ဘဏ်ချိတ် ၊ အရစ်ကျ စနစ် နဲ့ အိမ်ဝယ် မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုပါသလဲ ။

ဘဏ်ချိတ် ၊ အရစ်ကျ စနစ် နဲ့ အိမ်ဝယ် မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုပါသလဲ ။

          ဘဏ်ချိတ် ၊ အရစ်ကျ စနစ် နဲ့ အိမ်ဝယ် မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုပါသလဲ ။ ၂၀၁၇ ခုနှစ် လောက် ကတည်းက မြန်မာနိုင်ငံမှာ အရစ်ကျ အိမ်ဝယ်တဲ့ စနစ် စတင် ခေတ်စား လာခဲ့ပြီ ဖြစ်ပါတယ် ။ ဘဏ်ချိတ် ၊ အရစ် ကျစနစ်နဲ့ အိမ် ရောင်းတယ် ဆိုတာကတော့ ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဘဏ်တွေ နဲ့ ချိတ်ဆက်ပြီး အိမ်ရာ ဝယ်ယူ လိုသူတွေဆီ အရစ်ကျ ရောင်းချ ခြင်းပဲ ဖြစ်ပါတယ် ။ နားလည် လွယ်အောင် ပြောရမယ် ဆိုရင်တော့ အိမ်တန်ဖိုး ရဲ့ ၃၀ ရာခိုင်နှုန်း  Down Payment သွင်းပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်တွေကနေ ချေးလို့ ရတဲ့ စနစ် ဖြစ်ပါတယ် ။ 

 

          ဘဏ်တွေ ကနေ အရစ်ကျ စနစ်ကို ၁၀ နှစ် ၊ ၁၅ နှစ်မှ ၂၅ နှစ်အထိ ပေးနေတာကို တွေ့ရ ပါတယ် ။ ရိုးရိုး တိုက်ခန်းတွေ အတွက်  အများဆုံး ၁၅ နှစ် အထိနဲ့ ကွန်ဒိုတိုက်ခန်း တွေအတွက် အနည်းဆုံး ၅  နှစ်ကနေ အများဆုံး ၂၅ နှစ်အထိ အရစ်ကျ ငွေပေး ချေလို့  ရပါတယ် ။ အဲ့ဒီလို ချေးငွေ တွေကို ပုဂ္ဂလိက ဘဏ်တွေ ဖြစ်တဲ့ ကမ္ဘောဇ ဘဏ် ၊ ရိုးမ ဘဏ် နဲ့ ဧရာဝတီ ဘဏ် တွေကနေ သတ်မှတ်ထားတဲ့ အတိုးနှုန်း နဲ့ အိမ်ရာ ချေးငွေ ထုတ်ချေး ပေးတာပဲ ဖြစ်ပါတယ် ။ အခု တလော မှာတော့ ဒီအရစ်ကျ အိမ်ရောင်း စနစ်အပေါ်  ဝယ်ယူလိုသူတွေရဲ့  စိတ်ဝင်စားမှု မြင့်တက် နေသလို အခြား တစ်ဖက် မှာလည်း  အတိုးနှုန်း ကြီးမြင့်နေတာ တွေ့ရ ပါတယ် ။

 

          ဘဏ်တွေ ကနေ အိမ်ဝယ် ယူသူတွေ အတွက် အိမ်ရာ ချေးငွေ လျှောက်ထား ရာမှာ ကြုံရတတ်တဲ့ အခက်အခဲ လေးတွေကို ဖော်ပြ လိုက်ပါတယ် ။  ပထမ အချက်ကတော့ ဘဏ်တွေက အိမ်ရာချေးငွေ ထုတ်ချေး တဲ့အခါ စာရွက် စာတမ်းတွေ တောင်း လေ့ရှိတယ် ။ လစာဝင် ငွေရှိကြောင်း စာရွက် စာတမ်းတွေ ၊ တကယ်လို့ စီးပွားရေး လုပ်နေတယ် ဆိုရင်လည်း စီးပွားရေး လုပ်နေတယ်ဆိုတဲ့ စာရွက်စာတမ်းတွေ ပြဖို့ လိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်း အသေးတွေရော ၊ လုပ်ငန်း အလတ်စား တွေရောမှာ စာရွက်စာတမ်း အထောက် အထားပြဖို့ အခက်အခဲ ရှိနေပါတယ် ။ 

 

             ဒုတိယ အချက်ကတော့ အတိုးနှုန်းပါ ။ ဘဏ်တိုးဟာ တစ်နှစ်ကို ၁၃ ရာခိုင်နှုန်း ဖြစ်တာကြောင့် အတိုးရော အရင်းပါ ဆပ်ပြီးတဲ့အခါမှာ ကိုယ်ဝယ်လိုက်တဲ့ တိုက်ခန်းဟာ မူရင်းဈေးထက် အများကြီး ပိုပေးပြီး ဝယ်လိုက်သလို ဖြစ်သွားနိုင်ပါတယ် ။ ဒီအချက်ကြောင့်ပဲ ဘဏ်ချိတ် နဲ့ ချိတ်ဆက် မဝယ်တော့ သူတွေ ရှိပါတယ် ။ အဲဒီတော့ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ခြင်းဟာ ထိုက်သင့်တဲ့ အကျိုးကျေးဇူးနဲ့ ရွေးချယ် စရာတစ်ခု ပိုတိုးလာ ပေမယ့် အလွန်အကျိုး ကျေးဇူးများ လာတာတော့ မဟုတ်သေး တာကြောင့် သေချာ စဉ်းစားကာ အကောင်းဆုံး ဖြစ်မယ့် အရာကိုသာ ရွေးချယ်ဖို့ အကြံပြု လိုက်ပါတယ် ။


Shweproperty မှ ကူးယူ ဖော်ပြပါသည် ။
 #Crd to owner

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate