မေး ။ အိမ်နဲ့ ခြံ မြေကို ဝယ်ဖို့အတွက် စရန်ငွေပေးခဲ့ပြီး ဖြစ်ပါတယ် ။ ငွေအကြေချေဖို့ ရက်ရောက်မှ အဲဒီအိမ် ခြံ မြေဟာ အမွေဆိုင်ပစ္စည်းဖြစ်နေလို့ သူ့မောင်နှမတွေက ကန့်ကွက်တဲ့အတွက် မရောင်းတော့ဘူးလို့ပြောပါတယ်။ စရန်ငွေတော့ ပြန်ပေးပါတယ်။ ဒါပေမယ့် လိမ်ပြီးရောင်းသလို ဖြစ်တဲ့အတွက် သူ့ကို လိမ်လည်မှုနဲ့ တရားစွဲလို့ ရ မရ သိလိုပါတယ်။

မေး ။ အိမ်နဲ့ ခြံ မြေကို ဝယ်ဖို့အတွက် စရန်ငွေပေးခဲ့ပြီး ဖြစ်ပါတယ် ။ ငွေအကြေချေဖို့ ရက်ရောက်မှ အဲဒီအိမ် ခြံ မြေဟာ အမွေဆိုင်ပစ္စည်းဖြစ်နေလို့ သူ့မောင်နှမတွေက ကန့်ကွက်တဲ့အတွက် မရောင်းတော့ဘူးလို့ပြောပါတယ်။ စရန်ငွေတော့ ပြန်ပေးပါတယ်။ ဒါပေမယ့် လိမ်ပြီးရောင်းသလို ဖြစ်တဲ့အတွက် သူ့ကို လိမ်လည်မှုနဲ့ တရားစွဲလို့ ရ မရ သိလိုပါတယ်။

မေး ။  အိမ် နဲ့ ခြံ မြေကို ဝယ်ဖို့အတွက် စရန်ငွေပေးခဲ့ပြီး ဖြစ်ပါတယ် ။ ငွေအကြေချေဖို့ ရက်ရောက်မှ အဲဒီအိမ် ခြံ မြေဟာ အမွေဆိုင်            ပစ္စည်း ဖြစ်နေလို့ သူ့မောင်နှမတွေက ကန့်ကွက်တဲ့ အတွက် မရောင်းတော့ဘူးလို့ ပြောပါတယ် ။ စရန်ငွေတော့ ပြန်ပေးပါတယ်။          ဒါပေမယ့် လိမ်ပြီး ရောင်းသလို ဖြစ်တဲ့အတွက် သူ့ကို လိမ်လည်မှုနဲ့ တရားစွဲလို့ ရ မရ သိလိုပါတယ်။

 
ဖြေ ။ ဒါက ပဋိဉာဉ် ဖောက်ဖျက်တာပေါ့ ။ အရောင်းအဝယ် လုပ်တယ် ၊ ပိုက်ဆံ စရန် ယူထားတယ် ။ နောက်ကျတော့ မရောင်းတော့              ဘူး ပြောတယ် ။ မရောင်းတာက အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ် ။ ခုပြောတဲ့ ကိစ္စကြောင့်လည်း ဖြစ်နိုင်တယ်။ 

        အရင် ဝယ်ထားသူထက် စျေးပိုပေးလို့လည်း ဖြစ်နိုင်တယ် ။ ဘာပဲဖြစ်ဖြစ် ကတိစာချုပ်ကို ဖောက်ဖျက်တဲ့ အတွက်ကြောင့် သူက         မရိုးမဖြောင့်တဲ့ သဘောမျိုးနဲ့ လုပ်တယ်လို့ ပြောလို့မရဘူး။ 

 

         ဒါနဲ့ ပတ်သက်ပြီး မောင်ဖိုးချက် နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၈၃ မြန်မာနိုင်ငံ စီရင်ထုံး ၊ စာမျက်နှာ  ၁၃၂ မှာ အဲအတိုင်း 

        ဆိုထားပါတယ် ။ ဒီဖြစ်စဉ်ကို ကြည့်ရင် ရောင်းစဉ်တုန်းက မရိုးမဖြောင့်တဲ့ သဘောနဲ့ မတရား ငါယူလိုက်မယ် ဆိုတဲ့                           ရည်ရွယ်ချက် ရှိလား ၊ မရှိဘူးလား.. ဒါက အဓိကပါပဲ ။ တကယ်ရောင်းလို့ပဲ စာချုပ်နဲ့ ချုပ်ကြပြီးတော့ ငွေယူတာလေ ။ 

        ဒါပေမယ့် ပျက်ကွက်တဲ့သူက အရောင်းအဝယ် ပျက်ကွက်တယ်ဆိုရင် နှစ်ဆ ၊ ဝယ်တဲ့သူ ပျက်ကွက်တယ် ဆိုရင် စရန်အဆုံး

        ဆိုတာ ရှိပြီးသားပါ ။ နှစ်ဆ သူက လျော်မယ် ပြောထားတော့ လိမ်လည်မှု မမြောက်ပါဘူးလို့ပဲ ဖြေချင်ပါတယ်။

#Crd to owner

 

Credit ( ဥပဒေရေးရာ )

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate