အိမ် ခြံ မြေ ဝယ်မယ် ဆိုရင် မြေတစ်ကွက် ဝယ်ရင် ဘယ်လို လုပ်ရမှာလဲ၊

အိမ် ခြံ မြေ ဝယ်မယ် ဆိုရင်  မြေတစ်ကွက် ဝယ်ရင် ဘယ်လို လုပ်ရမှာလဲ၊

         အိမ် ခြံ မြေ ဝယ်မယ် ဆိုရင် မြေတစ်ကွက် ဝယ်ရင် ဘယ်လို လုပ်ရမှာလဲ ၊ ဘာတွေ လိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာ ရန်အတွက် အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေး လိုက်ပါသည် ။

 

( ၁ ) ဝယ်ယူမည့် မြေကွက်၏ ဂရံ ၊ ပါမစ် ၊ စလစ် စတာတွေကို အရင်စစ် ရပါမည် ။ ၄င်းတို့ကို ထုတ်ပေးသည် ဌာနများ ဖြစ်သည့် ( နေပြည်တော် ၊ ရန်ကုန် ၊  မန္တလေးတို့တွင် ဆိုက စည်ပင် သာယာရေး ကော်မတီ ၊ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှု ဌာနတွင် လည်းကောင်း ၊ အခြား တိုင်းဒေသကြီး နှင့် ပြည်နယ် တို့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနတို့တွင် လည်းကောင်း သွားရောက် စစ်ဆေးရပါသည် ။ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန တို့တွင် သွားရောက် စစ်ဆေးရန် ဖြစ်သည် ။

 

( ၂ ) ထိုသို့ စစ်ဆေးရာ ရောင်းချ မည့်သူ အမည်ပေါက် မြေကွက် မှန်ကန်ကြောင်း တွေ့ရှိ ရပါက အဆိုပါ မြေကွက်ကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ကြော်ငြာ ရပါမည် ။

 

( ၃ ) ကန့်ကွက်သူ မရှိပါက စရံပေး စာချုပ် ချုပ်ဆို ရန်ဖြစ်ပါသည် ။ ( ဥပမာ ကျပ်သိန်း တစ်ထောင်တန်သော မြေကွက် ဖြစ်ပါက ကျပ်သိန်း တစ်ရာကို ပေး၍ စာချုပ်ရန် ဖြစ်သည် ။

 

( ၄ )  ဝယ်ယူမည့် မြေကွက် ပေါ်တွင် ကျူးကျော်သူ မရှိစေရပါ ။ ( ဥပမာ ဂိုဒေါင်စောင့် လင်မယား နေတာမျိုး ) အဆိုပါ နေထိုင် သူမျိုးကို ဖယ်ပေး ရန်အတွက် မြေရှင်ကို ပြောရပါမည်။ ( မြေရှင်က သုံးလလောက် တော့နေထိုင်ခွင့်ပေးပါဟုဆိုလျှင် ဒါဆိုရင် ကျွန်တော်တို့လည်း အစောင့် လင်မယား ဖယ်ပြီးမှ ကျန်ငွေကို ချေတော့မယ် ဟုပြောပါ ။ ဒါဆိုရင်တော့ မြေရှင်ဟာ ကျန်ငွေ ကျပ်သိန်း ( ၉၀၀ ) ကိုလိုချင် သူမို့ ဖယ်ပေး ပါလိမ့်မယ် ။

 

( ၅ ) ကျူးကျော် နေထိုင် သူတွေ ဖယ်ပြီးပါက ငွေကျန် ချေပြီးရင် မြေကွက်နဲ့ သက်ဆိုင်တဲ့ စာရွက် စာတမ်း အကုန်ပေး ရမယ်နော်    ဟု ပြောရ ပါမယ် ။ ( ဥပမာ - အဝိစိတွင်း တူးပါမစ် ၊ ပါဝါမီတာ စတာမျိုးတွေ ဖြစ်ပါတယ် ) ( စာရွက် စာတမ်း မူရင်း စာတမ်း အားလုံးကို တောင်းယူရန် ဖြစ်သည် ။)

 

( ၆ ) ၄င်းနောက် မြေရှင်က အက်စ်ပီ ( အထူး ကိုယ်စား လှယ်လွှဲစာ ) ပေးရမည် ဟုပြောပါ ၊ ကိုယ်စားလှယ် လွှဲစာတွင် ဝယ်ယူမည့်မြေကွက်နှင့် ပတ်သက်၍ အကုန်လွှဲအပ်သည့် အကြောင်း ပါရှိရပါမည် ။

 

( ၇ ) ဝယ်ယူမည့် မြေကွက် မြေပုံ ( အများပြောနေကြတဲ့ ၁၀၅ ၊ ၁၀၆ ကို ) ကိုပိုင်ရှင်က ထုတ်ထား ပေးပါဟု ပြောရပါမည် ။

 

( ၈ ) ၄င်းနောက် ငွေအကြေ ချေသည့် စာချုပ်ပါ ၊၊ အထက်က ပြောခဲ့သည့် စာရွက် စာတမ်းများ အားလုံးကို ရယူပါ ။ မြေကွက်ကို လက်ရောက် ရယူပါ ။

 

( ၉ ) မပြီးသေးပါ ၊ မိမိ ဝယ်ယူမည့် အိမ် ခြံ မြေ တည်ရှိရာ မြို့နယ် အခွန်ဦးစီး ဌာနမှူး ရုံးတွင် သတ်မှတ်စံနှုန်း များအား ကြော်ငြာ သင်ပုန်းတွင် ဖော်ပြထား ပါသည် ။ ရပ်ကွက် အလိုက် ၊ လမ်းအလိုက် စံနှုန်းများ ၊ အဆောက် အအုံများပါရှိပါက အဆောက် အအုံအမျိုးအစားအလိုက် သတ်မှတ်သည့် စံနှုန်းများ ( တစ်ပေလျှင် မည်မျှ ကုန်ကျမည့် တွက်ချက်သည့်  PAE နှုန်း ) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည် ။

 

( ၁၀ ) ကာလ တန်ဖိုး စိစစ် သတ်မှတ် နိုင်ရန် အထက်ဖော်ပြပါ စာရွက်စာတမ်း အထောက်အထား များကို အိမ် ခြံ မြေ တည်ရှိရာ တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့ရုံး သို့မဟုတ် မြို့နယ် အခွန်ဦးစီး ဌာနမှူး ရုံးတွင်သာ တင်ပြရမည် ဖြစ်ပါသည် ။ မြို့နယ်ရုံးက မိမိ တန်ဖိုး သတ်မှတ် ထားသည့် နှုန်းထားဖြင့် အရောင်း အဝယ် စာချုပ်ကို မြို့နယ် အခွန်ဦးစီး ဌာနမှူးရုံးတွင် တင်ပြပါက သူက အထက် အဆင့်ဆင့်ရုံး များသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည် ။

 

( ၁၁ ) ကျသင့်ငွေ တံဆိပ် ခေါင်းခွန် ပေးဆောင်ခြင်း အိမ် ခြံ မြေ ဝယ်ယူသူ အနေဖြင့် ကာလတန်ဖိုး စိစစ်သတ်မှတ် ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူသည့် တန်ဖိုးအပေါ်  မိမိ တင်ပြနိုင်သည့် ဝင်ငွေရ လမ်းအထောက် အထားများ တင်ပြပြီး ဝင်ငွေ ခွန်စိစစ်မှု ကို ခံ ယူရန် လိုအပ် ပါသည် ။ စည်းကြပ်မှု လွှတ်ကင်း နေသော ဝင်ငွေ ပေါ်ပေါက်ပါက နှစ်စဉ် ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ နှုန်းထားအတိုင်း ပေးဆောင် ရမည်ဖြစ်ပါသည် ။

 

( ၁၂ ) မြန်မာနိုင်ငံတစ်ှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ် ခြံ မြေကို ဝယ်ယူသည်ဖြစ်စေ၊ ပေးကမ်းသည်ဖြစ်စေ၊ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း၊ ( စုစုပေါင်း ၄ ရာခိုင်နှုန်း) ကိုထမ်းဆောင်ရပါမည်။

 

( ၁၃ ) မြို့နယ် အခွန်ဦးစီး ဌာနမှူးရုံးက တွက်ချက် ပေးထားသည့် ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်း ချလံတို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွား ရေးဘဏ်တွင် ပေးဆောင် ရပါမည် ။ ( မေတ္တာဖြင့် ပေးကမ်းခြင်း ဖြစ်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုဘဲ တံဆိပ်ခေါင်း ခွန်သာ ထမ်းဆောင် ရမည် ဖြစ်ပါသည် ။)

 

( ၁၄ ) ငွေသွင်း ပြီးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံ မူရင်း /  မိတ္တူတို့ကို မြို့နယ် အခွန်ဦးစီး ဌာနရုံးတွင် ပြသ၍ စာချုပ် ချုပ်ဆိုရန် တံဆိပ်ခေါင်း ထုတ်ယူ ရပါမည် ။

 

( ၁၅ ) အိမ် ခြံ မြေ ဝယ်ယူသူ အနေဖြင့် ဝင်ငွေ ခွန်ဥပဒေပုဒ်မ ၅၃ အရ ဝင်ငွေခွန် တောင်းခံလွှာ ပုံစံ ပတခ ( ဝင ) - ၈ နှင့် အတူ မြန်မာ့စီးပွားရေး ဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင် ငွေခွန် နှင့် တံဆိပ်ခေါင်း ခွန်ချလံ ဖြတ်ပိုင်း မူရင်းများ ၊ တံဆိပ် ခေါင်းခွန် အပြည့်အဝ ကပ်နှိပ် ထမ်းဆောင် ထားသည့် စာချုပ်စာတမ်း မူရင်းများနှင့် ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်များ ဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး သို့လည်းကောင်း ၊ ပြည်ထောင်စု နယ်မြေနှင့် ကျန်တိုင်းဒေသကြီး /  ပြည်နယ် အတွင်းရှိ မြို့နယ်များ ဖြစ်ပါက မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်း အင်းဦးစီး ဌာနမှူး ရုံးများသို့ သွားရောက်၍ စာချုပ် စာတမ်း များကို မှတ်ပုံတင် ကြရပါမည် ။

 

အထက် ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက် သွားရန် ဖြစ်ပါသည် ။ နောက်မှ အမည်ပေါက် ပြောင်းတာ ဘာညာတွေကို လုပ်စရာရှိပါသေးသည် ။ ဤမျှ လောက်ဆိုလျှင် အတော်အသင့် သိသင့်ပြီ ဟုထင်ပါသည် ။

 

​ရေးသူ ။ ဆရာကြီးမိုးထက်( ၂၉.၁၁.၂၀၂၀) ရက်နေ့ ညနေ(၅) နာရီ

 

ကိုးကား-

- ကွယ်လွန်သူ အိမ် ခြံ မြေ အကျိုးဆောင် ဆရာကြီး ဦးကြည်စိုး ( အိုင်စီ ) ၏ သင်ကြား ပို့ချမှုများ ( ဆရာကြီးကို ဦးညွှတ် လျှက် )

- ပြည်တွင်း အခွန်များ ဦးစီးဌာန၏ လုပ်ငန်းစဉ်များ ထုတ်ပြန်ချက်

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate