သေသူ၏ဝိညာဉ်အား အမှုစစ်မှခေါ်ယူခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~

13-Aug-21
သေသူ၏ဝိညာဉ်အား အမှုစစ်မှခေါ်ယူခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~
အမှုစစ်မှ သေသူ၏ဝိညာဉ်ကိုခေါ်သည် ဆိုလျှင် မျက်မှောက်ခေတ် အမှုစစ်ရဲအရာရှိတို့ ရီစရာပျက်လုံးတစ်ခုကို ပြောပြသလို ရီချင်ကြပေလိမ့်မည်။မိမိသည် အလုပ်သင်ကာလပြီးဆုံးပြီးနောက် ရဲတပ်ရင်းတစ်ခုတွင်တာဝန်ကျခဲ့သည်။ထိုသို့တာဝန်ကျစဉ် ရဲစစ်စစ် ရဲမှူးတစ်ဦးနှင့် ခင်မင်ရင်းနှီးခဲ့သည်။ထိုရဲမှူးမှ ရဲလုပ်ငန်းအကြောင်း၊အမှုစစ်အကြောင်းကိုပြောပြသည်ကို မှတ်သားသင်ယူခဲ့သည်။ထိုသို့ပြောပြသည့်အထဲတွင် အမှုစစ်မှ သေသူ၏ဝိညာဉ်ကိုခေါ်ယူခြင်းအကြောင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။သေသူ၏ဝိညာဉ်ကိုခေါ်ယူခြင်းသည် သဘာဝလွန် အကြောင်းအရာတစ်ခုဖြစ်သဖြင့် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် နှိုက်နှိုက်ချွတ်ချွတ်လည်း မေးမြန်းမှတ်သားထားခဲ့မိသည်။
ရဲတပ်ရင်းတွင် ၃ နှစ်ကျော် ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြို့နယ်တစ်ခု၏ ရဲစခန်းတစ်ခုတွင် အမှုစစ်အဖြစ် ဆောင်ရွက်ခဲ့သည်။တစ်နေ့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေတွင်းသို့ပြုတ်ကျ၍သေဆုံးကြောင်းသိရ၍ စခန်းမှူး၏တာဝန်ပေးချက်အရ သေမှုသေခင်းဖွင့်နိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ရသည်။အလောင်းအား ရေတွင်းမှ ပြန်လည်ဆည်ယူပြီး စစ်ဆေးရာတွင် အလောင်း၏တစ်ကိုယ်လုံးတွင် ကြက်သီးထနေသည်။ရင်အုံမောက်နေသည်။မျက်လုံး နီရဲနေသည်။ရေနစ်သေဆုံးသူ တစ်ဦး၏ လက္ခဏာများပြည်စုံသည်။သို့ရာတွင် ဝမ်းဗိုက်မှ ၁ လက်မခန့် အူတစ်ခုထွက်နေပြီး ထိုအူတွင် အပေါက်ငယ် ၂ ပေါက် ထူးခြားစွာပါရှိနေသည်ကိုတွေ့ရသည်။ထိုအူထွက်နေသော အပေါက်မှာ ဖွာစုတ်မနေဘဲ ပြတ်ရှသည့် အရာတစ်ခုဖြင့် ထိုးသွင်းထားသည့်ပမာ တိတိပပ ဖောက်ဝင်သွားခြင်းဖြစ်သည်ကိုတွေ့ရသည်။လူသေမှုမဟုတ်၊လူသတ်မှုသာဖြစ်ကြောင်း စခန်းမှူးထံသတင်းပို့သည်။သေဆုံးသူ မိန်းကလေး၏ ဝိညာဉ်ကို ခေါ်ယူလာပြီး စခန်းမှူးရုံးခန်းတွင် နေရာပေးထားခဲ့သည်။မသင်္ကာတရားခံဖမ်းသည်။ထိုးခဲ့သည့် ဓါးကိုသိမ်းဆည်းနိုင်သည်။သို့ရာတွင် သေသူ၏ကိုယ်ပေါ်မှ ဖြုတ်ယူသွားသည့် ရွှေနားကပ်တစ်ရံအားရသိမ်းဆည်းမရနိုင်။စခန်းမှူးရုံးခန်းသို့သွားကာ ဝိညာဉ်အားခေါ်ယူပြီး စစ်ကြောရေးခန်းသို့ခေါ်ယူကာ တရားခံကို စစ်ကြောရေးခန်းမှာပင် တံခါးပိတ်ထားခဲ့သည်။ ၅ မိနစ်ပင်မကြာ စစ်ကြောရေးခန်းမှ တရားခံ၏ အော်သံကြားရသည်။ကျွန်တော့်ကိုကယ်ပါအုံး၊ကြောက်လွန်းလို့ပါ။နားကပ်ကို အိမ်ရှေ့က အုန်းပင်ခြေရင်းက ပန်းထိမ်ငိုပင်ကြားမှာ မြှုပ်ထားပါတယ် " ဟူ၍ ဖြစ်သည်။
ဆောင်းတွင်း၏ နံနက် ၅ နာရီကျော်လောက်အချိန် ကားလမ်းပေါ်တွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်၊အသားညိုညို အမျိုးသားတစ်ယောက်ဖြစ်နေကြောင်းတွေ့ရသည်။ဦးခေါင်းနှင့်ယာဘက်တတောင်ဆစ်တို့တွင် ဒဏ်ရာများတွေ့ရသည်။ဖူးယောင်ဒဏ်ရာလား၊ပွန်းပဲ့ဒဏ်ရာလားဆိုသည်ကိုပင် ခွဲခြားရန် ခက်ခဲလှသည်။ယာဉ်တစ်စီးစီးမှ ပြုတ်ကျသေဆုံးရခြင်း ဖြစ်နိုင်သကဲ့သို့ သတ်ပြီးမှ ကားလမ်းပေါ်သို့တင်ထားခြင်းလည်းဖြစ်နိုင်သည်။သေသူ၏ဝိညာဉ်ကို ခေါ်ယူလာပြီး စခန်းမှူးရုံးခန်း အတွင်းမှာပင် နေရာချထားပေးခဲ့သည်။မသင်္ကသူ၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ဘေးတံခါး ၂ ခုလုံးဖြုတ်ထားသည့် ဆန်နီကား၏ ရှေ့မှန်သည် မိမိရှေ့မှာပင် "ဖောင်းကနဲ" ကွဲသွားခဲ့လေသည်။အပူရှိန်ကြောင့်ဆိုပါကလည်း နံနက် ၇ နာရီကျော်ခန့်အချိန် အပူရှိန်မမြင့်သေး။တပည့်ကျော် အလုပ်သင်ကတော့ ပြောသည် "ဆရာ ဟိုကောင် ခွဲပြတာနေမှာ သေချာလောက်တယ် " ဟုပြောသည်။တရားခံမှ မေးမြန်းရန်ပင်မလို အမှန်အတိုင်း ဝန်ခံသည်။မတော်တဆ ကားပေါ်မှ ပြုတ်ကျ ခဲ့ခြင်းသာ ဖြစ်သည်ဟူ၍။
မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ မြေမြှုတ်ထားသည့် အလောင်းအား ပြန်လည်တူးဖော်ရန် လိုက်ပါခဲ့ရသည်။သုဿာန်သို့ သွားရောက်၍ အလောင်းအားအတည်ပြုခဲ့ရာ မြေမြှုတ်ထားခြင်း မဟုတ်ဘဲ ဂူသွင်းထားခြင်းဖြစ်သည်ကို တွေ့ခဲ့ရသည်။ဂူမဖောက်မီ သေသူ၏ဝိညာဉ်အား ခေါ်ယူခဲ့သည်။ဂူဖောက်သည်။စစ်ဆေးသည်။ပြန်ပိတ်ခဲ့သည်။ဝ်ညာဉ်အား ထုံးစံအတိုင်း နေရာချထားခဲ့သည်။သို့ရာတွင် မိမိရဲစခန်း အပိုင်နယ်မြေတွင် ဖြစ်ပွားသည့် အမှုမဟုတ်၍ တစ်စုံတစ်ရာဆောင်ရွက်၍မရ။နောက်တစ်နေ့လည်၂ နာရီကျော်လောက်အချိန် ထမင်းစားပြီး၍ ခဏတစ်ဖြုတ် အိပ်ပျော် အနားယူနေစဉ် မိမိအိပ်နေသော နေရာ၏ ခြေရင်းမှ အဖြူရောင် ဝတ်ထားသည့် မိန်းကလေးတစ်ဦး မျက်ရည်လေး ဝဲတဲတဲဖြင့် ငိုပြီးလာကန်တော့သည်ဟု အိပ်မက် မက်သည်။အိပ်နေရာမှလန်နိုးသွားခဲ့သည်။ထိုနေ့ညနေပိုင်းတွင် အထက်ဌာန၏ ညွှန်ကြားချက်အရ အမှုအား မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သော အဖွဲ့မှ ပြောင်းလဲစစ်ဆေးခဲ့ရာ မိမိသည်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ရှဲဒိုးအိုင်အို ဖြစ်လာခဲ့ရသည်။ပြစ်မှုဖြစ်ပွားရခြင်းအကြောင်း၊သေဆုံးရသည့်အကြောင်း၊သေဆုံးခဲ့ရသည် အိမ်တိုင်တွင် ခြင်ထောင်ချည်ရန် ရိုက်ထားသည့် ခေါင်းပြုတ်နေသည့် သံမှိုတို့ကို တစ်ခုမကျန် သိမ်းဆည်းပြီး တရားခံအား တရားစွဲတင်နိုင်ခဲ့သည်။နောက်တစ်နေ့ နေ့လည် ၂ နာရီကျော်ခန့်အချိန် နေအိပ်တွင် အနားယူအိပ်ပျော်နေစဉ်အဖြူရောင်ဝတ်ထားသည့် ဤမိန်းကလေး ငိုယိုပြီးထပ်မံလာကန်သည်ကို အိပ်မက် မက်ပြန်သည်။ဤသို့ အိပ်မက် မက်မှပင် သတိရလိုက်မိသည်။ဝိညာဉ်ကို ပြန်မပို့ရသေးဘဲကိုး။
သေသူ၏ ဝိညာဉ်ကို ခေါ်ပြီး စစ်ဆေးခဲ့သည့်အမှုများကား ၁၀ မှုမက ရှိပေသည်။စာရှည်သွားပေလိမ့်မည်။ထို့အပြင် သေသူ၏ဝိညာဉ်ကို လုံးဝခေါ်၍မရသည့်အမှုများလည်း ရှိနေပေသေးသည်။ထိုသို့ သေသူ၏ဝိညာဉ်ကို ခေါ်၍ လုံးဝမရနိုင်ခြင်းမှာ သေဆုံးပြီးနောက် အခြားဘဝတစ်ခုသို့ ချက်ချင်းကူးပြောင်းသွားခြင်းကြောင့်ဖြစ်လေသည်။ဘဝကူးမြန်သည့် ဝိညာဉ်ကို ခေါ်၍မရနိုင်ပါ။
အမှုစစ်ဘဝ အမှုမျိုးစုံ၊အကြောင်းခြင်းရာမျိုစုံ၊ဝိညာဉ်ပါမကျန် ကျင်လည်ခဲ့သော မိမိသည် ယခုအခါ နေ့ခင်းကြောင်တောင် နေအိမ်တွင် တစ်ယောက်တည်း ရှိနေပါက လှစ်ခနဲ လှစ်ကနဲ ဖြတ်ပြေးပြခြင်း၊နေအိမ်ပေါ်မှ ခြေသံပေးခြင်း၊ညစဉ်အချိန်မှန် အိမ်ခေါင်မိုးပေါ်မှ အချက်ပေးခြင်း၊တစ်ရေးနိုး "ဗိုလ်ကြီး၊ဗိုလ်ကြီး" ဟု မကြာခဏ ခေါ်သံကြားရခြင်းတို့ ကြုံတွေ့လျှက်ရှိနေပေသည်။
ဤသို့ အမှုစစ်မှသေသူ၏ဝိညာဉ်ကိုခေါ်ယူခြင်းသည် အထက်တွင် ပြောခဲ့သလို သဘာဝလွန် အကြောင်းတရားတစ်ခုဖြစ်သော်လည်း ရဲတပ်ဖွဲ့တွင် ယခင်က ဤသို့ ရှိခဲ့ပါလား ဟူသည်ကို အမှုစစ်အရာရှိတို့ ကြားဖူးကြ
လေအောင်တင်ဆက်ရခြင်းသာဖြစ်သည်။မယုံကြည်ပါက ရဲအုပ်အောင်ကျော်ထွန်း ဆိုသည့် ဤရဲအို ပုံပြောသည်ဟုသာ မှတ်ယူကြပါရန် မေတ္တာရပ်ခံလိုပါသည်။
ရဲအုပ်အောင်ကျော်ထွန်း
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate