သက်တမ်းတိုး ကုန်ကျစရိတ် သိလိုလျှင် ---?
သက်တမ်းတိုး ကုန်ကျစရိတ် သိလိုလျှင် — ?
ကားဝှီးတက် ရှေ့နောက် ရိုက်ပြီး ပြလိုက်ပါ ။
--
တစ်စီးနဲ့ တစ်စီး အင်ဂျင်ထုထည် Cc မတူ
သက်တမ်း ရှိ မရှိ
သက်တမ်း လွန် / မလွန် မတူကြလို့ ကုန်ကျစရိတ် မတူ ။
--
အထူးမှတ်ရန် ကတော့ သက်တမ်းလွန် ကားများကို သက်တမ်းတိုးတဲ့အခါ
ကိုယ်ပိုင် ကား ၂နှစ်
အငှားကား ၁နှစ်
လိုက်ထရပ် / PickUp များ အတွက် ၁နှစ်
660Cc ခွေးဘီလူးက အင်ဂျင်သေးလို့ ၂နှစ် ။
*** သီလဝါထုတ် Suzuki R - သူ့ ကိုတော့ အင်ဂျင် 660Cc အထက်မို့ ၁နှစ်ပဲ ပေး ။
လူအများ နားလည်မှု အနဲငယ် လွဲနေတာက သက်တမ်းလွန် ကားများ တိုးကြတဲ့အခါ
ရောက်ရှိနေ့ကနေ သတ်မှတ်ထားတဲ့ သက်တမ်း ၁ / ၂ နှစ် ပေးခြင်း မဟုတ်
သက်တမ်း လွန်ထားသမျှ ဒိုင်စားပြီး လက်ကျန် လတွေပဲ ရမှာပါ ။
ပက်ပက်စက်စက် သက်တမ်းလွန်ထားတဲ့ ကားဆိုပါက ၂နှစ်စာ သက်တမ်းတိုး
လိုက်သော်လည်း လက်ကျန်လ ၄ လပဲ ကျန်ပါက မကြာခင် ကာလမှာ ထပ်တိုးပေးရဦးမှာ ။
---
သက်တမ်းကုန်လ မကုန်ခင် ရက်၉၀ ကြိုတိုး ရနေတော့ နောက်၁လ အကြာမှာ
ပြန်တိုးရဦးမယ့် သဘောပါ ။
---
1300 Cc လို့ အလွယ်ပြောကြတဲ့ ကားလေးတွေမှာလည်း
Toyota Vitz / Belta နဲ့ Honda Fit စည်ပင်ခွန် မတူကြပြန်ဘူး ။
Fit က ပိုကြီးလို့တဲ့ ။
သိချင်ရင် ကိုယ့်ဝှီးတက် နောက်လှန်ကြည့်ကြ ။
အင်ဂျင် Cc လည်း ပါတယ် ။
လိုင်စင် သက်တမ်းလည်း ပါတယ် ။
--
Remark !
သက်တမ်းလွန် ဒဏ်
၁နှစ် =7500Ks .
Crd U Thet Win
Credit ( ဥပဒေရေးရာ )
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...