တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ

13-Aug-21
တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ
မြန်မာအမျိုးသမီးကောင်းများလူမျိုးခြားများရဲ့အငယ်အနှောင်းများမဖြစ်စေရန်..
မြန်မာနိုင်ငံရှိ အိမ်ထောင်သည်များအရှုပ်အရှင်းကင်းစေရန်..
မိမိအိမ်ထောင်ဖက်ပေါ် ရာသက်ပန် သစ္စာရှိ
စွာ ပေါင်းသင်းစေရန်..
( စတဲ့ စတဲ့ ) ကောင်းမွန်သော ရည်ရွယ်ချက်
တွေနဲ့ ၃၁ / ၈ / ၂၀၁၅ ရက်နေ့မှာ တလင်တယားစနစ်ကျင့်သုံးရေး ဥပဒေကို ပြဌာန်းခဲ့ပါ
တယ်..
( ခက်တာက )..
အိမ်ထောင်သည်အတော်များများဟာ ဥပဒေ
ပြဌာန်းချက်ကို သေချာစွာမလေ့လာဘဲ စိတ်
လိုက်မာန်ပါလုပ်ကြလို့ ..မဖြစ်သင့်တာတွေ
ဖြစ် မကုန်သင့်တဲ့ငွေကြေးတွေကုန် ..အဆုံး
သတ်တော့ ဘာမှဖြစ်မလာ..
( ဆိုတော့ကာ )..
ဥပဒေကိုပြန်လေ့လာကြည့်ရအောင်..
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အိမ်ထောင်သည်မှန်သမျှ ( လှည်းနေလှေ
အောင်း မြင်းဇောင်းမကျန် ) တည်မြဲအိမ်
ထောင်ရှိနေစဥ်မှာ လိင်ကွဲနဲ့ ..
မပြုရ လို့ ပြဌာန်းထားတယ်..
( ဆိုလိုတာက )..
တရားဝင်မကွာရှင်းရသေးရင် နောက်လင်..
နောက်မယားမယူကြပါနဲ့ ..ယူခဲ့ရင် ဒီဥပဒေရဲ့ ပုဒ်မ ၁၃ အရ ၃နှစ်ထိထောင်ဒဏ်ချမှတ်နိုင်တယ် ( အာမခံ မပေးဘူး )..
မကွာရှင်းသေးဘဲ အိမ်ထောင်မရှိ လူပျို / အ
ပျိုပါလို့ ယုံကြည်အောင်လှည့်ဖျားပြောဆို
ပြီး အိမ်ထောင်ထပ်ထူရင် ဒီဥပဒေရဲ့ပုဒ်မ
၁၇ အရ ၁၀နှစ်ထိပြစ်ဒဏ် ( အာမခံ မရ )..
လို့ဆိုလိုပါတယ်..
( လက်ရှိဖြစ်နေတဲ့ ပြဿနာအများစုက )..
ကျမလင် ktv က စော်နဲ့ ငြိနေလို့ / ကျွန်တော့်
မယား သူ့ရည်းစားဟောင်းနဲ့ လိုင်းပေါ်မှာ ကြူနေလို့ စသဖြင့် စသဖြင့်သော သက်သေ
တွေပြ / ဒီဥပဒေနဲ့ တိုင်မယ်ချည်လုပ်နေတာ.
( တကယ်ဆို )..
ktv က စော်နဲ့ ငြိယုံမကလို့ ဖောင်းဒိုင်းဖောင်း
ဒိုင်း လုပ်နေတဲ့သက်သေ / ရည်းစားဟောင်း
နဲ့ကြူယုံမကလို့ ဒချိ ဒချိ လုပ်နေတဲ့သက်
သေတွေပြလဲ ဒီဥပဒေနဲ့အရေးယူလို့မရပါ..
အဲ့ဒီသက်သေတွေနဲ့က ဖောက်ပြန်မှု့ကြောင့်
လင်မယားကွာရှင်းပေးစေလိုကြောင်း တရားရုံး ဦးတိုက်လျှောက်ထားရမှာဖြစ်ပီး
မှန်တယ်ဆိုရင် လက်ထပ်ပွါးပစ္စည်းမှန်သမျှ
တရားလို အကုန်ယူပေတော့..
( ဒါဆို ဘယ်လိုသက်သေလိုလဲ ) ??
တည်မြဲအိမ်ထောင်ရှိရက်နဲ့ လိင်ကွဲနဲ့
လူသိ နတ်ကြားပေါင်းသင်းတာ ..
မယားငယ်အား အိမ်တစ်ဆောင် မီးတပြောင်
နဲ့ ပေးကမ်းထောက်ပံ့ ပေါင်းသင်းတာ..
..အဲ့ဒီ သက်သေတွေ အဓိကလိုအပ်ပါတယ် 
( နောက်တစ်ချက်က )..
မယားတွေဟာ သူတို့လင် အငယ်အနှောင်း
ထားရင်..
( 1 ) ကိုယ့်လင်ကို ချော့မော့ပြောမယ်..
( 2 ) တဖက်အမျိုးသမီးကို တောင်းပန်မယ်
( 3 ) အဲ့ဒီနှစ်ချက်လုံးနဲ့တားမရရင် တဖက်
မိန်းကလေးကို လိုင်းပေါ်တင် အရှက်ခွဲမယ်
( 4 ) ဘယ်လိုမှတားမရတော့ရင် ကိုယ့်လင်
ကိုအမှု့ဖွင့်မယ်..အဓိကက တဖက်အမျိုးသ
မီးကိုလဲ အမှု့တွဲချင်တာ..
( ငါဒီလောက်တောင်းပန်နေတာတောင် လက်လုချင်တဲ့ ကျီးကန်းမ အိမ်က နွားနဲ့
တခါထဲအမှု့တွဲ ဒင်းပါထောင်ကျ ) ပေါ့..
( တကယ်ဆို )..
မယားငယ်တွေ စာကလေးကြော်တွေဟာ..
အပျို / တလင်ကွာ / မုဆိုးမ တွေဖြစ်နေရင်
အမှု့မတွဲနိုင်ပါဘူး ..
( အမှု့ဖွင့်ပြီးမှ တဖက်မိန်းကလေးကိုအမှု့
တွဲမရဘဲ ) ကိုယ့်လင်သာ ထောင်ကျကိန်း
ဖြစ်နေလို့ အချိန်ကုန် / ငွေကုန်ခံပြီး အမှု့
ကျေအေး ရုပ်သိမ်းလုပ်ခဲ့ရတဲ့သူတွေ များ
မှများ..
( နောက်တစ်ချက်က )..
ဒီမှာအိမ်ထောင်ဖက်ချန်ထား / ပြည်ပမှာအလုပ်လုပ်ရင်း ဟိုက မယားတွေနဲ့ညား 
တဲ့ကိစ္စ ( ဥပဒေပြဌာန်းချက်ကိုက မြန်မာနိုင်
ငံအတွင်းပဲ သက်ရောက်လို့ ) အကျုံးမဝင်
ပါဘူး..
လူမျိုးရေးတွေ / ဓလေ့ထုံးတမ်းတွေ / ဘာ
သာရေးတွေ ဘာနစ်ခုနဲ့မှအကြောင်းမပြပါနဲ့
ဒီနိုင်ငံမှာနေပြီး နောက်အိမ်ထောင်ပြုရင် ဒီ
ဥပဒေနဲ့ ပြစ်ဒဏ်ခံရပါမယ်..
( ဒါကြောင့် )..
မဖြစ်သင့်တာ မဖြစ်ရလေအောင် / မမှားသင့်တာမမှားရလေအောင် ..
ငါ့မှာဘာချွတ်ယွင်းချက်ရှိလို့ သူ အငယ်အ
နှောင်းထားလဲ ??
သူ့အပေါ်ငါဘာဝတ္တရားတွေပျက်ကွက်လို့
မယားငယ် လင်ငယ်ထားလဲ စဥ်းစားပါ..
စိတ်လိုက်မာန်ပါလုပ်ရင် မှားပြီးရင်းမှားတတ်ပါတယ် ( ဆိုတာ ) တလင်တမယားစနစ်ကျင့်သုံးရေး ဥပဒေနဲ့ပတ်သက်လို့..
အရပ်သားများလွယ်ကူရှင်းလင်းစွာ သိစေရန် ဥပဒေစကားရပ် စကားလုံးများမပါဘဲ
ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျား ..
( လေးစားလျှက် )
ရေးသားသူဆရာခင်ဝင်း
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate