်ပြီး 
အမည်ပြောင်းချင်လို့
ဂရန်မြေ ကို ဝယ်ယူရျ် အမည်ပေါက်အထိ ပြုလုပ်မယ်ဆိုရင်။ 
ဝယ်သူ၏ မှတ်ပုံတင်ထဲက နာမယ် အတိုင်း ရာဖြတ်တင်ပေးရန် လိုပါတယ်။ 
မှတ်ပုံတင် စာချုပ် ချုပ်ပေးရန်လိုပါတယ်။ 
ဂရန်အမည်ပေါက် ထွက်လာသည်အထိ စာတစ်လုံး မလွဲရန် လိုပါတယ်။ 
ဝယ်သူစာချုပ်မှ အမည် နှင့် ဂရန်အမည်ပေါက် အမည် အတိုင်း ထွက်ပါတယ်။ 
ထိုကဲ့သို့ ဝယ်ယူရာတွင်လည်း 
SP / GP ယူရာတွင် ဂရန်ထဲကအမည်အတိုင်း Power တွင် ပေးသူနေရာမှာ ရေးသားရန် လိုပါတယ်။ 
ဂရန်တွင် အမည်ပေါက် မှတ်ပုံတင်မှာ ယခင် အဟောင်း နံပတ်သာ ပါရင် Power တွင် အဟောင်းရော နိုင် အမှတ်ပါ ၂ခု ပူးတွဲဖော်ပြရန် လိုပါတယ်။ 
ထိုမှသာ အမှားမရှိပဲ မိမိအမည်ပေါက် မှန်ကန်စွာ ရရှိနိုင်မည် ဖြစ်ပါတယ်။ 
စာ ဂဏာန်း တစ်လုံး မှ မှားရျ် မရပါ 
ဂရန်အမည်ပေါက် ထံမှ Power ရရှိရန်လိုအပ်ပြီး မရနိုင်ပါက Power ရရှိထားသူမှ မှတ်ပုံတင်စာချုပ်လိုက်ချုပ်ပေးသည်အထိ လုပ်ပေးရန် သဘောတူကြောင်း ဝန်ခံကတိ ပြုလုပ်ထားရန် လိုပါမည်။ 
ဖြစ်တတ်သည့်အမှားများမှာ…
အထက်ဖော်ပြပါများ မစစ်ဆေးခဲ့ခြင်း
Power to Power အဆင့်ဆင့် ပြန်လွဲခြင်း 
Notary ဖြင့် Power ပေးခြင်း 
စသည့် အလွဲများကြုံတွေ့ရပါတယ်။ 
ဂရန်အမည်ပေါက်ထံမှ Power ရထားသူသာ လုပ်ခွင့်ရှိပြီး ထိုသူမှ ပြန် Power ပေးရျ် မရပါ။ 
ဂရန်စာအုပ်အသစ်ပြန်ထုတ်ပေးတာလား 
မဟုတ်ပါဘူး။ 
မူလဂရန်တွင်သာ အမည်လွှဲပြောင်းခြင်း မှတ်တမ်း စာရွက် မူရင်းဖြင့်သာ ycdc မှ ပြောင်းပေးခြင်းဖြစ်ပါတယ်။
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate