ကျွန်မက တိုက်ခန်း တစ်ခန်းကို ရောင်းပေါင် စာချုပ်ချုပ်ပြီး ငွေချေးခဲ့ ပါတယ်

ကျွန်မက တိုက်ခန်း တစ်ခန်းကို ရောင်းပေါင် စာချုပ် ချုပ်ပြီး ငွေချေးခဲ့ ပါတယ်

ဒါပေမဲ့ မြေရှင်နှင့် ကန်ထရိုက် က ပေါင်ထားတဲ့ အခန်းကို ပိုင်ဆိုင်မှု စာချုပ် အသစ်တွေ လုပ်ပြီး

ပြန်မရွေး တော့တဲ့ အတွက် ငွေလည်း ဆုံး ၊ ပစ္စည်းလဲ ဆုံး ဆိုသလို ဖြစ်နေ ပါတယ် ။ 

ဥပဒေအရ အကာအကွယ် ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို  အကြံဉာဏ် တောင်းခံ ပါရစေရှင် ။

 

=======================

 

အဲ့ဒီမှာ အရေးကြီး တာက ကိုယ်က အဝယ်ပြ လိုက်တာ ကိုး ။

အမှန် ကတော့ ငွေချေး လိုက်တာ ။ ဒါကို တိုက်ခန်း ကို အဝယ်ပြတာ ။

အဝယ်ပြလို့ တကယ် ဝယ်တယ် ဆိုရင် မြေရှင်က လက်မှတ်ထိုး ရတယ်လေ ။ 

မြေရှင်ရဲ့ အသိ အမှတ်ပြုမူ လိုအပ်တယ် ။ ပြီးတော့ လည်း မြေရှင်ကို လခပေး ရတယ် ။

ပေးတော့မှ မြေရှင်က ကိုယ့်နာမည်နဲ့ ပြေစာပေးတာကိုး။

ဒီတော့မှ ကိုယ်က ဒီတိုက်ခန်းကို ဝယ်ထားတယ် ၊ ငှားထား တယ် ဆိုတဲ့ အချက်ဟာ ပေါ် လွင် တာပေါ့ ။ 

သူက ဝယ်တော့ ဝယ်ထားတယ် ..အဝယ်တော့ ပြထားတယ်.. မြေရှင် အသိမှတ် မပြုဘူး ။

နောက် တစ်ခါ မြေရှင်ကိုလည်း လခ မပေးဘူး ဆိုရင် .. ဒါက တကယ်ဝယ်တဲ့ သဘော မသက် ရောက်တော့ဘူး ။

  1. ဟန်ဆောင်ဝယ်တဲ့ သဘော သက်ရောက် နေတယ် ။ အဲ့ဒီလို ပြဿနာ တွေက အများကြီးပဲ ။ 

ဒါကြောင့် မြေရှင်နဲ့ ကန်ထရိုက်တာက သူ့ဖာသာသူ နာမည်တွေ ပြောင်းပြီး 

ရောင်းလိုက်တယ် ဆိုတော့ ရောင်းလို့ ရတာပေါ့ ။ 

 

ဘာဖြစ်လို့လဲ ဆိုရင်.. မြေရှင်ကိုမှ လက်မှတ် ထိုးခိုင်း ထားတာ မရှိပဲ ။ 

သူဝယ်တဲ့ စာချုပ်မှာ မြေရှင်ကသာ ထိုးထား ရင် မြေရှင်က နောက်လူကို ရောင်းလို့မရတော့ဘူး ။

ဒီမှာရောင်းထားပြီးသား ။ နောက်လူကို သူရောင်းလို့ မရတော့ ဘူးလေ ။ 

အဲဒါက ငွေထုတ် ပေးပြီးတော့ ဒီလို ရောင်းပေါင် လုပ်တဲ့ လူတွေရဲ့  အားနည်း ချက်ပဲ ။ 

အဲဒီအား နည်းချက်ကြောင့် မြေရှင်လည်း သူဝယ် ထားတဲ့ စာချုပ်မှာ လက်မှတ် မထိုးဘူး ။

မြေရှင် ကိုလည်း သူက ဝယ်ပြီးတော့ နေတဲ့ ကာလတွေမှာ လခ  မပေးဘူး ဆိုတော့ .. 

သူက ဟန်ဆောင် ဝယ်ထားတဲ့ စာချုပ် အနေနဲ့ သာ ဖြစ်တဲ့အတွက်

ဒီစာချုပ်ကို အခြေပြုပြီး အခန်းရဖို့ ဆိုတဲ့ အခြေအနေ အားဖြင့်တော့ မပေးဘူးဆိုတာ ဖြေကြား ချင်ပါတယ် ။

 

#DVBlawlab #DVBtvnews #ပေါင်နှံခြင်း

 

ဖြေဆိုသူ ဆရာဦး ကျော်ဇေယျ

 

( ကူးယူဖော် ပြပါသည် ။ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate