"စရန်ငွေဆုံးရှုံးရခြင်း"

13-Aug-21
"စရန်ငွေဆုံးရှုံးရခြင်း"
ဥပဒေနှင့်အညီချုပ်ဆို ထားသော ပစ္စည်း၊အိမ်ခြံမြေ တိုက် ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်ပါ စည်းကမ်းချက်များ ကို မလိုက်နာပျက်ကွက်ပါက ပဋိညာဉ်ဥပဒေအရ စရန်ငွေဆုံးရှုံး တတ်ကြပေသည်။ သို့မဟုတ် စရန်ငွေပေးကတိစာချုပ်ပါအတိုင်း အရောင်းအဝယ် ဆက်လက် ဆောင်ရွက်အတည်ပြုရန် တောင်း ဆိုခွင့်ရှိပေသည်။
စရန်ငွေပေးကတိစာချုပ်ပါအတိုင်း မလိုက်နာခဲ့သဖြင့် စရန်ငွေဆုံးရှုံးသည် သာမက ပစ္စည်းလက်ရှိမှ လက်လွှတ် ဆုံးရှုံး ခဲ့ရသည့် မှုခင်းတစ်ရပ်ကို ဗဟုသု တအဖြစ် ဖော်ပြလိုပါသည်။
"ဒေါ်လှနွဲ့ (၄င်း၏အခွင့် ရ ကိုယ်စားလှယ်ဦးထွန်းအောင်) နှင့် ဦးသန်းညွန့် ၂ဝဝ၁ ခုနှစ် မြန်မာနိုငံတရားစီရင်ထုံး စာမျက် နှာ ၄ဝ၃'' အမှုမှာ -
(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်းညွန့်အပေါ် ၈.၃.၉ဝ နေ့ စွဲပါ မြေရောင်းရန် စရန်ပေးကတိ စာချုပ်ကို ဖျက်သိမ်း၍ ရောင်းရန် ကတိပြုထားသည့် "မြေကိုလက်ရောက် ပြန်လည်ပေးအပ်စေလိုမှု" စွဲဆိုရာ၊ ရန်ကုန်တိုင်းတရားရုံးက ဦးသန်းညွန့်မှ ဒေါ်လှနွဲ့အား နစ် နာကြေးငွေ တစ်သောင်းကျပ်ပေး စေရန် အမိန့်ချမှတ်ခဲ့သဖြင့် ဒေါ်လှနွဲ့မှ တရားမအထူးအယူခံ ရုံး အထိ အယူခံ ဝင်လာသော အမှု ဖြစ်သည်။
အထူးအယူခံရုံးက သုံးသပ်သည်မှာ -(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်း ညွန့်သို့ အချင်းဖြစ် မြေကွက်ကို ငွေ ၈ဝဝဝဝ (ရှစ်သောင်းကျပ်) ဖြင့် ရောင်း ချရန် သဘောတူညီကြပြီး၊ ၈.၃.၉ဝ နေ့စွဲပါ မြေရောင်းရန် စရန်ပေးကတိစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း အငြင်းမပွားပေ။
မြေရောင်း ရန်စရန်ပေး ကတိစာချုပ်တွင် ပျက်ကွက်ပါက ပေးအပ် ထားသည့် စရန်ငွေကို ဝယ်ယူက အရှုံးခံရန် သဘောတူပါသည်ဟုလည်းကောင်း၊ ငွေရှစ်သောင်းကျပ်တိတိထဲမှ စရန်ငွေအဖြစ် ၈.၃.၉ဝ နေ့တွင် ငွေကျပ်တစ် သောင်းလေးထောင်တိတိ ပေးအပ် ခဲ့ သည်ဟု လည်းကောင်း၊ ပထမအ ရစ်အဖြစ် ငွေကျပ်သုံးသောင်း သုံးထောင်ကျပ်တိတိ ၇.၉.၉ဝ နေ့တွင်အပြီး အပြတ်ပေးချေပါ မည်ဟု နှစ်ဦးနှစ်ဖက်သဘောတူ အောက်တွင် လက်မှတ်ရေးထိုးကြ ပါသည်ဟု လည်းကောင်း ဖော်ပြ ထားသည်။
ဦးသန်းညွန့်က အချင်းဖြစ် မြေနှင့်အိမ်ကို ဦးဘမောင်ထံမှ အရပ်စာချုပ်ဖြင့် ဝယ်ယူလက် ရောက်နေထိုင်လျက်ရှိသည် ဆိုသော်လည်း ဒေါ်သန်းနွဲ့နှင့် မြေ ရောင်းရန်စရန်ပေး ကတိစာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိ်ကြောင်းငြင်းဆို ထားခြင်း မရှိပေ။
ထို့ကြောင့် မြေ ရောင်း ရန် စရန်ပေးကတိစာချုပ် တွင် ဒေါ်လှနွဲ့နှင့် ဦးသန်းညွန့်တို့သည် စာချုပ်ပါ အချိန်ကို အဓိကထား၍ စာချုပ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခဲ့ကြ ကြောင်းထင်ရှားသည်။
ဦးသန်း ညွန့်သည် ပထမအရစ်ငွေကို သတ်မှတ်ထားသော နေ့တွင်ပေးရန် ပျက်ကွက် သဖြင့် ပဋိညာဉ်ပါ စည်းကမ်းကို ချိုးဖောက်ရာရောက်ပေသည်။
ကတိပြုသူသည် ပဋိညာဉ် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်ရန် ပျက်ကွက် သည့်အခါ ကတိရသူက ထိုပဋိ ညာဉ်ကို ပယ်ဖျက်နိုင်ခွင့်၊ ဖျက်သိမ်းခွင့်ရှိကြောင်း ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထား ပေသည်။
မြေရောင်းရန် စရန်ပေးကတိစာချုပ်တွင် ဝယ်သူ ဦးသန်းညွန့်က ရောင်းသူ ဒေါ်လှနွဲ့သို့ စရန်ငွေ တစ်သောင်းလေးထောင်ကျပ် ကို ပေးအပ်ရာလက်ခံရရှိ ကြောင်း ဖော်ပြထားသည်။ ထိုငွေမှာ ရောင်းငွေအတွက် တစ်စိတ်တစ်ပိုင်းပေးခဲ့ခြင်း မဟုတ်ဘဲ အာမခံ သဘောဖြင့် ပေးခြင်းသာဖြစ်၍ ဝယ်သူက ပျက်ကွက်ပါက ထိုငွေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ၈.၃.၉ဝ နေ့စွဲ ပါ မြေရောင်း ရန်စရန်ပေးကတိစာချုပ်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။
ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်ပြုကြရာတွင် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ထက် အရောင်းအဝယ်စရန်ပေး ကတိစာချုပ်ကို ပြီးပြည့်စုံစွာချုပ်ဆိုရန် အထူးလိုအပ်ပါသည်။ 
အရောင်းအဝယ် စရန်ပေး ကတိစာချုပ်ပါ စည်းကမ်းချက် များနှင့် အညီအရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သဖြင့် စရန်ပေးကတိစာချုပ်ပါ အချိန်နေ့ရက် အပါအဝင် စည်းကမ်းချက် တစ်ခုခုကို ဖောက်ဖျက်ခဲ့ပါလျှင် ဝယ်သူအနေဖြင့် စရန် ငွေ ဆုံးရှုံး သည့်အပြင် တစ်ခါတစ်ရံ စရန်ငွေပေးပြီး လက်ရောက်ရယူထားမှုကိုပါ ဆုံးရှုံးသွားတတ်သဖြင့် ဝယ်သူများအနေဖြင့် စရန်ပေးကတိ စာချုပ်ကို အထူးဂရုပြု ချုပ်ဆိုသင့်ကြောင်း အကြံပြုရေးသားလိုက် ပါသည်။
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate