ဂရန် အတု / အစစ် ဘယ်လိုခွဲမလဲ

ဂရန် အတု / အစစ် ဘယ်လိုခွဲမလဲ

  ဂရန် အတု / အစစ် ဘယ်လိုခွဲမလဲ

 

        ရန်ကုန်မြို့တော် စည်ပင် ဂရန် မျက်နှာဖုံးက သားရေ အစိမ်းရင့် ၊

        မန္တလေးမြို့တော် စည်ပင် ဂရန် မျက်နှာဖုံးက အညိုရောင် ဖြစ်ပါတယ် တွန့်ကြေခြင်း မရှိပါ ။

        ဌာနတံဆိပ်မှာ ရွှေရောင် ဖြစ်ပြီး လက်နှင့် ပွတ်ကြည့်လျှင် ကြမ်း၍ ဖောင်းကြွ ဖြစ်ပါတယ် ။

 

       အိုးအိမ်ဂရန် မှာ အပြာရောင် ဖြစ်ပါတယ် ( အတုမှာ နက်ပြာရောင် သို့မဟုတ် အစိမ်းပုတ်ရောင် ဖြစ်ပြီး ဌာနတံဆိပ်မှာ ကြမ်းမနေ        ပါ။)

        ဌာနတံဆိပ်ရေစာမှာ အပြာနု ဖြစ်၍ ထင်ရှားပြီး မှုံဝါး မနေ ၊ အရောင်မှာ အရမ်း တောက်ပ မနေပါ ။

       စာအုပ်ချုပ်ထားတဲ့ ချုပ်ရိုးမှာ သပ်သပ်ရပ်ရပ် ဖြစ်နေပြီး အပ်ပေါက်ရာ နှင့် ချုပ်ထားသော ချုပ်ရိုးစများ အပြင်သို့ ထွက်မနေပါ ။

       ( အတုမှာ ချုပ်ထားသော ကြိုးစများ ထွက်နေပြီး ကြိုးထက် အပ်ပေါက်ရာက ကြီးနေ တက်ပါတယ် )

 

       စာရွက်ရဲ့ အသားဟာ ထူပြီး ချောနေပါတယ် ။ စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ပြီး ပြတ်သားစွာ မြင်ရပါ           တယ် ။

       ( အတုသည် ရေစာအား Colourprinterဖြင့် ထုတ်ထားသဖြင့် အရမ်း ထင်းလွန်းပြီး စာရွက်သားမှာ မထူပါ ။စာလုံးများအား ပွတ်          ကြည့်လျှင် အရောင်ပျက်သွားပါသည်။ )

      မြေပုံဆွဲသည့်အခါ အဝိုင်းများ နှင့် မြေကွက် ဘောင်ခတ်ခြင်းအား မှင်နီဖြင့် ဆွဲပြီး လက်ရာမှာ သေသပ်ပြီး အစွန်းများ ထွက်မနေပါ။

      လိုင်းများ ညီညာလွန်း ပါတယ် စာသားအား အနက်ဖြင့်သာ ရေးလေ့ရှိပါတယ်

 

      ( အတုမှာ ဘောင်လိုင်းများ အစွန်းထွက်ပြီး စာသားအား မှင်ပြာဖြင့် ရေးလေ့ ရှိပါတယ်။ ) 

        ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ရှိပါတယ် ။

       ဒီအချက်တွေနဲ့ တိုက်စစ်ခြင်းဖြင့် အတု / အစစ် ခွဲခြားနိုင်ပါတယ် ။

 

     Credit - OriginalUploder

Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate