ဥပဒေ အမေးအဖြေများ (ဗဟုသုတ) “ ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ)” ရေး သားပြုစု ထုတ်ဝေသည့် “ဥပဒေအရေး သိလိုရာမေး စာအုပ်” မှ ကောက်နှုတ် ဖော်ပြချက်ဖြစ်ပါသည်။

29-Jun-22 အခြား
ဥပဒေ အမေးအဖြေများ (ဗဟုသုတ) “ ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ)” ရေး သားပြုစု ထုတ်ဝေသည့် “ဥပဒေအရေး သိလိုရာမေး စာအုပ်” မှ ကောက်နှုတ် ဖော်ပြချက်ဖြစ်ပါသည်။

ဥပဒေ အမေးအဖြေများ (ဗဟုသုတ)
“ ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ)” ရေး သားပြုစု ထုတ်ဝေသည့် “ဥပဒေအရေး သိလိုရာမေး စာအုပ်” မှ ကောက်နှုတ် ဖော်ပြချက်ဖြစ်ပါသည်။ 


အမေးအဖြေများ 


၁ ။ ကလေး စွန့်ပစ်သည့် ကိစ္စ 
မေး - ရှေ့နေကြီးခင်ဗျား အပြစ်မဲ့တဲ့ ကလေးငယ်အား ရက်ရက်စက်စက် စွန့်ပစ်တဲ့ မိဘကို ဥပဒေအရ ဘယ်လို အရေးယူပါသလဲ။ 


ဖြေ - မိဘများအနေနဲ့ အသက်အရွယ် နုနယ်တဲ့ ကလေးငယ်တွေကို ကျွေးမွေး စောင့်ရှောက်ရမယ့် တာဝန် ရှိပါတယ်။ အဲဒီတာဝန်တွေ           ကို ရှောင်တမ်းရင်တော့ ဥပဒေအရ အပြစ်ရှိပါတယ် ။ မိမိကိုယ်ကို မထိန်းသိမ်းနိုင်သေးတဲ့ အသက် ၁၂ နှစ်အောက် ကလေးရဲ့မိဘ          နဲ့ အုပ်ထိန်းသူ တစ်ဦးဦးက လုံးဝ စွန့်ပစ်ရန် အကြံဖြင့် မည်သည့်နေရာတွင်မဆို စွန့်ပစ်ရင် ထိုသူကို ပြစ်မှုဆိုင်ရာ ဥပဒေ 

          ပုဒ်မ - ၃၁၇ အရ အရေးယူပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ပါတယ် ။ 


၂ ။ ကလေးစရိတ် 
မေး - ကျွန်မနဲ့ ခင်ပွန်းသည်တို့ ကလေး သုံးနှစ်သားအရွယ်မှာ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ တရားဝင် ကွာရှင်း ခဲ့ကြပါတယ်။            လင်မယားကွဲတာ နှစ်နှစ် ရှိပါပြီ ။ မယားနဲ့ ကလေးစရိတ် တောင်းလို့ ရပါသလား ။ ကလေးစရိတ်ကို ကလေး ဘယ်အရွယ်အထိ            ရခွင့် ရှိပါသလဲ ။ ဘယ်လို လျှောက်ရမလဲ သိပါရစေ ။ 


ဖြေ - ကမ္ဘာ့နိယာမအရ မိမိရဲ့ သားမယားကို ကျွေးမွေးစောင့်ရှောက်ရမည့် တာဝန် လင်ယောင်္ကျားမှာ ရှိပါတယ် ။ မင်္ဂလာ ၃၈ ပါးမှာ                လည်း “ပုတ္တဒါရဿ သင်္ဂဟော” ဟူ၍ လည်းကောင်း ၊ သင်္ဂါလောဝါဒသုတ်တွင် လည်း လင့်ဝတ္တရား ငါးပါး ပြဆိုထားပါတယ်။              ပြီးတော့ သားမယားကို လုပ်ကျွေးပြုစုရန် တာဝန်မကျေ ပျက်ကွက်တဲ့ လင်ယောင်္ကျားကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-               ၄၈၈ အရ ပြစ်မှုသေးအဖြစ် ရာဇဝတ် တရားရုံးမှာ ဦးတိုက်လျှောက်ထား စွဲဆိုနိုင်ကြောင်း ပြဌာန်းထားပါတယ်။ 

 

          အခုကိစ္စမှာ လင်မယားနှစ်ဦး သဘောတူ တရားဝင် ကွာရှင်းထားပြီး ဖြစ်လို့ မယားစရိတ် ရခွင့်မရှိပါဘူး ။ ကလေးစရိတ်ပဲ ရခွင့်             ရှိပါတယ် ။ ဥပဒေအရ သားသမီးများအား ထောက်ပံ့ရန် အသက် ကန့်သတ်ချက် မရှိကြောင်း “ဦးမောင်ပြန့်နဲ့ ဒေါ်ခင်မြအမှု ၊                 ၁၉၈၉ ၊ မတစ ၊ စာ-၇ ”မှာ ပြဆိုထားပါတယ် ။ မိမိကိုယ်မိမိ ရပ်တည်နိုင်သည် အထိ ထောက်ပံ့ရမှာ ဖြစ်ပါတယ်။ အမှုစွဲမယ်ဆို             ရင် လင်ဖြစ်သူ နေထိုင်ရာဒေသ ( သို့မဟုတ် ) လင်မယားနှစ်ဦး နောက်ဆုံး အတူနေထိုင်ရာ အရပ်ရှိ တရားရုံးမှာ တရားစွဲရပါ               မယ် ။ တရားမကြောင်းနဲ့လည်း ဖခင်ရဲ့ လုပ်ငန်းအပေါ် မူတည်၍ ကလေးစရိတ်ကို စွဲဆို တောင်းခံနိုင်ပါတယ် ။ တရားစွဲရာမှာ               သားသမီးက ဖခင်ကို တရားစွဲလို့ မရပါဘူး ။ ကလေးရဲ့ မိခင်က စွဲရပါမယ် ။ ကလေးစရိတ်ကို တောင်းတဲ့အချိန်က စလို့ရပါ                 မယ် ။ နောက်ကြောင်းပြန် မပေးပါဘူး ။ ဖခင်ကွယ်လွန်သွားရင် ကလေးစရိတ် ရခွင့်မရှိတော့ပါဘူး ။ 


၃ ။ ကလေးအဖေ ဘယ်သူလဲ။ 
မေး - ကျွန်တော်နဲ့ ဇနီးသည်တို့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ တရားဝင် ကွာရှင်းခဲ့ကြပါတယ် ။ ကွာရှင်းပြီး ကိုးလအကြာမှာ              ပြတ်စဲခဲ့တဲ့ ဇနီးဟောင်းက သားလေး မွေးပါတယ် ။ အဲဒီကလေးဟာ ကျွန်တော်နဲ့ ရတဲ့ကလေးဆိုပြီး ပြဿနာ ရှာနေပါတယ်။              ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဥပဒေအကြံဥာဏ် ပေးစေလိုပါတယ် ။ 


ဖြေ - လူမှုရေးနယ်ပယ်မှာ ဖြေရှင်းရ အလွန်ခက်တဲ့ ကိစ္စပါ ။ ကိုယ့်သွေးသားလား ၊ သူ့သွေးသားလား ဆိုတာ ကာယကံရှင်တွေ အသိ            ဆုံးပါပဲ ။ ဥပဒေနယ်ပယ်မှာတော့ ပေါင်းသင်းခြင်း ရပ်စဲပြီးနောက် မိန်းမ ဖြစ်သူဟာ နောက်အိမ်ထောင် မပြုဘဲ ရက်ပေါင်း ၂၈၀            အတွင်း သားသမီးမွေးဖွားရင် ပြတ်စဲခဲ့တဲ့ ယောင်္ကျားနဲ့ ရတဲ့ တရားဝင် ( Legitimate ) သားသမီးဖြစ်တယ်လို့ မှတ်ယူကြောင်း              သက်သေခံဥပဒေ ပုဒ်မ- ၁၁၂ မှာ ပြဆိုထားပါတယ် ။ ဒီတော့ ကိုယ့်ကလေး ဟုတ် မဟုတ် ဒီအင်အေ စစ်ကြည့်လိုက်ဖို့ အကြံပြု            ပါရစေ။ 


၄ ။ ကာယကံရှင် သဘောတူညီချက်အရ ဓားနဲ့ခုတ်တဲ့ ကိစ္စ 
မေး - ကျွန်တော်တို့ရွာမှာ ဓားပီးတုတ်ပီးတဲ့ လူတစ်ယောက် ရှိပါတယ် ။ သူ့ကို ဓားနဲ့ထိအောင် ခုတ်နိုင်တဲ့လူကို ဆုငွေ တစ်ထောင် 

          ပေးမယ်လို့ စိန်ခေါ်နေပါတယ် ။ မတော်တဆ ထိခိုက်မိလို့ သေသွားရင် အပြစ်ရှိလား ။ စမ်းကြည့်ချင်လို့ပါ ။ 


ဖြေ - သေစေရန် ဖြစ်စေ ၊ အပြင်းအထန် နာကျင်စေရန် ဖြစ်စေ အကြံမရှိဘဲ အသက် ၁၈ နှစ်ပြည့်သူက မိမိအပေါ် ကျရောက်လာမယ့်            အန္တရာယ်ကို ခံယူရန် သဘောတူညီချက်အရ ပြုလုပ်တာ ဖြစ်မှု မမြောက်ပါဘူး ။ ပြစ်မှုပုဒ်မ - ၈၇ အရ ကင်းလွတ်ခွင့် ရပါတယ်။          လက်ဝှေ့ပွဲ ၊ သိုင်းပြိုင်ပွဲလို ဟာမျိုးပေါ့ ။ ဒါပေမယ့် အရမ်းတော့ မလုပ်လိုက်ပါနဲ့ ။ ရုံးရောက် ဂါတ်ရောက်မယ့် အလုပ်တွေ ရှောင်          တာ အကောင်းဆုံးပါပဲ ။ 


၅ ။ ကြွေးမပေးနိုင်သူ ပိုင်တဲ့ပစ္စည်းကို ဝင်သိမ်းလို့ ရ ၊ မရ ။ 
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့ မရတဲ့ ကိစ္စနဲ့ ငွေရဖို့ ရှိပါတယ် ။ တောင်းလို့လည်း မရဘူး ။ ရှောင်တိမ်း နေပါ               တယ် ။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ဝင်သိမ်းလို့ ရပါသလား။ သိပါရစေ။ 


ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့ ကိစ္စပဲ ဖြစ်ရမယ် ။ သူများပိုင်တဲ့ ပစ္စည်းကို ကျော်နင်း ဝင်ရောက်ပြီး 

        သွားမသိမ်းလိုက်နဲ့နော် ။ အချုပ်ထဲ ရောက်နေဦးမယ်ကွဲ့ ။ ဒီလို ရှိပါတယ် ။ မိမိရရန် ရှိတဲ့ ငွေကြေးကို ဥပဒေနဲ့အညီ တရားစွဲပြီး             တောင်းရမှာ ဖြစ်ပါတယ် ။ မပေးရင် သူ့ပိုင်ပစ္စည်းကို ဝရမ်းကပ်လို့ ရပါတယ် ။ ဥပဒေနဲ့ မညီတဲ့ ကိစ္စကို ပဋိညာဉ်ဥပဒေ ပုဒ်မ -၃၀         အရ အလောင်းအစား သဘောမျိုးဖြင့် ( By Way of Wager ) ပြုလျှင် ဖြစ်စေ ၊ တရားမဝင် ပျက်ပြယ်တဲ့အတွက် တရားစွဲလို့ မရ         တဲ့အပြင် ပစ္စည်းသိမ်းလို့လည်း မရကြောင်း ပြန်ကြားလိုက်ပါတယ်။ 


၆ ။ ကလေးအလောင်း ဖျောက်ဖျက်သည့် ကိစ္စ 
မေး - မသိလို့ မေးကြည့်တာပါ ။ ကျွန်မရဲ့ကိုယ်ဝန်ကို အရပ်ဝမ်းဆွဲနဲ့ အိမ်မှာ မွေးပါတယ် ။ မမျှော်လင့်ဘဲ မီးဖွားရခက်လို့ ကလေးသေ            သွားပါတယ် ။ အဲဒါ ကလေးအလောင်းကို ခြံထဲမှာ မြှုပ်တာ အပြစ်ရှိပါသလား ရှေ့နေကြီး ။ 


ဖြေ - အပြစ်ရှိပါတယ် ။ ဘာပြုလို့လဲ ဆိုတော့ ပြစ်မှုပုဒ်မ- ၃၁၈ အရ ကလေးမွေးဖွားရာတွင် ကလေးသေဆုံး၍ ထိုကလေး၏                        အလောင်းကို တိတ်တဆိတ် ဖျောက်ဖျက်ခြင်းဖြင့် ကလေးမွေးဖွားခြင်းကို တမင်ထိန်ချန်လျှင် ( သို့မဟုတ် ) ထိန်ချန်ရန်                        အားထုတ်လျှင် ၂ နှစ်အထိ ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါတယ် ။ ဒီပုဒ်မက ကလေး          မွေးဖွားတာကို ထိန်ချန်ချင်တဲ့ သူကို ရည်ညွှန်းတာ ဖြစ်ပါတယ် ။ ခုဟာက ကိုယ့်ရပ်ရွာမှာ အမှန်တကယ် မွေးဖွားတာဖြစ်လို့                  သက်ဆိုင်ရာကို အသိပေး အကြောင်းကြားပါလို့ အကြံပေးလိုပါတယ် ။ 


၇ ။ ကလေးသူငယ် ပြုလုပ်မှု ပြစ်မှု မြောက် မမြောက် ပြဿနာ 
မေး - ကျွန်မမှာ သား ၃ ယောက် ရှိပါတယ် ။ ၇ နှစ် ၊ ၉နှစ်နဲ့ ၁၀ နှစ် အရွယ်တွေပါ ။ ဘမျိုးဘိုးတူ လို့လား မသိဘူး။ ကလေးတွေက                   အတော်လေး ဆိုးပါတယ် ။ ကျောင်းမှာ လိုက်ပြီး ဖြေရှင်းရ ၊ ထိပ်ပေါက်ခေါင်းကွဲ လုပ်ခဲ့လို့ ခဏခဏ တောင်းပန်နေရပါတယ်။             အသက်အန္တရာယ် ထိခိုက်အောင် လုပ်ခဲ့ရင် အပြစ် ရှိ ၊ မရှိ ဥပဒေအရ သိလိုပါတယ် ။ 


ဖြေ - သားသမီးရှိတဲ့ မိဘတွေအနေနဲ့ အင်မတန် မေးသင့်တဲ့ မေးခွန်းပါ ။ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ဥပဒေအရ ကင်းလွတ်ခွင့်              အနေနဲ့ အကာအကွယ် ပေးထားပါတယ် ။ အသက် ခုနစ်နှစ်အောက် ကလေး၏ ပြုလုပ်မှုဟာ ပြစ်မှု မမြောက်ပါဘူး ။ 

         ( ပြစ်မှုပုဒ်မ - ၈၂ နှင့် ကလေးသူငယ် ပုဒ်မ -၂၈ ( က ) ) ၊ ပြီးတော့ အမြော်အမြင် အဆင်အခြင် မပြည့်စုံသေးတဲ့ အသက် ၇ နှစ်             အထက်နှင့် ၁၂ နှစ်အောက် အရွယ်ရှိ ကလေးရဲ့ ပြုလုပ်မှုဟာ ပြစ်မှု မမြောက်ပါဘူး ။ ( ပြစ်မှု ပုဒ်မ - ၈၃ နှင့် ကလေးသူငယ်

          ပုဒ်မ - ၂၈ ( ခ ) ) 


၈ ။ ကလေးစရိတ် တောင်းခံခွင့် 
မေး - သားသမီးက ဖခင်ထံ ကလေးစရိတ် တောင်းလို့ ရ ၊ မရ သိပါရစေ ။ တူလေးရဲ့ ရှေ့ရေး အတွက်ပါ။ 


ဖြေ - အရွယ်မရောက်သူ သားသမီးက ဖခင်အား ကလေးစရိတ် ရလိုကြောင်း တရားစွဲဆိုခွင့်နှင့် စပ်လျဉ်း၍ ပြဌာန်းချက် တစ်စုံတစ်ရာ          မရှိသဖြင့် မြန်မာနိုင်ငံ ဥပဒေများဆိုင်ရာ ဥပဒေပုဒ်မ - ၁၃ ( ၃ ) တွင် ပြဌာန်းထားသည့်အတိုင်း တရားမျှတမှု ၊ သာနာ ညီမျှမှု ၊              ကောင်းမြတ်သော စိတ်ထားတို့နှင့်အညီ အဆုံးအဖြတ် ပြုရန် ဖြစ်သည် ။ သို့ပါ၍ ကျွေးမွေးထောက်ပံ့ရန် တာဝန် ပျက်ကွက်သည့်          ဖခင်အပေါ် သားသမီးက ကလေးစရိတ် ရလိုကြောင်း တရားမကြောင်းအရ တရားစွဲခွင့် ရှိကြောင်း အောက်ပါ စီရင်ထုံးအရ                 ဆုံးဖြတ်ထားပါတယ် ။ ( မအေးတည်ငြိမ် အရွယ်မရောက်သူ ( ၄င်း၏ နီးစပ်ရာ မိတ်ဆွေ မနုနုရီ ) နှင့် ဦးကြည်လွင် ၊ ၁၉၈၇ ၊                  မတစ ၉၉ ၊ ( ၁၀၆ ) ) 


၉ ။ ကလေးသူငယ် 
မေး - ရှေ့နေကြီး ခင်ဗျား ။ မိဘတစ်ဦးအနေနဲ့ ကလေးသူငယ်နဲ့ ပက်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် သိလိုပါတယ် ။ ကလေးပြစ်မှု                     ကျူးလွန်ရင် ဘယ်လို အပြစ်ပေးပါသလဲ ။ 


ဖြေ - ဒီမေးခွန်း ဘယ်သူမေးမလဲလို့ စောင့်နေတာ ။ အရမ်းဖြေချင်လို့ပါ ။ ဒီလို ရှိပါတယ် ။ အသက် ၁၆ နှစ် မပြည့်သေးသူကို                        ကလေးသူငယ်လို့ ခေါ်ပါတယ် ။ ( ကလေးပုဒ်မ  - ၂ ( က ) ) 


( ၁ )  ကလေးသူငယ်တစ်ဦး ပြစ်မှုကျူးလွန်က ( သို့မဟုတ် ) အမှု၌ တရားခံ ဖြစ်ပါက ဦးစွာ ကလေးသူငယ် ဟုတ် ၊ မဟုတ် သတ်မှတ်ဖို့         လိုပါတယ်။ 
( က ) တရားရုံးသို့ တင်ပို့သည့်နေ့တွင် အသက် ၁၆ နှစ်မပြည့်လျှင် ကလေးသူငယ်ဟု သတ်မှတ်၍ ကလေးသူငယ် စစ်ဆေးနည်းအတိုင်း          စစ်ဆေးပါတယ်။ 
( ခ )  ကလေးသူငယ် ဖြစ်ကြောင်း မြင်သာလျှင် စစ်ဆေးမှု မပြုပါဘူး ။ 
( ဂ ) ဆေးစစ်ရင် ဆရာဝန်ကို ရုံးခေါ်၍ စစ်ဆေးစေပါတယ် ။ 
( ဃ ) သေဒဏ် တစ်ကျွန်း ခံထိုက်သည့် ပြစ်မှု မဟုတ်လျှင် သမ္ဗာန်မှု စစ်ဆေးနည်း အတိုင်း စစ်ဆေးပါတယ် ။ 


( ၂ ) ကလေးသူငယ်နှင့် လူကြီးတရားခံ ပူးတွဲမှုခင်းတွင် ဖြစ်နိုင်ပါက သီးခြားစီ ခွဲထုတ်၍ စစ်ဆေးပါတယ် ။ 
( ၃ ) တရားခွင်တွင် တခမ်းတနား စစ်ဆေးရန် မဟုတ်ဘဲ ရုံးအလုပ်ခန်း၌ စစ်ဆေးခြင်း အတိုင်း စစ်ဆေးပါတယ် ။ 
( ၄ ) ကလေးနှင့်လူကြီး ပူးတွဲ ကျူးလွန်တဲ့ပြစ်မှု ဖြစ်ပါက ဖြောင့်ချက်ပေးထားသော တရားခံက မိမိရော ပူးတွဲတရားခံ များပါ ပြစ်မှု             ကျူးလွန်သည်ဟု ထွက်ဆိုထားလျှင် ကလေးသူငယ်အား လူကြီးတရားခံများနှင့် အတူ ပူးတွဲ၍ စစ်ဆေးပါမယ် ။ 
( ၅ ) ကလေးသူငယ်အား သာမန်အားဖြင့် ထောင်ဒဏ် ချမှတ်ခြင်း မပြုပါဘူး ။ ကလေးသူငယ်သည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ              သေဒဏ်  (သို့မဟုတ် ) တစ်သက်တစ်ကျွန်းဒဏ် ချမှတ်နိုင်သော ပြစ်မှုကို ကျူးလွန်သည်ဟု လည်းကောင်း၊ အကျင့်စာရိတ္တလွန်ကဲ        စွာ ပျက်စီးနေသော သို့မဟုတ် မည်သည့်နည်းနှင့်မျှ ထိန်းသိမ်း မရနိုင်သော ဆိုးသွမ်းနေသည့် ကလေးဖြစ်သည်ဟု လည်းကောင်း ၊        ကလေးသူငယ် တရားရုံးက ယုံကြည်မှသာ ထောင်ချပါ့မယ် ။ ယင်းသို့ ချမှတ်သော ထောင်ဒဏ်သည် ၇ နှစ်ထက် မပိုရပါဘူး။               ( ကလေးပုဒ်မ - ၄၆ ) 


( ၆ ) ကျူးလွန်သော ပြစ်မှုသည် ကြီးလေးခြင်း မရှိသည့်အပြင် ကလေးသူငယ်မှာလည်း အကျင့်စာရိတ္တ ပျက်ပြားခြင်း မရှိက ဆုံးမ၍             လွှတ်နိုင်သည် ။ သို့မဟုတ် အသက် ၁၄ နှစ်ပြည့်ပြီး ဝင်ငွေရရှိသည့် ကလေးဖြစ်က ငွေဒဏ် တပ်ရိုက်နိုင်သည် ။ ( ကလေးပုဒ်မ -            ၄၇ ( က ) ဝင်ငွေမရှိသော ကလေးဖြစ်က အုပ်ထိန်းသူ မိဘကို ငွေဒဏ် တပ်ရိုက်ပါသည်။ ) 
( ၇ ) ကလေးအကျင့် မပျက်က ၃ နှစ်ထက် မပိုသော ခံဝန်ချုပ်ဖြင့် မိဘ ၊ အုပ်ထိန်းသူထံ ပြန်အပ်နှံပါသည် ။ ( ကလေး ပုဒ်မ - ၄၇( ခ ) ) 
( ၈ ) ၃ နှစ်ထက် မပိုသော ကာလအတွင်း ကလေးသူငယ် ကြီးကြပ်သူ၏ ကြီးကြပ်စီမံခြင်းကို ခံယူစေနိုင်သည် ။ (ကလေးပုဒ်မ - ၄၇(ဂ))
( ၉ ) ဆိုဆုံးမခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်သော အခြေအနေမရှိလျှင် ထိုကလေးငယ်အား ၂ နှစ် ဖြစ်စေ ၊ အများဆုံး အသက် ၁၈ နှစ်         ပြည့်သည့် နေ့အထိ ဖြစ်စေ သင်တန်းတစ်ခုခုသို့ ပို့အပ်ကြောင်း ပြန်ကြားအပ်ပါသည် ။ 


၁၀ ။ ကျူးကျော်သစ်ကိုင်း ခုတ်လို့ ရ ၊ မရ ပြဿနာ 
မေး - တစ်ဖက်ခြံက ကုက္ကိုပင်ရဲ့ အကိုင်း တစ်ကိုင်းဟာ ကျွန်တော့်ခြံဖက် ကျူးကျော်နေပါတယ်။ အကိုင်း ဖြတ်ပေးဖို့ တစ်ဖက်ခြံက               ပိုင်ရှင်ထံ သွားပြောတော့ တိုင်ချင်ရာ တိုင်လို့ ပြောပါတယ်။ အဲဒါ ဘယ်လိုလုပ် ရမလဲဆိုတာ သိပါရစေ။ 


ဖြေ - ဒီလိုရှိပါတယ် ။ တစ်ဖက်ခြံက သစ်ပင်ရဲ့ အကိုင်းဟာ မိမိခြံအတွင်း ကျူးကျော်ခြင်းကြောင့် မိမိရဲ့ အဆောက်အဦးတွေ ပျက်စီး              မယ် ၊ သစ်ပင်ပန်းမာလ်များ ပျက်စီးနစ်နာမယ်ဆိုရင် ရှေ့ဦးစွာ ရပ်ကွက် ကောင်စီရုံး ( ယခု အုပ်ချုပ်ရေးမှူး ရုံး) မှာ ညှိနှိုင်းကြည့်            ပါ ။ မပြေလည်ရင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံ တိုင်ပါ ။ အဲဒါမှ မလိုက်လျောဘူး ဆိုရင်တော့                    သက်ဆိုင်ရာ တရားရုံးမှာ “ ကျူးကျော်နေတဲ့ သစ်ကိုင်းကို ဖြတ်ပေးရန်နှင့် နောက်ထပ် သစ်ကိုင်းများ ထပ်မံ မကျူးကျော်စေရန်            အတွက် အမြဲတားဝရမ်း ထုတ်ပေးဖို့” တရားမကြောင်းနဲ့ တရားစွဲဆိုရမည် ဖြစ်ကြောင်း ပြန်ကြားအပ်ပါတယ်။ 


၁၁ ။ ကန်ထရိုက် တိုက်ခန်း ကိစ္စ 
မေး - ကန်ထရိုက် အပျောက်တိုက်ခန်းတွေ ဝယ်ရင် စိတ်ချရအောင် ဘာတွေ စစ်ဆေးဖို့ လိုပါသလဲ။ 


ဖြေ - ကန်ထရိုက် တိုက်ခန်းဆိုတာ မြေရှင်ပိုင်တဲ့ မြေကွက်ပေါ်မှာ ကန်ထရိုက်ပိုင်ငွေနဲ့ ဆောက်လုပ်ပြီး ဖြစ်ပေါ်လာမယ့် တိုက်သစ်                အပေါ် အခန်းပေး အခန်းယူ ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ် ။ အပျောက်တိုက်ခန်း ဆိုတာ နေထိုင်ခွင့် ၊ ငှားရမ်းခွင့် ထပ်ဆင့်လွှဲပြောင်း          ခွင့်ရှိတဲ့ Tanant ခေါ်  အိမ်ငှားပဲ ဖြစ်ပါတယ် ။ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရပါမယ် ။ 

 

         ဝယ်တဲ့အခါမှာ စစ်ဆေးရမယ့် အချက်တွေ ကတော့- 


( ၁ ) မြေရှင်နှင့် ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ကန်ထရိုက် တိုက်သစ်ဆောက်လုပ်ရန် ချုပ်ဆို ထားတဲ့စာချုပ်အရ မိမိအား               ရောင်းချသည့် တိုက်ခန်းဟာ ရောင်းသူ အကျိုးခံစားခွင့် ရတဲ့အခန်း ဟုတ် ၊ မဟုတ် ။ 
( ၂ ) နာမည်ပျက်ရှိတဲ့ ကန်ထရိုက် ဟုတ် ၊ မဟုတ် ။ 
( ၃ ) အခန်းဝယ်တဲ့ အခါ မြေရှင်လက်မှတ်ထိုးရင် စိတ်ချရပါမယ် ။ 
( ၄ ) စာချုပ်မှာ တိုက်ခန်းကို ဘယ်နေ့အပ်မလဲ ပါဖို့ လိုပါတယ် ။ 
( ၅ ) လူနေထိုင်ခွင့်လည်း ပါရပါမယ် ။ 
        ကန်ထရိုက် တိုက်ခန်းဝယ်ရာမှာ စွန့်စားပြီး ဝယ်ရပါတယ် ။ မိမိဝယ်တဲ့ အခန်းကို ဘယ်နှစ်ယောက် ရောင်းချထားတယ် ။ ဘယ်သူ့         ဆီမှာ ပေါင်နှံထားတယ်ဆိုတာ မသိနိုင်ပါဘူး ။ Buyer Risk လို့ ဆိုထားပါတယ် ။ ခွင်ကောင်းလို့ ဝင်အောင်းတဲ့ ကန်ထရိုက်တာနဲ့           တွေ့ရင်တော့ နာပြီပေါ့ဗျာ။ 


၁၂ ။ ကုန်အမှတ်တံဆိပ် 
မေး - ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကို မှတ်ပုံတင်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ။ 


ဖြေ - မိမိရဲ့ ကုန်ပစ္စည်းကို မှတ်ပုံတင်တော့မယ်ဆိုရင် အောက်ပါတို့ကို သိထားဖို့ လိုပါတယ်။ 


( ၁ ) ကုန်အမှတ်တံဆိပ် 
        ကုန်အမှတ်တံဆိပ် ဆိုသည်မှာ တစ်စုံတစ်ဦး၏ ထုတ်လုပ်သော / ဆောင်ရွက်ပေးသော ကုန်စည် / သို့မဟုတ် / ဝန်ဆောင်မှု                 တစ်ရပ် ချင်းစီကို ခွဲခြားသိရှိစေရန် အသုံးပြုသော ထူးခြားသည့် အသွင်ဆောင်သော အမှတ်အသား ဖြစ်သည် ။ ကာကွယ်မှု                 သက်တမ်းမှာ အမျိုးမျိုး ကွဲပြားသော်လည်း အကန့်အသက် မရှိ သက်တမ်း တိုးနိုင်သည် ။ 


( ၂ ) ဥပေဒ 
        ကုန်အမှတ်တံဆိပ် ဥပဒေ သီးခြား မရှိပါ ။  ပြဌာန်းဥပဒေ မရှိသော်လည်း စီရင်ထုံးများမှ ထိုက်သင့်အားလျော်စွာ အကာအကွယ်           ပေးထားပါသည်။

 
( ၃ ) မှတ်ပုံတင်ခြင်း 
       စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများမှ ၁၉၀၈ ခုနှစ် စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ- ၁၈ ( ခ ) နှင့် စာချုပ်စာတမ်း အမိန့်

       ဆင့်ဆိုချက် - ၁၃ ( Direction-13 ) အရ မြွတ်ဟ ကြေညာစာတမ်း အဖြစ် မှတ်ပုံတင်ပေးခြင်း ဖြစ်သည် ။ ထိုက်သင့်သည့် တံဆိပ်        ခေါင်းခွန် ထမ်းဆောင်ရပါမည်။ 


     မြွတ်ဟကြေညာစာတမ်း ဖြစ်၍ အောက်ပါ ဝန်ခံချက်များကို မှတ်ပုံတင်သွင်းသူမှ ရေးသားဖော်ပြရပါမည်။

 
( က ) ဤတံဆိပ် အမှတ်အသားကို မိမိထုတ်ကုန် ကုန်စည် / ဝန်ဆောင်မှု လုပ်ငန်းပေါ်တွင် ကပ်နှိပ် အသုံးပြုလျက် ရှိကြောင်း 
( ခ )   ယင်း ကုန်အမှတ်တံဆိပ်ကို မိမိကိုယ်ပိုင် ဥာဏ်ဖြင့် တီထွင်ခြင်း ဖြစ်ကြောင်း 
( ဂ )  အခြား တစ်စုံတစ်ရာမှ တိုက်ရိုက် / ဆင်တူရိုးမှား တုပကူးယူထားခြင်း မရှိကြောင်း 
( ဃ ) မည်သူ တစ်ဦးတစ်ယောက်မျှ ထုတ်လုပ်ရောင်းချခြင်း / ပြုလုပ်သုံးစွဲခြင်းကို မတွေ့မမြင် မကြား သိကြောင်း 


( ၄ ) မှတ်ပုံတင်ခွင့် မရှိသော ကုန်အမှတ်တံဆိပ်များ 
        စာချုပ်စာတမ်း မှတ်ပုံတင် အမိန့်ဆင့်ဆိုချက် - ၁၃ ( Direction -13 ) ပါ တားမြစ်ချက်အရ မှတ်ပုံတင်ခွင့် မရှိသော ကုန်အမှတ် တံဆိပ်များမှာ... 
      ကျင့်ဝတ် သိက္ခာကြောင်း ( သို့မဟုတ် ) ဥပဒေကြောင်း အရ မသင့်လျော်ဟု ယူဆရသော တံဆိပ် အမှတ်အသား ၊ 
     ကိုးကွယ်သော ဘာသာရေး တစ်ရပ်ရပ်၏ ယုံကြည်မှုကို ထိခိုက်ဖွယ် ရှိသည်ဟု ယူဆရသော တံဆိပ် အမှတ်အသား ၊ 
     လိမ်လည် လှည့်ဖြား ပြုလုပ်သော စာရွက်စာတမ်းဖြင့် ပြုလုပ်သည်ဟု ယူဆရသော တံဆိပ် အမှတ်အသား ၊ 
     ငွေစက္ကူ တစ်မျိုး၏ အရောင်အသွေးကို တုပထားသော တံဆိပ် အမှတ်အသား ၊ 
     ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါဝင်သော တံဆိပ် အမှတ်အသား ၊ 

 

  ၄င်းအပြင် နိုင်ငံတော်အလံနှင့် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေအရ တားမြစ်ထားသည့် နိုင်ငံတော်အလံနှင့် နိုင်ငံတော်             တံဆိပ်များကို လည်း ကုန်အမှတ်တံဆိပ် အဖြစ် သုံးစွဲခြင်း မပြုရပါ ။ 


( ၅ ) မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှုနှင့် ပက်သက်၍ မှတ်ပုံတင် ဥပဒေ မရှိပါ ။ ထိုသို့ မရှိကြောင်း စီရင်ထုံးများတွင်                 တညီတညွတ်တည်း ဖော်ပြထားပါသည် ။ ( တီစီမိုဟာမက်နှင့် အေကွန်ဂျလမ် ၊ ၁၉၅၁ ၊ မတစ - ၉၈ ၊ တရားလွှတ်တော် ) 


( ၆ ) ကုန်အမှတ်တံဆိပ်၏ ပိုင်ဆိုင်မှုကို အသုံးပြုခြင်းဖြင့်သာ ရရှိပါသည် ။ မှတ်ပုံတင်ရရုံဖြင့် အခွင့်အရေး မရရှိပါ ။ မှတ်ပုံတင်ခြင်း            သည် မှတ်ပုံတင်သည့် နေ့ရက်မှစ၍ ယင်းအခွင့်အရေးကို တောင်းဆိုနိုင်ရန် ဖြစ်သည် ။ ( ဦးကျော်နှင့် ဦးဘအေး ၊ ၁၉၆၂ ၊ 

         မတစ -၁၈၇ ၊ ရုံးချုပ် )

 
( ၇ ) ကုန်အမှတ် တံဆိပ်ကို တစ်ဦးထက် ပိုသူများက အသုံးပြုနေကြလျှင် ရှေးဦးစွာ အသုံးပြုသူသာ ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှုကို            ရရှိပေမည်။ 
( ၁ ) ဦးမောင်ငွေနှင့် မစ္စတာဘီလားလီ ၊ ၁၉၆၂ ၊ မတစ - ၉၃ ၊ ရုံးချုပ် 
( ၂ ) ဦးချစ်ဆွေနှင့် မသန်း ၊ ၁၉၅၈ ၊  မတစ - ၃၇၇ ၊ လွှတ်တော် 


( ၈ ) ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်သုံးစွဲခွင့်ကို အမွေဆက်ခံနိုင်သည် ။ 
       ( မသန်း ပါ - ၃ ၊ မအမာ ( ခ ) မအမာထွေးနှင့် ဦးချစ်ထွေး ၊ ၁၉၆၁ ၊ မတစ - ၁၃၆ ၊ ရုံးချုပ် ) 


( ၉ ) ကုန်အမှတ်တံဆိပ် ဖောက်ဖျက်သူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၈၃ အရ ပြစ်မှုကြောင်းဖြင့်လည်း စွဲဆိုနိုင်ပါသည်။ 
      ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၈၃ 
      အခြားသူ သုံးစွဲသော ကုန်တံဆိပ် သော်လည်းကောင်း ၊ ပစ္စည်းတံဆိပ် သော်လည်းကောင်း အတုပြုခြင်း ။  ( ၂ နှစ်ထိ ထောင်ဒဏ်         တစ်မျိုးမျိုး / ငွေဒဏ် / ဒဏ်နှစ်ရပ်လုံး ) 


( ၁၀ ) တရားမကြောင်းဖြင့် ၃ နှစ်အတွင်း ဖောက်ဖျက်သော အရပ်ရှိ တရားရုံးတွင် ကုန်အမှတ်တံဆိပ်ကို ဆက်လက် သုံးစွဲခြင်း မပြုရန်           နှင့် နစ်နာကြေး တောင်းဆိုနိုင်ပါသည် ။
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate