စရန်ငွေ ပေးချေခြင်း နှင့် ဥပဒေပါ အခွင့်အရေး ၊ မိတ်ဆွေ တစ်ဦးက မြေနှင့် အိမ်ဝယ်ရာတွင် စရန်ငွေ ပေးခဲ့ပြီး မှ ရောင်းသူက မရောင်းတော့ဟု ဆိုပြီး ရှောင်နေသဖြင့် ရောင်းသူ ကို ရာဇဝတ် ကြောင်းအရ တရားစွဲ ဆိုနိုင်ပါ သလားဟု မေးမြန်းလာ သောကြောင့် ဤဆောင်းပါးကို ဗဟုသုတ အဖြစ် ရေးသား လိုက်ပါသည် ။

စရန်ငွေ ပေးချေခြင်း နှင့် ဥပဒေပါ အခွင့်အရေး ၊ မိတ်ဆွေ တစ်ဦးက မြေနှင့် အိမ်ဝယ်ရာတွင် စရန်ငွေ ပေးခဲ့ပြီး မှ ရောင်းသူက မရောင်းတော့ဟု ဆိုပြီး ရှောင်နေသဖြင့် ရောင်းသူ ကို ရာဇဝတ် ကြောင်းအရ တရားစွဲ ဆိုနိုင်ပါ သလားဟု မေးမြန်းလာ သောကြောင့် ဤဆောင်းပါးကို ဗဟုသုတ အဖြစ် ရေးသား လိုက်ပါသည် ။

             စရန်ငွေ ပေးချေခြင်း နှင့် ဥပဒေပါ အခွင့်အရေး မိတ်ဆွေ တစ်ဦးက မြေနှင့် အိမ်ဝယ်ရာတွင် စရန်ငွေ ပေးခဲ့ပြီး မှ ရောင်းသူက မရောင်းတော့ဟု ဆိုပြီး ရှောင်နေသဖြင့် ရောင်းသူ ကို ရာဇဝတ် ကြောင်းအရ တရားစွဲ ဆိုနိုင် ပါသလားဟု မေးမြန်းလာ သောကြောင့် ဤ ဆောင်းပါးကို ဗဟုသုတ အဖြစ် ရေးသား လိုက်ပါ သည် ။ အိမ် ခြံ မြေ စသည်ဖြင့် ပစ္စည်း တစ်ခုခုကို ဝယ်လျှင် အာမခံသဘောအဖြစ် စရန်ငွေ ပေးတတ် ကြသည် ။ ငွေအကြေ ပေးမည့်ရက် တွင်ရောင်းသူက ဤစျေးဖြင့် မရောင်းနိုင် တော့ဟူသည့် အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊  လုံးဝ မရောင်း လိုတော့သဖြင့် တိမ်းရှောင်နေ ခြင်းဖြင့် ဖြစ်စေ ၊ အရောင်း အဝယ်ကို ပယ်ဖျက်သည့် သဘောပြုမူတတ်ကြသည် ။ ဤ တွင် ပစ္စည်းဝယ်သူ က ရောင်း သူ အပေါ်  လိမ်လည်ပြီး ငွေရယူပါ သည်ဟု ပြစ်မှု ( ရာဇဝတ် ) ကြောင်း အရ တရားစွဲဆို လိုသည့် ဆန္ဒများ ဖြစ်ပေါ် လာလေ့ ရှိပေသည် ။


              ဤသည်နှင့် ပတ်သက်၍ ဦးဘိုးကျင်ပါ ၂ ဦးနှင့် ပြည်ထောင် စု မြန်မာနိုင်ငံတော် ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၁၃၂ အမှုမှာ ကျုံပျော်မြို့နေ  ဦးအုန်း မောင်က ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေး တို့သည် မင်္ဂလာလမ်းရှိ အိမ်နှင့် မြေကို တန်ဖိုးငွေကျပ် တစ်သောင်းလေး ထောင် ငါးရာကျပ်ဖြင့် ရောင်းချရန် သဘောတူပြီး အရောင်းအဝယ် စရန်ပေး ကတိစာချုပ် ဆိုခဲ့ကြသည် ။ စရန်ငွေ ကျပ် ငါးထောင်ကို သက်သေလူကြီးများ ရှေ့မှောက် တွင် ပေးချေပြီး ကျန်ငွေ ကိုးထောင့် ငါးရာကျပ်ကို ၁၉၈၂ ခုနှစ် ၊ မတ် လကုန် တွင်ပေးချေကာ အရောင်း အဝယ် စာချုပ် ချုပ်ဆိုရန် သဘောတူညီ ခဲ့ကြသည် ။ သတ်မှတ် ရက်တွင် ရောင်းဖိုး ကျန်ငွေကို ပေးချေရာ ဦးဘိုးကျင်တို့က လက်မခံဘဲ တိမ်းရှောင် နေသဖြင့် မိမိထံမှ စရန်ငွေကျပ် ငါးထောင် ကို ဦးဘိုးကျင်တို့က စာချုပ်ချုပ်ဆို လိမ်လည်ရယူပါ သည်ဟု ဦးအုန်းမောင်က ကျုံ ပျော်မြို့နယ်ရဲ စခန်းသို့ တိုင်ကြား ခဲ့သည် ။ ရဲစခန်းမှ စုံစမ်းထောက် လှမ်းပြီး ဦးဘိုးကျင် နှင့် ဒေါ်ခင်ထွေးတို့ အပေါ် ပြစ်မှု ဆိုင်ရာ ဥပ ဒေ ပုဒ်မ ၄၂ဝ ( လိမ်လည်မှု ) အရ ၊ ကျုံပျော်မြို့နယ် တရားရုံးသို့ စွဲဆို တင်ပို့ခဲ့ ပါသည် ။


                 မြို့နယ် တရားရုံးက ဦးဘိုးကျင် နှင့် ဒေါ်ခင်ထွေး တို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် စွဲချက်တင် ဖြေရှင်း စေခဲ့သ ဖြင့် ဦးဘိုးကျင် တို့က တိုင်းတရား ရုံးတော်သို့ ပြင်ဆင်မှု တင်သွင်းရာ မအောင်မြင် သောကြောင့် တရားရုံးချုပ်သို့ ပြင်ဆင်မှုတင် သွင်းလာခြင်း ဖြစ်သည် ။ တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ် သည်မှာ အချင်းဖြစ်သည့် ကျုံပျော်မြို့ ၊  မြဝတီရပ် ၊  အောင်မင်္ဂလာ လမ်းနေအိမ်သည် ဦးဘိုး ကျင် ၊  ဒေါ်ခင်ထွေး တို့ ပိုင်ကြောင်း အငြင်း မပွားပေ ။  “ သက်သေ ခံစာချုပ်ချုပ် ဆိုစဉ်အခါက လျှောက်ထား သူ ဦးဘိုး ကျင်တို့သည် အိမ် နှင့် မြေပိုင် ဆိုင်နေ ပေသည် ။ အိမ် နှင့်မြေ မရှိဘဲနှင့် အိမ်မြေရှိ သည့်ပမာ လိမ်လည် ရောင်းချ၍ လှည့် ဖြားကာ စရန်ငွေ ရယူခဲ့ခြင်း မဟုတ်ကြောင်း တွေ့ ရ သည် ။ စရန်ငွေ ရရှိပြီး အကြောင်း တစ်ခုခုကြောင့် အိမ်နှင့် မြေကို ရောင်းချရန် ငြင်းဆိုခဲ့ခြင်းမှာ ချုပ်ဆိုထားသော ကတိကဝတ်ကို ဖောက် ဖျက်ရာ ရောက်နိုင်သော် လည်း လိမ်လည် လှည့်ဖြား၍ စ ရန် ငွေရယူကြောင်း မပေါ်ပေါက် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ အရ ၊ အရေးယူနိုင်မည် မဟုတ်ပေ ။ ထို့ကြောင့် ကျုံပျော် မြို့နယ် တရားရုံး၏ စွဲချက်အမိန့် နှင့် ယင်းအမိန့်ကို အတည်ပြုခဲ့ သည့်တိုင် တရားရုံး၏ အမိန်တို့ ကို ပယ်ဖျက်ပြီး ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့ အပေါ်စွဲချက် မ တင် ပြန်လွှတ် ထားရန် အမိန့်ချ မှတ်ခဲ့ပေသည် ။


                သို့ဖြစ်၍ အမှန်တကယ် ပစ္စည်းရှိပြီး အရောင်းအဝယ် စရန် ငွေရယူထားသည့် ကိစ္စရပ်များတွင် ရာဇဝတ်ကြောင်း ( ပြစ်မှုကြောင်း ) ဖြင့် တရားစွဲဆို ပိုင်ခွင့် မရှိဘဲ စရန်ပေး ကတိ စာချုပ်ပါ အချက်အလက် များပေါ်  မူတည်၍ ကတိအတိုင်း ဆောင်ရွက်ပေး စေလိုမှုဖြင့် တရား မကြောင်းအရသာ တရားစွဲဆို ပိုင်ခွင့် ရှိမည်ဖြစ် ပါသည် ။ သို့သော် တစ်ခါတစ်ရံ၌ အိမ် ခြံ မြေ တိုက်ခန်း ရောင်းသူတို့သည် စရန်ငွေ ရယူထားပြီး အခြားသူ တစ်ဦးကို ထပ်မံ ရောင်းချလျှင် မူ ရောင်းသူ အပေါ်  ပြစ်မှုကြောင်း အရ တရားစွဲ ဆိုခွင့်ရှိပေသည် ။ ဤသည်နှင့် ပတ်သက်၍ ဦးကျော်ရွှေ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ပါ ၂ ဦး ၁၉၉၅ ခု နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁ အမှုမှာ ဦးမောင်ချို က ကန်ထရိုက်တာ ဦးကျော်ရွှေထံ မှ ဦးကျော်ရွှေ ရောင်းပိုင် ခွင့်ရှိ သည်ဆိုသော ဆောက်လုပ်ဆဲ အ ဆောက်အအုံ ၏ ဆဋ္ဌမလွှာကို စရန်ငွေပေး ချေ၍ ဝယ်ယူထား သည် ။ အဆောက်အအုံ ပြီးစီးသည့် အခါ တိုက်ခန်းကို လွှဲပြောင်း မပေးဘဲ ဦးတင်ချို ဆိုသူအား ရောင်းချ ထားကြောင်း သိရသဖြင့် ဦးကျော် ရွှေအပေါ် အရေးယူ ပေးရန် ရဲစ ခန်းသို့ တိုင်ကြားခဲ့သော အမှု ဖြစ် သည်။


                 ရဲစခန်းမှ စုံစမ်းစစ် ဆေး၍ ဦးကျော်ရွှေ အပေါ် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၆ ( ယုံကြည်အပ် နှံခြင်းကို ဖောက်ဖျက်မှု ) ဖြင့် တရားရုံးသို့ စွဲဆိုတင် ပို့ခဲ့သည် ။ ဤ သည်ကို ဦးကျော်ရွှေက မကျေနပ် ၍ တရားရုံးချုပ်သို့ အမှုအား ချေ ဖျက်ပေးပါရန် လျှောက်ထားခဲ့ သည် ။ တရားရုံးချုပ်က ဦးမောင်ချိုထံမှ ငွေများကို ဦးကျော်ရွှေရ ယူထားသည်မှာ အငြင်းမထွက် ပေ ။ ကန်ထရိုက်တိုက် အဆောက် အအုံများ ဆောက်လုပ် ရာတွင် ကုန်ကျမည့် ငွေကြေးများ ရရှိရန် ကြိုတင်၍ ရောင်းချသည့် အလေ့အထ ရှိသည် ။ အခန်းမဖြစ်သေး သော် လည်း ငွေကို ယူထားကာ အ ခြားသူသို့ ရောင်းချ ခြင်းသည် ပြစ်မှုမမြောက်ဟု ဆုံးဖြတ်ရန် မသင့်ပေဟု သုံးသပ်ပြီး ဦးကျော်ရွှေ ၏ လျှောက်ထားချက်ကို ပလပ်ခဲ့ပါ သည် ။ ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်း အားဝယ်ရာတွင် စရန် ငွေပေးချေပြီး ပစ္စည်းကို ရောင်းသူက အခြားသူအား ထပ်မံ ရောင်းချပါက ၊ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် အညီ ရာဇာဝတ် ကြောင်းအရ တရားစွဲဆိုနိုင်သည့်အပြင် စရန်ငွေပေး ကတိစာချုပ်ပါ အတိုင်း လျော်ကြေး ရရှိရန် တရားမ ကြောင်းဖြင့် လည်း တရားစွဲဆိုနိုင်ကြောင်း ဗဟု သုတအဖြစ် ရေးသား လိုက်ပါသည် ။


ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit - ဈေးကွက်ဂျာနယ်
ပြန်လည် ကူးယူ ဖော်ပြပါသည်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate