အသရေ ဖျက်မှု

02-Jun-22 အခြား
အသရေ ဖျက်မှု

          အသရေ ဖျက်မှု အသရေ ဖျက်မှု ( ပုဒ်မ ၅၀၀ ) နဲ့ ၆၆ဃ ဥပဒေပုဒ်မ ၅၀၀ နဲ့ ၆၆ဃ ဥပဒေကို လုံး၀မသိသေးသော သူများနှင့် နားမလည်သော သူများအား သိရှိစေရန် ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုးပုဒ်မ ၅၀၀ ဖြစ်ပါတယ် ။အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီး သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေမှာ ပါလာပြီ ဆိုရင် ပုဒ်မ ၂၅ သတင်း မီဒီယာ ဥပဒေပုဒ်မ ပုဒ်မ၂၅ ထပ်တိုး ပါတယ် ။ ဆိုရှယ် မီဒီယာ ဖေ့ဘုတ် အွန်လိုင်း ပေါ်ထိ ရောက်သွားမယ် ဆိုရင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ဃဖြစ်သွားပါပြီ ။ ဒါကိုအရင်ဆုံး သိထား ကြဖို့ လိုပါတယ် ။ ပါးစပ်က ပဲပြောပြော စာနဲ့ပဲ ပြောပြော အွန်လိုင်း ပေါ်ရောက်တဲ့ အဆင့်ရောက်ရင်တော့ အသရေ ဖျက်မှု သတ်မှတ် ဖွင့်ဆိုချက် ရာဇသတ် ဥပဒေပုဒ်မ ၅၀၀ နဲ့စပါတယ် ။ အခြေအနေ ပေါ်မူတည်ပြီး ပုဒ်မ ၅၀၀ / ပုဒ်မ ၂၅ /  ပုဒ်မ ၆၆ဃ ဆိုပြီး ကွဲပြား သွားတာကို သိရပါမယ် ။

 

               အွန်လိုင်း ပေါ်တွင် ရိုင်းစိုင်းသည့် ကောမန့်များ ပေးခြင်း Chat box  တွင် ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်း အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်း များသည် ဆက်သွယ်ရေး ပုဒ်မ ၆၆ဃနှင့် တိုက်ရိုက် အကြုံး၀င် တယ် ။ ဟုတ်ပြီ နောက်ထပ် ဘာတွေမတူ သေးလဲ ဘာတွေ ကွဲလွဲသေးလဲ ဆက်ကြည့် လိုက်ရအောင် ။ လူတစ်ယောက်က လူတစ်ယောက်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ဃနဲ့ ဆွဲတဲ့ အမှုကို ဒါလဲ အသရေ ဖျက်မှု ပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ် သတ်မှတ်လို့ မရသလို ၆၆ဃ ကို ပုဒ္မ ၅၀၀ အသရေ ဖျက်မှုနဲ့ပဲ တရားလို ကဆွဲချင် ဆွဲလို့ရ ပါတယ် ။ ဒီလို ပြောင်းလဲဖို့ တရာလိုရဲ့ သဘောဆန္ဒနဲ့ပဲ အရ ပြောင်းလွဲဆိုလို့ ရပါတယ် ။ ပါးစပ်ပြော စာပြော အွန်လိုင်းမှာ ပြောတဲ့ ပြစ်မှုတွေကို အသရေ ဖျက်မှု ရာဇသတ်ကြီး ပုဒ်မ ၄၉၉ နဲ့ပဲအကြုံးဝင်မဝင် ၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များအရ ညီမညီ စစ်ဆေး ရပါတယ် ။

 

မတူတာ တွေကတော့

 

၁ ။ ၆၆ဃ ဟာ ( ရဲ အရေးပိုင် ) ရဲက အရေးယူ ပိုင်ခွင့်ရှိပြီး အသရေ ဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ကတော့ ( ရဲ အရေးမပိုင် ) ရဲက အရေးယူပိုင်ခွင့် မရှိပါဘူး ။

 

၂ ။ ပြစ်ဒဏ် မတူပါဘူး ။ ပြစ်မှု ထင်ရှားရင် ၆၆ဃ = ထောင်ဒဏ် သုံးနှစ်အထိ ( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် ) ပြစ်ဒဏ် နှစ်ရပ်စလုံး ။ ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ ( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် ) ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံရမှာ ဖြစ်ပါတယ် ။ ( ပထမဆုံးပုဒ်မ ၅၀၀ကို ၈မိုင်မှာ ချောစကီး အားယာဉ်ပေါ်မှ ဆဲရေးသွားသူ အားစတင် notice ထုပ် အရေးယူခဲ့ ပါတယ် ။ ဒုတိယ အကြိမ် ကျောက်ဆည်မှာ ကွမ်းခိုးသူတွေ တရားစွဲ အရေးယူ တဲ့အခါ တရားခံတွေနဲ့ ပါလာတဲ့ ယောက်ဖဆိုသူက လူပုံလည် ကျမကို လက်ညိူ ထိုး ပမာမခန့် ပြောလို့တခါ အဲ့နေရာက ရဲအရာရှိတွေ သက်သေ ထားပြီး အသရေ ဖျက်မှုနဲ့ စွဲပါတယ် တတိယအကြိမ် ကျမနောက်ကွယ် စာဖြင့် အပြန်အလှန် အပုတ်ချ အတင်းပြော နေတာမိလို့ ပုဒ်မ၅၀၀နဲ့  စွဲဖို့ ပြင်ဆင် ထားပါ သေးတယ် ။)

 

၃ ။ အသရေ ဖျက်မှုကို အကြောင်းပြု ပြီးပုဒ်မ ၅၀၀ နဲ့ဆွဲရင် အာမခံပေးရမယ့် အမှုဖြစ်ပြီး အသရေဖျက်မှုကို အကြောင်းပြု၍ ၆၆ဃ နဲ့ဆွဲမယ်ဆိုရင် အာမခံမပေးနိုင်တဲ့အမှု ဖြစ်သွားပါတယ်ရာဇဝတ်ကျင့်ထုံးဥပဒေ ဒုတိယဇယားအရ သုံးနှစ်နှင့်အထက် ပြစ်ဒဏ်သင့်မယ့် အမှုများကို အာမခံမပေးနိုင်တဲ့အမှုအဖြစ် သတ်မှတ်ထားပါတယ်။

 

၄ ။ ၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ်သတ်မှတ်ထားတာကြောင့်ပြစ်မှုကျူးလွန်ကြောင်း သိရှိသူမည်သူမဆို တိုင်ကြားနိုင်ခွင့်ရှိပြီးပုဒ်မ ၅၀၀ မှာတော့ နစ်နာသူကာယကံရှင်ကိုယ်တိုင်သာလျှင်တိုင်ကြားစွဲဆိုရမှာဖြစ်ပါတယ်။

 

Credit by မတ်မတ်အိ

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate